၅၄။ ဤမိန်းမသည် ကျင်ကြီးကို၎င်း၊ ကျင်ငယ်ကို၎င်း၊ သွေးကို၎င်း၊ ပြည်ကို၎င်း စားနေရ၏၊ ဤအကျိုးသည် အဘယ်ကံ၏ အကျိုးနည်း၊ အခါခပ်သိမ်း သွေးပြည်ကို စားနေသော ဤမိန်းမသည် ရှေးဘ၀က အဘယ်အမူကို ပြုခဲ့ဘူးသနည်း။
၅၅။ အသစ်ဖြစ်၍ ကောင်းကုန် နူးညံ့ကုန် စင်ကြယ်သောအဆင်း နူးညံ့သည်အမွေး ရှိကုန်သော အ၀တ်တို့ကို ဤမိန်းမအား ပေးလိုက်ကုန်သည်ရှိသော် ယင်းအ၀တ်တို့သည် သံပြားကဲ့သို့ ဖြစ်ကုန်၏၊ ဤမိန်းမသည် အဘယ်အမူကို ပြုခဲ့သနည်း (ဟု ရဟန်းက မေး၏)။
၅၆-၇။ အရှင်ဘုရား ဤမိန်းမသည် အကျွန်ုပ်၏မယား ဖြစ်ခဲ့ဘူးပါ၏၊ ပေးလှူလေ့ မရှိပါ၊ ၀န်တိုလေ့ ရှိ၏၊ စဉ်းလဲကောက်ကျစ်တတ် ပါ၏၊ ထိုမိန်းမသည် သမဏဗြဟ္မဏတို့အား ပေးလှူသော အကျွန်ုပ်ကို “သင်သည် အခါခပ်သိမ်း မစင်ကြယ်သော ကျင်ကြီးကို၎င်း၊ ကျင်ငယ်ကို၎င်း၊ သွေးကို၎င်း၊ ပြည်ကို၎င်း စားလော့၊ ဤကျင်ကြီး ကျင်ငယ်သွေးပြည်သည် သင့်အား တမလွန်ဘ၀၌ ဖြစ်စေသတည်း၊ သင်၏ အ၀တ်တို့သည်လည်း သံပြားနှင့်အတူ ဖြစ်စေကုန်သတည်း” ဟု ဆဲရေးလည်း ဆဲရေးပါ၏၊ ခြိမ်းချောက်လည်း ခြိမ်းချောက်ပါ၏၊ ထိုမိန်းမသည် ဤသို့သဘောရှိသော မကောင်းမူ (ဒုစရိုက်) ကို ပြုကျင့်ခဲ့သောကြောင့် ဤပြိတ္တာဘုံသို့ ရောက်လာ၍ ကြာမြင့်စွာ (ဤကျင်ကြီး စသည်ကို) စားရ၏ (ဟု လျှောက်၏)။
Friday, 12 August 2011
၉ - မဟာပေသကာရပေတိဝတ္ထု
ကိုးခုမြောက်သော မဟာပေသကာရပေတိဝတ္ထု ပြီး၏။
No comments:
Post a Comment