Wednesday, 4 April 2012

၂-လက်မ၊ ၃-လက်မလောက် ရူကွက်ကိုရူ


နောက်မေးခွန်းတစ်ခုကတော့ ဘယ်လောက်အကျယ်ရှိတဲ့ ရူကွက်နေရာကို ရူရမှာလဲ ဆိုတာပါပဲ။ ရူရမယ့်နေရာက သိပ်ငယ်လွန်းအားကြီးနေရင်လဲ ကိုယ်ခန္ဓာကို တစ်ပတ်ပတ်ဖို့ရာ သိပ်ကြာနေပြီးတော့ ယောဂီရဲ့ စိတ်ထဲမှာ ငြီးငွေ့လာပြီး အလုပ်ဆက်ပြီး မလုပ်ချင် ဖြစ်လာပါလိမ့်မယ်။


ဒါကြောင့် ၂-လက်မ၊ ၃-လက်မ အပိုင်းကလေးတွေကို ရူပါ။ ဒီလိုဆက်ဆက်ပြီး ရူလာတဲ့အခါကျတော့ တစ်ကိုယ်လုံးပွင့်လာပြီးတစ်ကိုယ်လုံးမှာရှိတဲ့ မြူမူန်ကလေးတွေကစပြီး ဖြစ်ပျက်နေတဲ့ ဝေဒနာတွေကို တွေ့ထိ ခံစားလာရပါလိမ့်မယ်။ ယောဂီတချို့ဟာ စိတ်က အင်မတန် ထိုင်းမိုင်းနေမယ်ဆိုရင်တော့ အစိတ်အပိုင်း ခပ်ကြီးကြီးတွေကိုရူပါ။

ဥပမာ - ခေါင်း၊ မျက်နှာ၊ လက်မောင်းတို့ကို ပိုင်းပြီးတော့ အပိုင်းကြီးတွေကို အစီအစဉ်အလိုက် အစီအစဉ်အလိုက် ထပ်ခါထပ်ခါ ရူရူသွားပြီးနောက် ရူတဲ့အပိုင်းကို ငယ်ငယ်လာမယ်ဆိုရင် ကိုယ်ခန္ဓာ အစိတ်အပိုင်း တစ်နေရာမှာ မုချဝေဒနာတစ်ခုခုကို တွေ့ရပါလိမ့်မယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment