ကန္ဒီမြို့သည် သီဟိုဠ်ကျွန်း၏ ရှေးဟောင်းမြို့တော် ဖြစ်သည်။ ဂေါတမမြတ်စွာဘုရား၏ စွယ်တော်တိုက်ရှိပြီး DALADA MALIGAWA လက်ဖက်ခြံများဖြင့် ၀ိုင်းရံနေကာ အလွန်လှပသော ပန်းဥယျာဉ်များ၊ ဘုရားပုထိုး၊ တန်ဆောင်များရှိသဖြင့် ထင်ရှားကျော်ကြားသော မြို့တစ်မြို့ဖြစ်၍ နှစ်စဉ် ခရီးသည်ပေါင်းများစွာ လာရောက်လေ့ရှိသည်။
ကန္ဒီမြို့မှာ ပင်လယ်ပြင်မှ ပေပေါင်း ၁၆၀၂ ပေမြင့်သော ကုန်းပြင်၌ တည်ရှိသည်။ မြို့အနီးတွင် လှပသည့် ရေကန်ကြီးရှိသည်။ ကိုလံဘိုမြို့မှ အရှေ့မြောက်ဘက် ၇၅ မိုင် ကွာဝေးသည်။
ကမ္ဘာဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ပြုရာ စွယ်တော်တိုက်မှာ ဒါလဒမာဂိဂ၀ ကျောင်းတော်ကြီးတွင် တည်ရှိ၍ နှစ်စဉ်ကမ္ဘာအရပ်ရပ်မှ လာရောက်ဖူးမြော်ကြသည်။ ကမ္ဘာအရပ်ရပ်မှ ပါဠိနှင့် သက္ကဋဘာသာ လာရောက် သင်ကြားသူများလည်း အလွန်ပေါများသည်။
မြို့နှင့် ၃မိုင်ကွာ ပါရဒနိယအရပ်တွင် လှပသော ကမ္ဘာကျော်ပန်းခြံကြီး တည်ရှိသည်။
၁၆ ရာစုနှစ်က ပေါ်တူကီလူမျိုးများ သိမ်းပိုက်ခဲ့၍ ၁၈ရာစုနှစ်အတွင်း ဒတ်ခ်ျလူမျိုးများ သိမ်းပိုက်ခဲ့ဘူးပြီး ၁၈၁၅ ခုနှစ်တွင် ဗြိတိသျှတို့က သိမ်းယူသည်။
မြန်မာ့လွတ်လပ်ရေးသမိုင်းတွင် ဒုတိယကမ္ဘာစစ်ပြီးသည့်နောက် မြန်မာ့တပ်မတော် တည်မြဲရေးအတွက် အင်္ဂလိပ်ဘက်မှ လော့မောင်ဘက်တန်အဖွဲ့နှင့် မြန်မာဘက်မှ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော အဖွဲ့တို့ ထိုမြို့တွင် တွေ့ဆုံဆွေးနွေးရာမှ ကန္ဒီိစာချုပ် ပေါ်ပေါက်ခဲ့သည်။
(၁) လက်ဝဲအောက် ဓာတ်စွယ်တော်မြတ်အပြင်
(၂) ဂင်္ဂါမြစ်အနီး၌ တည်ရှိသည့် ဂင်္ဂါရာမ ရုပ်ပွားတော်ဘုရား
(၃) ကန္ဒီမြို့၏ အရှေ့တောင်ဘက် ယွန်းယွန်း(၁၈) မိုင်ခန့်အကွာ Hanguranketa ဟန်ဂုရန် ကေတရွာ၌ ကတ္တိသီရိရာဇသီဟဘုရင်သည် စွယ်တော်မြတ်ကို ပင့်ဆောင်ကာ ပုန်းအောင်းခဲ့ဖူး၍ ထိုဌာနသို့လည်း သွားလေ့ရှိကြသည်။ ၎င်းဌာန၌ ပရိဝေဏနှင့် ဘုရားတိုက်ရှိသည်။
(၄) လံကာတိလက ဘုရားကျောင်းတော် - ဂင်္ဂါသီရိပူရမြို့ခေါ် ယခု ဂမ္ပေါလမြို့တွင်(၁၃၄၇) ခုနှစ်၌ မင်းဖြစ်သည့် စတုတ္ထဘုဝနေက ဗာဟုမင်း စိုးစံခဲ့စဉ်က တည်ဆောက်ခဲ့သော ကုသိုလ်တော်ဖြစ်သည်။ မန္တလေးရွှေကျီးမြင့်ဘုရားတိုက်ကဲ့သို့ နန်းစဉ်ကိုးကွယ်ခဲ့ကြသည့် ဘုရားများလည်းရှိ၏။ ကန္ဒီမြို့မှ (၉)မိုင် ကွာဝေးသည်။
(၅) ကဋလ၀ဒနိယဘုရားကျောင်း၊ ၎င်းမင်းပင် ကျောက်ကို သစ်သားတမျှ တအံ့တသြ တည်ဆောက်ခဲ့သည် ကျောက်တိုက်၊ လံကာဘိလကနှင် (၁) မိုင်ဝေး၏။
ဆောင်းအချိန်မှာ ဆီးနှင်းများဖြင့် ပိတ်ဆိုင်းနေတတ်သည်။ ဗုဒ္ဓမြတ်စွယ်တော်ရှိရာ ကန္ဒီမြို့ကလေး ဖြစ်သည်။ တောင်စခန်းမြို့ကလေးဖြစ်၍ လွန်စွာသာယာလှပါသည်။
ဆရာဝန်တင်ရွှေ၊ ဒေါ်အေးသန့် ဗုဒ္ဓ၏ မြတ်စွယ်တော်များ စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
No comments:
Post a Comment