Thursday, 27 October 2011

နှလုံးနှင့် ကိုယ်ခန္ဓာကျန်းမာရေး

http://www.viscoimages.com/photo/123783-Student-guy-eating-an-apple.jpghttp://www.answerfitness.com/wp-content/uploads/Fit_Woman_With_Apple_2.jpg

ခန္ဓာကိုယ်ရှိ အဆီပိုများလျော့ကျစေရန် ကိုယ်ခံအားကို တိုးပွားစေကာ နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုနိုင်သော အစားအစာအချို့ကို ဖော်ပြလိုက်ပါသည်။

၁။ ပန်းသီး
ပန်းသီးကို တစ်နေ့တစ်လုံး ပုံမှန်စားသုံးခြင်းဖြင့် ခန္ဓာကိုယ်ကို ဥပါဒ်ပေးနိုင်သော အဆီများကို ၂၃ရာခိုင်နူန်းခန့် လျော့ချနိုင်သည်။ တစ်နှစ်ခန့်ပုံမှန်စားသံးသော သူများတွင် အစားမဆင်ခြင်သည့်တိုင် ကိုယ်အလေးချိန်တဖြည်းဖြည်း လျော့ကျနေကြောင်း လေ့လာတွေ့ရှိရသည်။

၂။ အမြစ်များ
မုံလာဥနီ၊ အာလူး၊ ပိန်းဥနှင့် ကန်စွန်းဥတို့သည် ကိုယ်ခံအားကိုတိုးမြှင့်စေမည် ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝကြသည်။ အရသာလည်းရှိ၍ အာဟာရလည်း ကြွယ်ဝသော ၎င်းအစားအစာများသည် သာမန်လူများအတွက် ကောင်းမွန်သော်လည်း အဆစ်နာရောဂါ ရှိသူများအတွက်မူ မသင့်တော်ပေ။

၃။ သစ်တော်သီး
အခြားအရည်ရွှမ်းသော အသီးအနှံများကဲ့သို့ပင် သစ်တော်သီးများသည်လည်း ဗီတာမင်ကြွယ်ဝရုံမျှမက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မူကိုလည်း ကာကွယ်ပေးသည်။ အစိမ်းထက် သစ်တော်သီးအမှည့်က ဗီတာမင်ပါဝင်မူ ပိုများသည်။ အမျှင်ဓာတ်လည်း များသောကြောင့် အူမကြီးနှင့် နှလုံးကျန်းမာရေးအတွက် များစွာ အထောက်အကူပြုလေသည်။


No comments:

Post a Comment