Saturday, 3 March 2012

ကိုယ်ကျင့်တရားကောင်းခြင်းဟာ လူအချင်းချင်း ရင်းနှီးစေတယ်


တစ်ဦးနဲ့တစ်ဦး အရိုအသေပြုမူ၊ ကိုင်းရိုင်းမူဟာ လူ့အဖွဲ့အစည်းရဲ့ ညီညွတ်မူကို တိုးတက်ဖွံ့ဖြိုးလာနိုင်တယ်။ ဒီလိုအကျိုးပြုတဲ့လုပ်ရပ်ကြောင့် လူ့လောက၊ လူ့ဘ၀လည်း တိုးတက်ဖွံ့ဖြိုးလာနိုင်တယ်။ ကိုယ်ကျင့်တရားကောင်းခြင်းဟာ လူခပ်သိမ်းတို့အား အကျိုးကျေးဇူးဖြစ်ထွန်းစေတယ်။ အချင်းချင်းရင်းနှီးတဲ့ ဆက်ဆံမူမျိုးကိုလည်း ဖြစ်လာနိုင်တယ်။

စိတ်ကိုသမာဓိရအောင် ပြုစုပျိုးထောင်ခြင်းအားဖြင့် သူတစ်ပါးအတွက်လည်း ငြိမ်းချမ်းမူကို ခံစားရစေပါတယ်။ ဒီလိုစိတ်မှာ ငြိမ်းချမ်းမူရလာတာကြောင့် ထိုသူများအနေဖြင့် တရားဓမ္မကို ကျင့်ကြံပွားများလိုစိတ် ဖြစ်ပေါ်လာစေနိုင်ပါတယ်။

ကုသိုလ်ကောင်းမူကို အမျှဝေခြင်းက မိမိသည် သူတစ်ပါးကိုလည်း ကောင်းကျိုးချမ်းသာ ရရှိခံစားစေလိုခြင်း စေတနာကိုပြတာဖြစ်ပါတယ်။ သူတစ်ပါး စိတ်ချမ်းသာစေမူအတွက်လည်း မိမိဟာ ကြောင့်ကြစိုက်မူရှိတယ်ဆိုတာကို ပြတာဖြစ်ပါတယ်။ သူတစ်ပါးရဲ့ ကောင်းမူကုသိုလ်အတွက် မိမိကလည်း ၀မ်းမြောက်ဝမ်းသာဖြစ်ခြင်းဟာ အခြားသူများအား ကုသိုလ်ကောင်းမူကို ပိုပြီးပြုချင်လာအောင် အားပေးခြင်းမည်ပါတယ်။

ကောင်းမူကိုပြုပြီးသော်လည်း ထိုကောင်းမူကို ထပ်ကာထပ်ကာပြုရာ၏။ ကောင်းမူကို ပွားခြင်းသည် ချမ်းသာခြင်း၏ အကြောင်းတည်းဟု ဓမ္မပဒဒေသနာတော်မှာ မြတ်ဗုဒ္ဓက ဟောကြားတော်မူပါတယ်။

ရည်ညွှန်း - “ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကြတာက” ဆန်းလွင်(ရှင်အာဒိစ္စရံသီ)(၁၉၃၈-၂၀၀၂)

7DAY NEWS Vol.10,N0.35.NOVEMBER 17,2011

No comments:

Post a Comment