ဘာဝေဒနာမှမပေါ်ရင်လဲ ကိစ္စမရှိပါဘူး။ ဒီဝေဒနာမခံစားရတဲ့ နေရာမှာလဲ တစ်မိနစ်လောက်နေပါ။ စိတ်ကိုအေးအေးငြိမ်ငြိမ်ထားပြီး ဒီနေရာမှာ အာရုံစူးစိုက်ပြီးတော့ ဥပေက္ခာနဲ့ ရူနေပါ။ ဒီနေရာမှာ ဥပေက္ခာဆိုတဲ့ စကားလုံးကို နဲနဲရှင်းပြချင်ပါတယ်။
မြန်မာပြန်မှာ သုံးနူန်းနေတဲ့ စကားအရဆိုရင်တော့ “ဥပေက္ခာ” လျစ်လျူရူခြင်းဆိုတာဟာ သူ့အမှန် အဓိပ္ပါယ်နဲ့ ကွာခြားနေပါတယ်။ အများသုံးနူန်းနေတဲ့ လျစ်လျူရူခြင်းဆိုတာဟာ ဂရုမစိုက်တာ မျက်နှာလွှဲနေတာ ပေါ့ပေါ့လျော့လျော့နဲ့ ပစ်ထားတာ အရေးမပေးတာ ဖြစ်ပါတယ်။ ဖြစ်ချင်ရာဖြစ် ကောင်းကောင်းဆိုးဆိုး ငါနဲ့ ဘာမှမဆိုင်ဘူးဆိုတဲ့ သဘောမျိုးဖြစ်ပါတယ်။
အခုဒီမှာ သုံးထားတဲ့ “ဥပေက္ခာ” အဓိပ္ပာယ်ကတော့ စိတ်ဟာ တုန်လူပ် ခြောက်ခြားမူမရှိ အညီအမျှ ရူနေတာ တည်ငြိမ်နေတာ ဖြစ်ပါတယ်။ နေ့စဉ် နေရေး၊ ထိုင်ရေး ကိစ္စတွေမှာ ကိုယ်မကြိုက် မနှစ်သက်တာ၊ မဖြစ်စေချင်တာ အလိုမရှိတာ တစ်ခုတစ်ခုဖြစ်ရတာ လိုတာမရတာ အစရှိတဲ့ ကိစ္စတစ်ခုခု ကြုံတွေ့ရတဲ့အခါမှာ လောဘ၊ ဒေါသ၊ မောဟတို့နဲ့ တုံ့ပြန်လေ့ရှိကြပါတယ်၊ လောကမှာ အားလုံး အဆင်ပြေနေပြီး ကိုယ့်စိတ်ကြိုက်ဖြစ်နေတယ်၊ သာယာမူတွေပဲခံစားနေရတယ် ဆိုရင်လဲ တဏှာလောဘတို့ မောဟတို့နဲ့ပဲ တုန့်ပြန်ကြပါတယ်၊ ဥပေက္ခာဆိုရင်တော့ ဒီလိုမဖြစ်ပါဘူး၊ လောဘ၊ ဒေါသ၊ မောဟတို့နဲ့ မတုန့်ပြန်ပါဘူး၊ သတင်းကောင်းကြားရလို့ အလွန်အကျွံဝမ်းသာ မသွားပါဘူး၊ မကောင်းသတင်းကြားရလို့လဲ သိပ်စိတ်ပျက် မသွားပါဘူး။ ကောင်းကောင်းဆိုးဆိုး ကြုံတွေ့ရသမျှတွေကို စိတ်တည်တည်တံ့တံ့ မျှမျှတတနဲ့ လက်ခံပါတယ်၊ လောဘ၊ ဒေါသ၊ မောဟတို့မှ ကင်းတဲ့အညီအမျှ ရှိတဲ့စိတ်ဖြစ်ပါတယ်။
တရားကျင့်ရာမှာတော့ ယောဂီဟာ အခံရခက်တဲ့ ကြမ်းတမ်းတဲ့ ဒုက္ခဝေဒနာတွေကို ခံစားနေရရင် စိတ်ထဲမှာ ဒါကို မကြိုက်ဘူး၊ မလိုချင်ဘူး၊ ဘယ်တော့မှ သူတို့ပျောက်သွားကြမှာလဲ၊ ဘယ်တော့မှ သိမ်မွေ့တဲ့ သုခဝေဒနာကို ခံစားရမှာလဲလို့ မလိုမုန်းထားမူ ဒေါသ၊ လိုချင်တော့တမူ၊ တဏှာလောဘတို့နဲ့ တုန့်ပြန်မူမလုပ်ဖို့ပါပဲ။ ယောဂီဟာ သာယာဖွယ်ရှိတဲ့ သိမ်မွေ့ဝေဒနာ သုခဝေဒနာတွေကို ခံစားနေရရင်လဲ အို ကောင်းလိုက်တာ ကြိုက်တယ် ဒါမျှိုး နောက်ထပ် လိုချင်သေးတယ်လို့ ကျေကျေနပ်နပ်နှစ်သိမ့်ပြီး တဏှာလောဘ မောဟတို့နဲ့ တုန့်ပြန်မူမလုပ်ရပါဘူး။
မလိုမုန်းထားခြင်းလဲ မရှိစေရပါဘူး၊ လျစ်လျူရူထားပြီး စိတ်ဟာ ခံစားရတဲ့ ဝေဒနာအမျိုးအစား ဒါဟာဖြင့် ဒုက္ခဝေဒနာပဲ၊ ဒါဟာဖြင့် သုခဝေဒနာပဲလို့ သိရုံမျှသာသိနေပြီး တုန့်ပြန်မူ လုံးဝမလုပ်ဘဲ စိတ်ကို တည်တည်ကြည်ကြည်ထားပြီး အညီအမျှ ရူမှတ်နေတာဟာ ဥပေက္ခာဖြင့် ရူခြင်းပါပဲ၊ ကြိုက်တယ် မကြိုက်ဘူး၊ လိုချင်တယ် မလိုချင်ဘူးဆိုတဲ့ စိတ်တွေ လုံးဝမရှိစေရပါဘူး။ သြော် ဒါဟာ ဒုက္ခဝေဒနာပဲ၊ ဒါဟာ သုခဝေဒနာပဲ၊ ဒါဟာ ဘာဝေဒနာမှ ခံစားမူမရှိတဲ့ အဒုက္ခ၊ မသုခဝေဒနာပဲလို့ သိနေပြီး ခံစားရသမျှ ဝေဒနာကို သူတို့တွေလဲ မမြဲကြပါဘူး၊ အနိစ္စတွေပါပဲလို့ သိနေပြီး လက်ခံပါ။ ရူရုံမျှသာရူနေပါ။ ဒီလိုဆိုရင်တော့ ယောဂီဟာတရားကို ဥပေက္ခာနဲ့ ရူနေတာပါပဲ။ ဒီလိုရူတတ်အောင်ကျင့်ပါ။ ဥပေက္ခာဟာ အင်မတန် အရေးကြီးပါတယ်။ ကျင့်စဉ် တစ်ခုလုံးဟာ စိတ်ကိုဥပေက္ခာ ပြုထားနိုင်အောင် ကျင့်ဖို့ရာ ဖြစ်ပါတယ်။ ဥပေက္ခာ စိတ်မဟုတ်ဘူးဆိုရင်တော့ စိတ်ဟာမျှတမူမရှိဘဲ အညီအညွတ်မရူနိုင်တော့ သိမ်မွေ့တဲ့ ဝေဒနာတွေကို သိရှိခံစားနိုင်စွမ်းမရှိပါဘူး။
သိမ်မွေ့တဲ့ ဝေဒနာတွေကတော့ ခန္ဓာကိုယ်တစ်ခုလုံးမှာ အပြည့်နေရာမလွတ် ရှိနေကြတာပါပဲ။ ဒါပေမယ့် ယောဂီရဲ့စိတ်ဟာ ကြမ်းတမ်းလွန်းတော့ သူတို့ကိုမတွေ့နိုင် မခံစားနိုင်ကြပါဘူး။ စိတ်ကပိုပိုပြီး တည်ငြိမ်မျှတလေလေ ဥပေက္ခာစိတ် ကျလေလေ ပိုပြီးထက်မြက် ထက်မြက်လာလေလေ၊ သိမ်မွေ့သိမ်မွေ့လာပြီး အင်မတန်သိမ်မွေ့တဲ့ ဝေဒနာတွေကို သိရှိခံစားနိုင်ကြပါလိမ့်မယ်။
