၁၁၂၀။ (နတ်သား) တာဝတိံသာ နတ်တို့၏ ဥယျာဉ်မြတ်ဖြစ်သော စိတ္တလတာ ဥယျာဉ်သည် မြတ်သည်ဖြစ်၍ ထွန်းလင်း တောက်ပသကဲ့သို့ ထို့အတူ သင်၏ ဤဗိမာန်သည် ကောင်းကင်၌ ထွန်းလင်း တောက်ပလျက် တည်ဘိ၏။
၁၁၂၁။ အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံသော သင်သည် အဘယ်ကုသိုလ်ထူးကို ပြုခဲ့သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် ဤသို့ ထွန်းလင်းတောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောကပဘိသနည်း (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။
၁၁၂၂။ ထိုနတ်သားသည် အသျှင်မာမောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေကြား၏။
၁၁၂၃။ (တန်ခိုးအာနုဘော်ကြီးတော်မူသော အရှင်ရဟန်း) အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဉ်အခါက ဆင်းရဲ၍ မှီခိုရာမရှိသော အထီးကျန် အမူလုပ် ယောက်ျား ဖြစ်ခဲ့ပါ၏၊ အိုမင်းကြီးရင့်သော မိဘတို့ကိုလည်း လုပ်ကျွေးမွေးမြူခဲ့ပါ၏၊ အကျွန်ုပ်သည် သီလရှိကုန်သော ပုဂ္ဂိုလ်တို့ကိုလည်း ချစ်မြတ်နိုးခဲ့ပါ၏၊ အကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ဆွမ်းကို၎င်း၊ အဖျော်ကို၎င်း များမြတ်သော (သင်္ကန်း အစရှိသော) အလှူဒါနကို၎င်း ပေးလှူခဲ့ပါ၏။
၁၁၂၄။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏ (ဟု လျှောက်ထား၏)။
Tuesday, 9 August 2011
၂ - နန္ဒန၀ိမာန၀တ္ထု
ရှေးဦးစွာသော နန္ဒန၀ိမာန၀တ္ထု ပြီး၏။
No comments:
Post a Comment