ရုပ်ရှင်သရုပ်ဆောင်များဖြစ်ကြသော မင်းသားပြေတီဦးနှင့် မင်းသမီးအိန္ဒြာကျော်ဇင်တို့၏ သမီးဦးရတနာလေးကို ဝိတိုရိယအထွေထွေ ရောဂါကုဆေးရုံကြီးတွင် သားဖွားနှင့် မီးယပ် အထူးကုဒေါက်တာ မေသူမျိုးညွန့်၊ ကလေးအထူးကုပါမောက္ခဒေါ်အေးအေးသိန်း၊ မေ့ဆေးဆရာဝန်ကြီး ဒေါက်တာဒေါ်တင်မေ ဦးနှင့်အဖွဲ့တို့က ၁၄-၁ဝ-၂ဝ၁၁ မှာ မွေးဖွား သန့်စင် ခဲ့ပါသည်။
ထို့အပြင် ကိုပြေတီဦးနှင့် မအိန္ဒြာကျော်ဇင်တို့၏ဆန္ဒအရ ဝိတိုရိယ အထွေထွေရောဂါကု ဆေးရုံကြီးမှ ဆောင်ရွက် လျက်ရှိသော Stem Cell သိုလှောင်ခြင်း လည်းပြုလုပ်ခဲ့ပါသည်။
ထိုStem Cell သို လှောင်ခြင်း ဆိုသည် မှာ ကလေး မွေးဖွားစဉ် မိခင် ၏အချင်း မှ သွေးStem Cell ထုတ်ယူ၍ ပေး ထားခြင်းဖြစ်ပါသည်။ ၄င်းStem Cell သိမ်းဆည်းထားခြင်းဖြင့် မွေး ဖွားလာသော ကလေးအတွက် နောင်ဖြစ်ပေါ်လာနိုင်မည့် ရောဂါပေါင်း ၈ဝ ကျော်အား ကုသပေးနိုင် မည့် အပြင် မိဘနှစ်ပါးနှင့် မောင်နှမသား ချင်းများအတွက်ကိုပါ အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။ ထိုကဲ့သို့ အချင်းမှ သွေးယူရာတွင် မိခင်ရောကလေးပါ ဘေးဥပဒ်တစ်စုံ တစ်ရာ မရှိဘဲနှင့် နှစ်ပေါင်း ၂ဝ ကျော် သိုလှောင်သိမ်းဆည်းနိုင်ပြီး အကျိုးကျေးဇူး ကောင်းများစွာ ရရှိနိုင်သည်။
ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့မှ ထို Stem Cell သိုလှောင်ခြင်းအား အထူးစိတ်ဝင်စားလျက်ရှိခဲ့ပြီး အသေးစိတ်သေချာလေ့လာခဲ့ပြီးမှ ထိုသို့ပြုလုပ်နိုင်ရန်အတွက် ၀ိတိုရိယအထွေထွေရောဂါကု ဆေးရုံကြီးနှင့် ညှိနိုင်းတိုင်ပင်ကာ လာရောက်မွေးဖွားခဲ့ခြင်းဖြစ်ပါသည်။
(HEALTH CARE JOURNAL)
No comments:
Post a Comment