Tuesday, 4 October 2011

ခြေကျိုးတဲ့မြင်း - (အတွေးအမြင်ပုံပြင်)

ကျွဲမတစ်ယောက် လမ်လျှောက်နေရင်း ကျောက်ခဲတစ်လုံးကို ခလုတ်တိုက်မိတယ်။

“ဖွဟဲ့၊ လွဲပါစေဖယ်ပါစေ”

“ဘာဖြစ်နေတာလဲ”လို့ ကိုကောက်က မေးတယ်။

“ဒီနေ့ဘာနိမိတ်တွေပြနေသလဲမသိဘူး၊ မျက်ခုံးတွေလဲ တဆတ်ဆတ်လူပ်နေတယ်”

ကျွဲမက ပြန်ဖြေပါတယ်။

“ဥပါဒါန်ကြောင့် ဥပဒ်ရောက်နေဦးမယ်၊ အစွဲအလမ်းမထားနဲ့” ဆိုပြီး ကိုကောက်ကပြောတယ်။

“ကျွဲမကို ခြေထောက်ကျိုးတာ အိပ်မက်မက်တဲ့မြင်းအကြောင်း ပုံပြင်ပြောမယ်”လို့ ရွှီးကဆိုတယ်။

အားလုံးက သူ့ပုံပြင်ကို နားစွင့်နေတယ်။

“တစ်ခါက မြင်းတစ်ကောင် အိပ်မက်မက်သတဲ့၊ အိပ်မက်ထဲမှာ မတော်တဆမူတစ်ခုဖြစ်ပြီး သူ့ခြေတစ်ဖက်ကျိုးသွားတာတဲ့၊ အိပ်ရာက နိုးလာချိန်မှာ မြင်းဟာသူ့ခြေထောက်နာနေတယ်လို့ ထင်နေတာ”

“ကြံကြံဖန်ဖန်ကွာ”

“ဘာမှဖြစ်တာတော့မဟုတ်ဘူး၊ သူ့အိပ်မက်ကတော့ သူ့စိတ်မှာ အကြီးအကျယ်လွှမ်းမိုးနေတော့တာ၊ မတ်တပ်ရပ်တဲ့အခါတောင်မှ မြင်းက ခြေသုံးချောင်း ထောက်ပဲရပ်တယ်”

“ကြံကြံဖန်ဖန်ကွာ”

“သူစတုတ္ထခြေထောက်ကို ခပ်ဖွဖွထောက်ပြီး ထော့နဲ့ထော့နဲ့ လျှောက်သတဲ့၊ မြင်းပိုင်ရှင်က မြင်းကို အသားကျ ခပ်ရွရွစီးလို့မရဘူး၊ စိတ်ထဲမှာ ဇဝေဇ၀ါနဲ့ စိတ်ရူပ်ထွေးလာတာနဲ့ တိရစ္ဆာန်ကုဆရာဝန်နဲ့ ပြတာပေါ့”

“ဖြစ်ရမယ်လေ”

“ဆရာဝန်က စစ်ဆေးကြည့်ပြီးနောက် ဒီမြင်းဟာ ကျန်းမာသန်စွမ်းပါတယ်၊ ဘာချွတ်ယွင်းချက်မျှ မရှိပါဘူး၊ မကျန်းမာတာ၊ ထိခိုက် အနာတရရှိတာ မတွေ့ဘူး၊ တွေ့ရတာတစ်ခုပဲရှိတယ်၊ မြင်းမှာထော့နဲ့ ထော့နဲ့ ခြေတစ်ဖက်ရှိနေတယ်၊ လမ်းကောင်းကောင်းမလျှောက်ဘူး၊ ဖြစ်နိုင်တာကတေ့ သူ့ခြေကျိုးတယ်လို့ အိပ်မက်မက်ပုံရတယ်တဲ့”

“ဖြစ်ရမယ်လေ”

“တိရစ္ဆာန်ကုဆရာဝန်က ကျွမ်းကျင်ပညာရှင်တစ်ယောက်ဆိုတော့ အစီအစဉ်တစ်ခုဆွဲတယ်၊ မြင်းအကောင် ၂၀၀ကို တာလွှတ်ဖို့လုပ်ပါ၊ သေနတ်တွေဖောက်ပြီး မြင်းတွေပြေးတဲ့အခါ အဲဒီမြင်းဟာ အိပ်မက်က နိုးပါလိမ့်မယ်လို့ အကြံပေးတယ်”

“တယ် ဟုတ်ပါလား”

“တို့လဲ အဲဒီမြင်လိုပဲ၊ အတိတ်နမိတ်တွေ၊ သူများပြောစကားတွေကို ယုံကြည်စွဲလမ်းပြီး အလုပ်မဖြစ်ဘဲ နှောင့်နှေးနေရတာမျိုး ရှိတတ်တယ်ပေါ့ကွာ”

“မှန်ပါ့ မှန်ပါ့”

ဖေလင်းသစ်

No comments:

Post a Comment