Sunday, 4 March 2012

အမှန်တရားရလဒ်ကိုဆင်ခြင်ခြင်း ...


မေတ္တာကိုပွားများပြီး ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ပုံနည်းလမ်းကတော့ ဒေါသအမုန်းတရားအပေါ် ဆင်ခြင်သုံးသပ်တတ်ဖို့ပဲဖြစ်တယ်။ အဒေါသစေတနာရဲ့ ကောင်းကျိုးပေးမူသဘောတွေအပေါ် နားလည်ဖို့လိုတယ်။ မုချမှန်ကန်ခြင်း သဘောအရ၊ ကံ ကံ၏အကျိုးသဘောတရားအရ၊ ဒီလောကမှာ မုန်းစရာဘာမှမရှိပါလားဆိုတာကို ဆင်ခြင်နားလည်နိုင်စွမ်းရှိဖို့လည်း လိုပါတယ်။

ဒါဆိုရင် မုန်းတီးခြင်း၊ ဒေါသဖြစ်ခြင်းဆိုတာ ပိုပြီးမှောင်မိုက်ခြင်းကို ဖြစ်စေတတ်ပါလား၊ ရူးသွပ်မိုက်မဲခြင်းတစ်မျိုးပါလား၊ အဖြစ်မှန်ကို ပိတ်ပင်ဖျက်ဆီးတတ်တဲ့ တရားပါလားဆိုတာကို ဆင်ခြင်သိမြင်နိုင်ဖို့လိုအပ်တယ်။

အမုန်းတရားက တားဆီးချုပ်ချယ်တယ်။ မေတ္တာက လွတ်မြောက်စေတယ်။ အမုန်းက ထကြွအောင် လူံ့ဆော်တယ်။ မေတ္တာက ငြိမ်သက်အောင် ပြုပြင်တယ်။ အမုန်းတရားဟာ ပူလောင်တယ်။ မေတ္တာက အေးမြစေတယ်။ အမုန်းက ခွဲခြားတယ်။ မေတ္တာက ညီညွတ်အောင် ပေါင်းစည်းစေတယ်။ အဲဒီလိုနည်းတွေအားဖြင့် အမုန်းတရားရဲ့ ရလဒ်ဟာ အပြစ်များပုံကို မှန်ကန်စွာ စဉ်းစားဆင်ခြင်ပြီး မေတ္တာရဲ့ အကျိုးကျေးဇူး များပုံကိုလည်း နှလုံးသွင်းနိုင်ရင် မေတ္တာကိုပွားများသင့်ကြောင်း နားလည် သဘောပေါက်နိုင်မှာ ဖြစ်တယ်။

မြတ်ဗုဒ္ဓက မေတ္တသုတ်မှာ စကြ၀ဠာတစ်ခုလုံးကို လွှမ်းခြုံရစ်ပတ်တဲ့ မေတ္တာဓာတ်ကို ၀ဲယာ၊ ရှေ့နောက်၊ ထက်အောက်၊ အရပ်ဆယ်မျက်နှာသို့ ဖြန့်ကြက်ရာမှာ အမုန်းကင်းစွာ၊ ရန်လိုမူကင်းစွာသာလျှင် ပျံ့နှံ့စေရမယ်လို့ ဟောကြားတော်မူတယ်။

ရည်ညွှန်း - “ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကြတာက” ဆန်းလွင်(ရှင်အာဒိစ္စရံသီ)(၁၉၃၈-၂၀၀၂)

7DAY NEWS Vol.10,N0.37.DECEMBER 1,2011

No comments:

Post a Comment