မြတ်စွာဘုရား ညွှန်ကြားတာကတော့ ကြမ်းတမ်းကနေ သိမ်မွေ့သိမ်မွေ့လာပြီး အသိမ်မွေ့ဆုံးအဆင့်ထိ ရောက်ဖို့ရာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ သြဠာရိက - ကနေပြီး သုခုမ၊ သုခုမအထိ စိတ်ကိုပိုပိုပြီး ထက်မြက်စူးရှလာတော့ အတွေ့ကို ပိုပိုသိသိလာပြီး အသိမ်မွေ့ဆုံး ဝေဒနာအသိကို ခံစားလာရပါတယ်။ စိတ်ရဲ့ အပေါ်ပိုင်းဟာ ဝေဒနာတွေ ဖြစ်ပေါ်နေတဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းနဲ့ ဆက်သွယ်နေပါတယ်။
စိတ်က ဥပေက္ခာပြုနေရင်တောင် အနက်ရိုင်းဆုံးအပိုင်းအထိ ထိုးဖောက်နိုင်ပါတယ်။ လိုချင်တပ်မက်တဲ့စိတ် ဖြစ်နေပြီး ဝေဒနာလဲမပေါ်ဘူး။ ဘာဝေဒနာမှလဲ မခံစားရဘူး။ တစ်ကိုယ်လုံး အစီအစဉ်နဲ့ ရူနေတာ ၁၀-ပတ် လောက်တောင် ရှိနေပြီ ဘာဝေဒနာမှလဲ မခံစားရဘူးလို့ ဖြစ်နေပြီးတော့ လိုချင်တပ်မက်တဲ့စိတ်၊ လောဘစိတ်၊ တောင့်တတဲ့စိတ်တွေ ဖြစ်နေရင် ဥပေက္ခာ ဘယ်လိုဖြစ်နိုင်ပါ့မလဲ။ ဒီတော့ ဝေဒနာကို မခံစားရဘူးပေါ့။
ဒီလိုမဟုတ်ရင်လဲ မလိုမုန်းထားမူ၊ မနှစ်သက်မူတွေ ဖြစ်နေတယ်ဆိုပါတော့။ ကိုယ်ခန္ဓာ ဒီနေရာက ဝေဒနာတွေ ကင်းမဲ့နေတယ်။ မခံစားရဘူး။ ကန်းနေတယ်ဆိုပါတော့။ နောက်တစ်ပတ်ရူတော့လဲ ဒီနေရာဟာ ကန်းနေတုန်းပဲ။ ၂-ရက်ရှိနေပြီ ဘာဝေဒနာမှလဲ မခံစားရဘူး။ ဒီလိုဖြစ်နေတုန်းပဲဆိုပြီး မနှစ်သက်မူတွေ ဖြစ်နေတယ်ဆိုရင်တော့ စိတ်အေးမြမူ မျှတမူ မရှိနိုင်တော့ပါဘူး။ မျှတမူ မရှိတဲ့စိတ်ဟာ ဘယ်တော့မှ သိမ်မွေ့ဝေဒနာကို မခံစားနိုင်ပါဘူး။ ဒါကြောင့် ဥပေက္ခာစိတ်ရှိဖို့ရာဟာ အင်မတန်လိုအပ်ပါတယ်။ ဘာဝေဒနာကိုမှ မခံစားရရင်လဲ ဒါကိုလက်ခံပြီး ကိုယ်လုပ်ရမယ့် အလုပ်ကိုသာလုပ်သွားပါ။ ဝေဒနာမပေါ်တဲ့ နေရာမှာ တစ်မိနစ်လောက် တစ်မိနစ်လောက် ရူရူပြီးသွားရင် ဝေဒနာတစ်ခုမဟုတ် တစ်ခု ပေါ်လာပါလိမ့်မယ်။
