မြတ်စွာဘုရား ရာဇဂြိုလ်ပြည်သို့ရောက်၍ ၁၅-ရက်လောက်အရ တပို့တွဲလဆန်းစတွင် ပဉ္စ၀ဂ္ဂီငါးတို့တွင် တစ်ဦးအပါအ၀င်ဖြစ်သော ရှင်အဿဇိမထေရ်သည်လည်း ဝေဠုဝန်ကျောင်းတော်မှ ရာဇဂြိုလ်မြို့တွင်းသို့ ဆွမ်းခံကြွတော်မူ၏။ ဥပတိဿပရိဗိုဇ်သည် အဿဇိမထေရ်၏ ကြည်လင်သော အသားအရေ၊ ဣနြေ္ဒတည်ငြိမ်စွာ ဆွမ်းခံကြွတော်မူသည်ကို မြင်ရသဖြင့် တရားထူးရှိသည့် ပုဂ္ဂိုလ်ဖြစ်ကြောင်း ကောင်းစွာ အကဲခတ်မိလေသည်။ အရှင်အဿဇိနောက်သို့ လိုက်သွားကာ ဆွမ်းဘုဉ်းပေးပြီးနောက် “သင်၏ဆရာကား မည်သူပါနည်း၊ အဘယ်တရားကို နှစ်သက်ပါသနည်း” စသည်ဖြင့် မေးလျှောက်ရာ သစ္စာလေးပါးကို ဟောကြားတော်မူသဖြင့် ဥပတိဿ သောတာပန်တည်လေသည်။
ဥပတိဿပရိဗိုဇ်လည်း ကတိအရ သူငယ်ချင်းကောလိတထံ သွား၍ မိမိရရှိသော တရားကို ပြောပြရာ ကောလိတပရိဗိုဇ်လည်း သောတာပန် တည်လေသည်။ ဥပတိဿနှင့် ကောလိတတို့ အချင်းချင်း တိုင်ပင်ကာ မြတ်စွာဘုရားသခင် သီတင်းသုံးရာ ဝေဠုဝန်ကျောင်းတော်သို့ သွား၍ ရဟန်းပြုရန် ဆုံးဖြတ်ကြလေသည်။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
No comments:
Post a Comment