သုတေသနပြုချက်အကြီးကြီး ၄ ခု အရ အက်(စ်)ပရင်းဆေးကို နေ့စဉ် ပမာဏအနည်းငယ် (low dose)စီ သောက်သုံးသူများမှာ အူမကြီးကင်ဆာ (colon Cancer)ဖြင့် သေဆုံးနိုင်ချေကို ၃၅ ရာခိုင်နူန်း အထိ လျော့ချနိုင်ကြောင်း လေ့လာတွေ့ရှိရပေသည်။
ယခုဆေးကို လေ့လာမူက ရရှိသော အကျိုးရလဒ်ထူးအပြင် အခြားဆေးတစ်မျိုးဖြစ်သည့် ဆီးချိုရောဂါကုဆေးမဖော်ခင် (metformin)ကလည်း အဆုပ်အူမကြီး ကင်ဆာဖြစ်ပွားမူများကို ကာကွယ်နိုင်ကြောင်း တွေ့ရှိရ၏။
အထက်ဖော်ပြပါ ဆေးနှစ်မျိုးစလုံးရောင်ရမ်းခြင်းကို လျော့ကျစေပါသည်။ ရောင်ရမ်းခြင်းက ကင်ဆာရောဂါနှင့် ဆက်စပ်မူရှိနေပါသည်။ ဆေးနှစ်မျိုးစလုံးတွင် ပြင်းထန်သော ဘေးထွက်သက်ရောက်မူများ ရှိနေသဖြင့် ကင်ဆာရောဂါအား ကာကွယ်ရန် သက်သက်အတွက် သောက်သုံးရန် သင့်မသင့်ကို ပြောရန် အချိန်စောလွန်းပါသေးသည်။ သို့သော် အကြောင်းတစ်ခုခုကြောင့် ယင်းဆေးများကို သောက်နေရသူများအတွက်တော့ အထူးအကျိုးကျေးဇူးရှိလှပါသည်ဟု ဆိုနိုင်ပါသည်။
ယနေ့ခေတ် သုတေသနပညာရှင်များက ယင်းဆေးနှစ်မျိုး၏ အကျိုးနှင့်အပြစ်ကို မည်သည်က အားသာမူရှိကြောင်း လေ့လာနေကြဆဲဖြစ်ပါသည်။
Friday, 21 October 2011
နေ့စဉ် အက်(စ်)ပရင် (Aspirin) သောက်သုံးခြင်းက “ကင်ဆာ” အားကာကွယ်နိုင်
ဒေါက်တာဇော်သန်း (HEALTH CARE JOURNAL)
No comments:
Post a Comment