Friday, 25 November 2011

ဝဋ် (၃) ပါး

ပါဠိလို ၀ဋ္ဋကို မြန်မာလု ၀ဋ်ဟုခေါ်သည်။ ၀ဋ္ဋသဒ္ဒါသည် လှည်းဘီး၊ စက်ဘီးများ ချာချာလည်သကဲ့သို့ လည်ပတ်ခြင်းဟု အနက်အဓိပ္ပါယ်ရသည်။ ထို့ကြောင့် အကြောင်းပြီးလျှင်အကျိုး၊ အကျိုးပြီးလျှင်အကြောင်းဟု အကြောင်းအကျိုးမပြတ်ဘဲ ဆက်စပ်လည်ပတ်နေသော ပဋိစ္စသမုပ္ပါဒ်တရားများကို ပါဠိလို ၀ဋ္ဋ၊ မြန်မာလို ၀ဋ်ဟုခေါ်ပါသည်။ ထို ပဋိစ္စသမုပ္ပါဒ်အင်္ဂါ (၁၂)ပါးကို ၀ဋ်အားဖြင့် ခွဲခြားလျှင် -

(၁) ကိလေသ၀ဋ်

(၂) ကမ္မ၀ဋ်

(၃) ၀ိပါက၀ဋ် - ဟူ၍ သုံးမျိုးရသည်။

ထိုသုံးပါးမှာ -

(၁) အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်ဟူသော ကိလေသ၀ဋ်၊

(၂) သင်္ခါရ၊ ကမ္မဘ၀ဟူသော ကမ္မ၀ဋ်၊

(၃) ၀ိညာဉ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဥပပတ္တိဘ၀၊ ဇာတိ၊ ဇရာ၊ မရဏ ဟူ ၀ိပါက၀ဋ်တို့ဖြစ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment