Sunday, 6 November 2011

ဓမ္မာနုပဿနာသတိပဋ္ဌာန်း ရူမှတ်ပွားများပုံ

နီဝရဏကို မှတ်သိခြင်း


ဝတ္ထုအာရုံ ကာမဂုဏ်ကို လိုချင်တောင့်တမူ၊ သာယာနှစ်သက်မူ၊ တပ်မက်ချစ်ခင်မူ (ကာမစ္ဆန္ဒနီဝရဏ) ဖြစ်ပေါ်လာလျှင် ဖြစ်ပေါ်ခိုက်၌ “လိုချင်တောင့်တသည်၊ သာယာနှစ်သက်သည်၊ တပ်မက်ချစ်ခင်သည်”ဟု ရူမှတ်၍သိရမည်။ ထို့ပြင် စိတ်ဆိုးမူ၊ စိတ်ပျက်မူ၊ မုန်းမူ၊ ညှင်းဆဲလိုမူ၊ သေကျေပျက်စီးလိုမူ(ဗျာပါဒနီဝရဏ)၊ ထိုင်းမိုင်းမူ၊ ပျင်းရိမူ၊ အားလျော့မူ(ထိနမိဒ္ဓနီဝရဏ)၊ စိတ်ပျံ့လွင့်မူ၊ နောင်တပူပန်မူ(ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ)၊ တရားအားလုံးကို သိမြင်သည့် မြတ်စွာဘုရား၊ မဂ်ဖိုလ် နိဗ္ဗာန်တရားနှင့် ထိုမဂ် ဖိုလ် နိဗ္ဗာန်ကိုရသည့် သံဃာဆိုသည်မှာ ရှိမှ ရှိ၏လော၊ အကြောင်းတရားကြောင့် အကျှိုးတရားဖြစ်မူမျှသာရှိ၏၊ ပုဂ္ဂိုလ် သတ္တ၀ါ ငါကောင် သူကောင်မရှိ ဆိုသည်မှာ ဟုတ်မှ ဟုတ်ပါ၏လော၊ အစရှိသည်ဖြင့် ယုံမှားတွေးတောမူ(၀ိစိကိစ္ဆာနီဝရဏ)များ ဖြစ်ပေါ်လာတိုင်းလည်း ဖြစ်ပေါ်ခိုက်၌ “ထိုတရားဆိုးများ ဖြစ်နေသည်”ဟု ရူမှတ်၍ သိနေရမည်၊ ထိုကာမစ္ဆန္ဒ အစရှိသော တရားဆိုးများ ငြိမ်းအေးသွားသည့်အခါတွင်လည်း “ကာမစ္ဆန္ဒ စသည်တို့ မရှိကြတော့ပြီ”ဟု သိနေရမည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment