အတွင်းနက်ရိုင်းတဲ့ စိတ်ထဲမှာတွေ့ထိနေရတဲ့ သိမ်မွေ့ ဝေဒနာတွေကို အထူးအရေးပေးပါ။ သတိရှိနေပါ။ ကိုယ်တွေ့ ဘာဝနာမယဉာဏ်နဲ့ ခံစားပြီးစိတ်ကို ဥပေက္ခာဖြစ်နေဖို့ရာကို လေ့ကျင့်ပေးပါ။ ဘ၀ဒုက္ခ၊ သံသရာဒုက္ခစတဲ့ ဆင်းရဲဒုက္ခနယ်ထဲက မလွဲမသွေ လွတ်မြောက်ကြပါလိမ့်မယ်။
ဒီမှာလာနေတဲ့အချိန် ဒီမှာရတဲ့ အခွင့်အရေးတွေ ဒီအံ့ဖွယ်ရာကောင်းတဲ့ ကမ္မဋ္ဌာန်းနည်း၊ အံ့ဖွယ်ကောင်းတဲ့ တရားဓမ္မတွေကို အကောင်းဆုံးအသုံးပြုပြီး ယောဂီတို့ရဲ့ အချုပ်အနှောင်တွေ ခြေကွင်းတွေ ကြိုးကွင်းတွေ ကိလေသာအညစ်အကြေးတွေ လိုချင်တောင့်တမူတွေ မလိုချင်မုန်းထားမူတွေ အမြင်မှားတွေက လွတ်မြောက်ကြပြီး တကယ့်ချမ်းသာ သုခအစစ်၊ တကယ့် အေးငြိမ်းခြင်း အစစ်ဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင် ခံစားနိုင်ကြပါစေ။
ယောဂီတွေအားလုံး နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ချမ်းသာသုခ ခံစားနိုင်ကြပါစေ။
ဘ၀တု သဗ္ဗမင်္ဂလံ - ခပ်သိမ်းသော မင်္ဂလာသည် ဖြစ်ပါစေသတည်း။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment