Wednesday, 7 March 2012

ပဲကတ္တီပါ ချဉ်စပ်မဆလာ (၀ိုက်ဖီ)


ပဲကတ္တီပါချဉ်စပ်မဆလာက ထမင်းနဲ့ စားလိုသူတွေလည်း စားနိုင်သလို အပျော်စာ အဖြစ်လည်း သုံးဆောင်နိုင်တာပါ။ နယ်မြို့တွေမှာ ဆိုရင်တော့ လုပ်အားပေးပွဲတွေ၊ ဘုရားပွဲတွေမှာလာတဲ့ လူတိုင်းကိုရေနွေးကြမ်းလေးနဲ့ တွဲဖက်ဧည့်ခံလေ့ရှိတဲ့ အစားအစာတစ်မျိုးလည်း ဖြစ်ပါတယ်။



လိုအပ်တာတွေကတော့ ပဲကတ္တီပါပြုတ်ပြီးသား ၁၀-ကျပ်သား၊ မန်ကျည်းမှည့်အနှစ် အနည်းငယ်၊ ပျဉ်းတော်သိမ်ရွက် အနည်းငယ်၊ ငရုတ်သီးကြမ်း အနည်းငယ်၊ မဆလာနဲ့ ကြက်သွန်နီတို့ပဲ ဖြစ်ပါတယ်။


အရင်ဆုံး ကြက်သွန်ဖြူနဲ့ ပျဉ်းတော်သိမ်ရွက်ကို ဆီသတ်ပါမယ်။ ပြီးရင် ငရုတ်သီးခွဲကြမ်း၊ မဆလာ၊ ပဲကတ္တီပါပြုတ်တို့ကို အစဉ်လိုက်ထည့်ပြီး နောက်ဆုံးမှ ရေနဲ့ဖျော်ထားတဲ့ မန်ကျည်းသီးအနှစ်ကို ထည့်လိုက်ပါ။ အချဉ်ကို လိုသလောက်ချိန်ဆထည့်ပြီးမှ အငန်အတွက် ဆားထည့်ပြီး အရသာတွေ အားလုံးအနေတော်ဆိုရင် မီးဖိုပေါ်က ချလို့ရပါပြီ။။


ဒါဆိုရင် အရသာပြည့်စုံတဲ့ ပဲကတ္တပါချဉ်စပ်မဆလာကို ရေနွေးကြမ်းလေးနဲ့ တွဲဖက်လို့ နေ့ခင်းနေ့လယ် အဆာပြေ ပြင်ဆင်သုံးဆောင်နိုင်မှာပါ။

No comments:

Post a Comment