Thursday, 1 March 2012

ထွက်လေ ပိုနွေးလာတာသိ


ဝင်လေဟာ ၀င်သွားပြီး ပြန်ထွက်လာတဲ့အခါကျရင် နည်းနည်းလေးပိုပြီး နွေးလာတယ်ဆိုတာကို သတိထားမိကြပါလိမ့်မယ်။ ထွက်လေတိုင်းဟာလဲ ၀င်လေထက် နည်းနည်းပိုပြီး နွေးနွေးလာပါတယ်။ ဒါဟာသဘာဝပါပဲ။

ကိုယ်အတွင်းက အပူရှိန်က ပတ်ဝန်းကျင်က အပူရှိန်ထက် ပိုနွေးတော့ အဲဒီလေဟာ ကိုယ့်ရဲ့ အပူရှိန်နဲ့ထိတွေ့ပြီး ပြန်ထွက်လာတဲ့အချိန်မှာ နည်းနည်း ကလေးငွေ့ငွေ့ကလေး ပိုနွေးတာပေါ့။ အရင်က တစ်ခါမှဒါကို သတိမထားမိပါဘူး။ ဂရုလည်း မစိုက်မိပါဘူး။ အခုတော့ တရားစထိုင်တော့ ယောဂီကိုယ်တွေ့ ခံစာသိရှိရပါပြီ။ တကယ်အမှန် ဖြစ်ပျက်နေတာပါပဲ။

နောက်ပြီးတော့လဲ ၀င်လေထွက်လေနဲ့ ဘာမှမဆိုင်တဲ့ဟာတွေလည်း သဘာဝတရားတွေလည်း ဖြစ်ပျက် နေကြပါသေးတယ်။ ဒီသုံးထောင့် နေရာလေးမှာ တစ်ချိန်လုံး၊ မရပ်မနား တခြားဘာတွေ ဖြစ်ပျက်နေကြပါသေးလဲ။ ဒီနေရာကလေးတင် မဟုတ်ပါဘူး။ ကိုယ်ခန္ဓာတစ်ခုလုံးမှာလဲ မရပ်မနား တစ်ချိန်လုံး ဖြစ်ပျက်နေကြတာပါပဲ။

ကိုယ်ခန္ဓာအတွင်းမှာရှိတဲ့ အင်မတန် သေးငယ်တဲ့ ရုပ်ကလာပ်မူန်မွှားလေးတွေတိုင်းမှာလဲ ဒီအတိုင်းပါပဲ။ တစ်ခဏတိုင်း တစ်ခဏတိုင်းမှာ ဇီဝဓာတု တုံ့ပြန်မူတွေ ပြောင်းလဲမူတွေလဲ တလစပ် တစ်ကိုယ်လုံးမှာ ဖြစ်ပျက်နေကြပါတာပါပဲ။ ကိုယ်ခန္ဓာအတွင်းမှာရှိတဲ့ အင်မတန်သေးငယ်တဲ့ ရုပ်ကလာပ်မူန်မွှားလေးတွေ တိုင်းမှာလဲ ဒီအတိုင်းပါပဲ။ တစ်ခဏတိုင်း တစ်ခဏတိုင်းမှာ ဇီဝဓာတု တုံ့ပြန်မူတွေ ပြောင်းလဲမူတွေလဲ တလစပ် တစ်ကိုယ်လုံးမှာ ဖြစ်ပျက်နေကြပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment