Monday, 14 May 2012

န၀မနေ့ ဓမ္မဒေသနာ

ကမ္မဋ္ဌာန်းနည်းကို နားလည်ထားဖို့လို
တရားပတ်မှာ ၉- ရက်တော့ ကုန်ဆုံးသွားပါပြီ။ တရားအားထုတ်ဖို့ရာ နောက်ထပ် ၁-ရက်ပဲကျန်ပါတော့တယ်။ ဒီ ၁၀-ရက်တရားပတ်အဆုံးသတ်မှာ ဒီကမ္မဋ္ဌာန်းနည်းကို ယောဂီတို့ရဲ့ဘ၀မှာ ဘယ်လိုအသုံးချရမလဲဆိုတာကို နားလည်ထားဖို့ရာလိုပါတယ်။


နေ့စဉ်နေထိုင်ရေးကိစ္စတွေမှာ တရားကို ဘယ်လိုအသုံးချရမလဲဆိုတာကို သိဖို့ရာလဲလိုပါတယ်။ မဟုတ်ရင်တော့ခံစားသင့်တဲ့ အကျိုးကျေးဇူးတွေကို မခံစားရဘဲ နေပါလိမ့်မယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment