
ကမ္ဘာပေါ်တွင် အမြင်အာရုံချို့တဲ့နေသူ ၃၁၄ သန်းရှိနေပြီး မျက်စိကွယ်သူပေါင်း ၄၅သန်းရှိနေကြောင်း၊ မျက်စိကွယ်သူ ၄၅ သန်းအနက် ၈၀ ရာခိုင်နူန်းမှာ ကာကွယ်ကုသ၍ ရသောရောဂါများဖြစ်ပြီး ၉၀ရာခိုင်နူန်းသော မျက်စိကွယ်သူများသည် မြန်မာနိုင်ငံအပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြစ်ကြောင်း ၂၀၁၁-ခုနှစ်ကမ္ဘာမျက်မမြင် ပပျောက်ရေးနေ့ အထိမ်းအမှတ်ဖွင့်ပွဲ အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်မှ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် မျက်စိကွယ်ခြင်းကိုဖြစ်စေသော အဖြစ်အများဆုံးမျက်စိ ရောဂါသည် အတွင်းတိမ်ကြောင့်ဖြစ်ကြောင်း၊ အတွင်းတိမ်ကြောင့် မျက်စိကွယ်သည့်နူန်းသည် မြန်မာနိုင်ငံတွင် နှစ်သိန်းကျော်ရှိကြောင်းဝန်ကြီးမှ ဆက်လက်ပြောကြားခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်မူကုသိုလ်ရှင် ပြည်သူလူထု၏ ပံ့ပိုးလှူဒါန်းမူများကြောင့် အတွင်းတိမ်ခွဲစိတ်မူများကို အခမဲ့ဆောင်ရွက်ပေးလျှက်ရှိပြီး လူတိုင်းအသက်ကြီးလာသည်နှင့်အမျှ အတွင်းတိမ် ဖြစ်လာတတ်သည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနသည် အတွင်းတိမ်ခွဲစိတ်ခြင်းကို ပြည်သူ့မျက်စိကျန်းမာရေး စောင့်ရှောက်မူ လုပ်ငန်းတစ်ခုအနေဖြင့် အရှိန်ဟုတ်မြှင့် ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း သိရသည်။
No comments:
Post a Comment