ဥပေက္ခာပါရမီကတော့ စိတ်ကိုလျစ်လျူရူနေတာ ဖြစ်ပါတယ်။ ပမာဏမပြုဘဲ၊ ဘက်မလိုက်ဘဲ စိတ်ကိုထားတာ ဖြစ်ပါတယ်။ ယောဂီတွေဟာ တရားရူခါစ ပထမပိုင်းမှာ ခံစားလို့ မကောင်းတဲ့ နာကျင်ကြမ်းတမ်းတဲ့ ဒုက္ခဝေဒနာတွေကို ခံစားကြရတဲ့အခါကျတော့ တုံ့ပြန်မူမလုပ်ဘဲနဲ့ ဒါတွေဟာ အနိစ္စတွေပဲ၊ သူတို့လည်း မမြဲကြပါဘူးလို့ စိတ်ကို သွန်သင်ပြီး ဥပေက္ခာနဲ့ နေကြပါတယ်။
နောက်ပိုင်းကျလာတော့ ခံစားလို့ကောင်းတဲ့ သာယာဖွယ်ကောင်းတဲ့ သိမ်မွေ့ဝေဒနာ သုခဝေဒနာတွေကို ခံစားရပြန်တော့လဲ ဒီလိုပါပဲ။ သူတို့လည်း အနိစ္စပါပဲလို့ ဥပေက္ခာနဲ့ ရူကြပါတယ်။ ဒုက္ခလဲမဟုတ်၊ သုခလည်းမဟုတ် ကြားနေဖြစ်တဲ့ အဒုက္ခ မသုခ ဝေဒနာတွေ ဖြစ်ကြပြန်တော့လည်း အနိစ္စ အနိစ္စပါပဲ၊ ဘယ်လိုအတွေ့အကြုံပဲ တွေ့ကြုံရ တွေ့ကြုံရ တုံ့ပြန်မူမလုပ်ဘဲ ဥပေက္ခာပါရမီတွေကို ပွားဖို့ရာ ဖြစ်ပါတယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။
No comments:
Post a Comment