Sunday, 18 March 2012

အစိုင်အခဲမရှိ


ဝိပဿနာမျက်စိနဲ့ကြည့်မှ မြင်ရပါလိမ့်မယ်။ ရေဆိုတော့ ရေအစက်လေးတစ်စက်ကို ဆိုလိုတာ မဟုတ်ပါဘူး။ သူတို့ရဲ့ အင်္ဂါလက္ခဏာ သတ္တိကအရေးကြီးတာ ဖြစ်ပါတယ်။ ဓာတ်ကြီးလေးပါးကို ကိုယ်တွေ့ခံစားရတဲ့အခါကျတော့ ရုပ်လက္ခဏာတွေ တစ်ခဏပြီး တစ်ခဏ တစ်ခုမဟုတ်တစ်ခု ပေါ်လွင်စေပြီး ခံစားရတတ်ပါတယ်။


ဒီအချိန်မှာဆိုရင် ကျန်တဲ့ဓာတ်ကြီးတွေက တိမ်ငုတ်ပြီး နေတတ်ပါတယ်။ ဒီအသေးငယ်ဆုံး အဋ္ဌကလာပထဲမှာလည်း သူ့ရဲ့အင်္ဂါ၊ သူ့ရဲ့လက္ခဏာ၊ သူ့ရဲ့သတ္တိများ ရှိပါတယ်။ တရားဆက်ပြီး ထိုင်သွားတဲ့အခါကျတော့ ယောဂီတိုင်းဟာ အမှန်တရားကို ကိုယ်တွေ့လက်တွေ့ ခံစားနိုင်ကြပါလိမ့်မယ်။

ကိုယ်တွေ့ ဘာတွေတွေ့ရှိသလဲ ဆိုတာကတော့ တစ်ကမ္ဘာလုံးမှာ ရှိရှိသမျှ ရုပ်တရားတွေအားလုံး ၀တ္တုပစ္စည်းတွေအားလုံးဟာ အစိုင်အခဲတွေ မဟုတ်ပါဘူး။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment