Monday, 5 March 2012

မေတ္တာဖြင့် နိုးထ၍ နေ့သစ်ကို စတင်ပါ


အရုဏ်ဦးအချိန်ကာလသည် နေ့တစ်နေ့၏ အစဖြစ်၏။ ထိုအချိန်ကာလတွင် ဗုဒ္ဓဘာသာဝင်တစ်ဦးသည် မေတ္တာဖြင့် နိုးထ၍ နေ့တစ်နေ့ကို စတင်သင့်၏။ သတ္တ၀ါမှန်သမျှ ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေဟု မေတ္တာပို့ခြင်းသည် အလွန်မွန်မြတ်သောအလုပ်ဖြစ်၏။ သောကကို မေတ္တာဖြင့် ရူမြင်ခြင်း၊ အကောင်းမြင် အမြင်ဖြင့် စတင်နိုးထခြင်းဖြစ်ပေ၏။

ဘာသာတရားကို ထိန်းသိမ်း၍ သူတော်ကောင်းဘ၀ဖြင့် တစ်နေ့တာ ဆက်လက်ရပ်တည် အသက်ရှင်ခြင်းလည်းမည်၏။ ကုသိုလ်ကောင်းမူတို့၌ မမေ့မလျော့ရခြင်း စသော မင်္ဂလာတရားနှင့်လည်း ညီ၏။

လူ့လောကတွင် စိတ်ထားဖြူစင် ဖြောင့်မတ်မှန်ကန်မှသာ ယုံကြည်မူ အားကောင်းစေမည်ဖြစ်၏။ အကြင်သူသည် အရပ်မျက်နှာတို့ကို ရှိခိုးခြင်း၌ အလိမ္မာရှိ၏။ သီလနှင့် ပြည့်စုံ၏။ သိမ်မွေ့နက်နဲသော ဉာဏ်ပညာရှိ၏။ နှိမ့်ချခြင်းရှိ၏။ ခက်ထန်ခြင်းမရှိ။ ထိုဂုဏ်အင်္ဂါတို့နှင့် ပြည့်စုံသော သူသည် ကျော်စောမူကိုရ၏။ အကြင်သူသည် ချီးမြှောက်တတ်၏။ အဆွေခင်ပွန်းကောင်းကို ရှာတတ်၏။ ကျေးဇူးတရားကို သိတတ်၏။ ၀န်တိုမူမရှိ၊ အကျိုးဆောင်တတ်၏။ ကျိုးကြောင်းပြ၍ ဆုံးမတတ်၏။ ခေါင်းဆောင်တတ်၏။ ထိုသို့ သဘောရှိသူသည် ကျော်စောမူကိုရ၏။

အကြင်သူသည် ဥစ္စာပျက်ပြီး စည်းစိမ်ဥစ္စာတို့၌ တပ်မက်မူကြီးမား၏။ မင်းမျိုး၌လည်း ဖြစ်၏။ ထိုသူသည် မင်းအဖြစ်ကို လိုချင်တောင့်တ၏။ ထိုသူ၏ ထိုအကြောင်းသည် ပျက်စီးဆုတ်ယုတ်ခြင်းကို ဦးတည်၏ဟု မြတ်ဗုဒ္ဓဟောကြားတော်မူသည်။

ရည်ညွှန်း - “ဗုဒ္ဓဘာသာကောင်းတစ်ယောက်” သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန

7DAY NEWS Vol.11, No.1, MARCH 8, 2012

No comments:

Post a Comment