နောက်တစ်ပတ် ဆက်ပြီးရူ နောက်တစ်ပတ်ဆက်ပြီးရူ စိတ်က ပိုပိုပြီးတော့ ဥပေက္ခာဖြစ်လာလေလေ သိမ်မွေ့ သိမ်မွေ့လာပြီး ကြမ်းတမ်းတဲ့ အပိုင်းကနေပြီးတော့ အတွင်းကို ထိုးဖောက်လာပြီး ပိုမိုနက်ရိုင်းတဲ့အပိုင်း၊ နောက်ဆုံးအနက်ရိုင်းဆုံး စိတ်ပိုင်းနဲ့ တွေ့ထိခံစားကြရပါလိမ့်မယ်၊ ဒီလိုနဲ့သိမ်မွေ့တဲ့ဝေဒနာ မခံစားရတဲ့နေရာတွေမှာ စိတ်ကို ဥပေက္ခာထားပြီးတော့ ရူသွားမယ်ဆိုရင် တစ်ကိုယ်လုံး နေရာတိုင်းမှာ သိမ်မွေ့တဲ့ဝေဒနာတွေကို ခံစားနိုင်တဲ့အဆင့်ကို ရောက်ရှိလာပါလိမ့်မယ်။
ကြမ်းတမ်းတဲ့ ဝေဒနာတွေနဲ့သာ ကိုယ်ခန္ဓာတစ်နေရာက တစ်နေရာကိုပြောင်းပြီး ခုန်နေမယ်ဆိုရင်တော့ စိတ်ရဲ့အတွင်းနက်တဲ့ အပိုင်းကို မရောက်နိုင်ပါဘူး။ နောက်ပြီးတော့ ကန်နေတဲ့ နေရာတွေလဲ များနေပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးမှာ သိရှိခံစားရတဲ့ သဗ္ဗကာယ ပဋိသံဝေဒီ စခန်းကို မရောက်နိုင်တော့ပါဘူး။
ကာယပရိယန္တိကံ တံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ
တစပရိယန္တိကံ တံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ
ဇီဝိတပရိယန္တိကံ တံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ
ဒီဟာလဲ သတိပဋ္ဌာန်းမှာ အင်မတန်အရေးကြီးတဲ့ စခန်းတစ်ခုပါပဲ။
ညွှန်ကြားထားတဲ့အတိုင်း ကျင့်ကြံမယ်ဆိုရင်ဖြင့် ဒီစခန်းကို ရောက်ပြီးတော့ ကိုယ်ခန္ဓာ အပြည့်ဝေဒနာတွေကို တွေ့ထိခံစားရပြီး ခန္ဓာကိုယ်ရုပ်ပိုင်းကြီးဟာ ပွင့်လင်းလာကြပါလိမ့်မယ်။ ဒါကြောင့် ခန္ဓာကိုယ်ကို အစီအစဉ်အလိုက် ရူဖို့ဟာ လိုအပ်ပါတယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

မျှဝေမှု့အတွက် ကျေးဇူးပါ
ReplyDelete