Sunday, 6 November 2011

သမ္မသနဉာဏ်

ထိုတွင် ရုပ်နာမ်တရားတို့ကို အနိစ္စ(မမြဲ)၊ ဒုက္ခ(ဆင်းရဲ)၊ အနတ္တ(အတ္တမဟုတ်)ဟု ဆင်ခြင်သုံးသပ်တတ်သော ဉာဏ်ကို သမ္မသနဉာဏ်ဟု ခေါ်သည်၊ ဤဉာဏ်ဖြစ်ပေါ်မှ ရုပ်နာမ်တရား တို့ကို အနိစ္စ ဒုက္ခ အနတ္တလက္ခဏာသို့(လက္ခဏာယာဉ် သုံးပါးသို့) တင်၍ ဆင်ခြင်သုံးသပ်နိုင်သည်။

ဤသမ္မသနဉာဏ်ဖြင့် သုံးသပ်နည်းသည် (၄)မျိုးရှိ၏၊ ယင်းတို့မှာ -

(၁) ကလာပသမ္မသနနည်း၊

(၂) အဒ္ဓါသမ္မသနနည်း၊

(၃) သန္တတိသမ္မသနနည်း၊

(၄) ခဏသမ္မသနနည်း တို့ဖြစ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment