လက်ရှိ လူဖြစ်လာတဲ့ဘ၀၊ နတ်ဖြစ်တဲ့ဘ၀တွေဟာ တော်ပါသေးတယ်လို့ဆိုရမယ်။ ဘ၀ငါးမျိုးရှိတဲ့အနက် လူ့ဘ၀၊ နတ်ဘ၀တွေဟာ ကောင်းရာသုဂတိတွေပါ။ တိရစ္ဆာန်ဘ၀၊ ပြိတ္တာဘ၀၊ ငရဲဘ၀ဟာ ဒုဂ္ဂတိဘ၀တွေဖြစ်တယ်။ လူတစ်ယောက်ဟာ ကောင်းတဲ့ဘ၀နေရာကို ရောက်သွားနိုင်သလို မကောင်းတဲ့နေရာကိုလည်းပဲ ရောက်သွားနိုင်ပါတယ်။
သေပြီးရင် နတ်ပြည်ပဲသွားချင်တယ်ဆိုပေမယ့် ကုသိုလ်ရှိမှသွားလို့ရတယ်။ တခြားဘယ်ဘ၀မှ မသွားချင်ဘူး၊ ဘာမှလည်း မဖြစ်ချင်ဘူး။ လူပဲပြန်ဖြစ်ချင်တယ်ဆိုလို့လည်း လက်တွေ့မှာ မလွယ်ဘူး။ တရားမမြင်သေး မသိသေးတဲ့ လူသားတစ်ယောက်ဟာ ဘ၀(ဂတိ) ငါးမျိုးမှာ လှည့်ပတ်ကျင်လည်နေရတယ်။
တရားသိမြင်ပြီသူတွေအတွက် သေချာတာတစ်ခုကတော့ ဒုဂ္ဂတိဘ၀တွေကို မရောက်နိုင်ဘူး။ ပုထုဇဉ်အဆင့်ကနေ တစ်ဆင့်မြင့်သွားတဲ့သူက သောတာပန်ပုဂ္ဂိုလ်ဖြစ်တယ်။ အရိယာထဲမှာ အနိမ့်ဆုံးအဆင့်ပေမယ့် ပုထုဇဉ်တွေထက် တစ်ဆင့်မြင့်တဲ့ ဘ၀တစ်ခုဖြစ်တယ်။ သောတာပန်ပုဂ္ဂိုလ်ရဲ့ အားသာချက်က ဒုဂ္ဂတိဘိဝက လွတ်မြောက်သွားခြင်းပဲ။ တရားအားထုတ်လိုက်လို့ သောတာပန်ဖြစ်သွားပြီဆိုရင် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာဘ၀တွေ မရောက်တော့ဘူး။
တရားမကျင့်၊ တရားအားမထုတ်ဘဲ ပုထုဇဉ်ဘ၀နဲ့နေမယ်ဆိုရင် ငရဲလည်းကျနိုင်တယ်။ ပြိတ္တာလည်းဖြစ်နိုင်တယ် တိရစ္ဆာန်လည်းဖြစ်နိုင်တယ်။ ဒါကြောင့် အဲဒီဘ၀တွေ မရောက်ချင်ရင် ပုထုဇဉ်ဘ၀ကလွတ်အောင် ကြိုးစားရမယ်။ တရားကျင့်ရမယ်။ သံသရာဝဋ်ဆင်းရဲက လွတ်မြောက်ဖို့ တကယ့်အားကိုးရာဖြစ်တဲ့ တရားဓမ္မ၊ ကိုယ့်ရဲ့ အားကိုးအားထားဖြစ်တဲ့ တရားဓမ္မတွေကို မပျင်းမရိနဲ့ ကြိုးစားရှာရမှာ ဖြစ်တယ်။ ဘယ်လမ်းကနေ ဘယ်ဘ၀ကိုသွားမယ်ဆိုတာ သင့်ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။

ရည်ညွှန်း - “ဓမ္မလမ်းပေါ်မှာ” ဓမ္မဒူတဒေါက်တာအရှင်ပညိဿရ
7DAY NEWS Vol.10,N0.44.JANUARY 19,2012
7DAY NEWS Vol.10,N0.44.JANUARY 19,2012
No comments:
Post a Comment