ဓမ္မသင်္ဂဏီကျမ်း၊ ၀ိဘင်းကျမ်းတို့၌ ဟောကြားအပ်ပြီးသော ကုသိုလ်၊ အကုသိုလ်၊ အဗျာကတရားများကို ရေတွက်ရသော ခန္ဓာ၊ အာယတန၊ ဓာတ်တရားများ(သင်္ဂဟော)၊ မရေတွက်ရသော ခန္ဓာ၊ အာယတန၊ ဓာတ်တရားများ (အသင်္ဂဟော) စသည်ဖြင့် အခန်းကဏ္ဍ(၁၄)မျိုးတို့ဖြင့် အဆင့်ဆင့် ချဲ့ထွင်းပြဆိုရာဖြစ်သော ကျမ်းသည် ဓာတ်တုကထာကျမ်းမည်၏။ (ဓာတု=ခန္ဓာ)၊ အာယတန၊ ဓာတ်တို့ကို+ကထာ=ပြဆိုခြင်း)
ဤ ဓာတုကထာကျမ်း၌ သင်္ဂဟော၊ အသင်္ဂဟော စသော (၁၄)ပါးသော နည်းတို့ဖြင့် စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဟူသော ပရမတ္ထတရားများကိုပင် ဟောပြသည်။
ထို့ကြောင့် ဤဓာတုကထာကျမ်းကိုလည်း ပရမတ္ထသစ္စာဖြင့် အကျယ်ဝေဖန်၍ ဟောတော်မူသည့် ကျမ်းဟုပင် ဆိုသင့်ပေသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
No comments:
Post a Comment