Saturday, 12 May 2012

အိုးထိန်းသည် အိုးဖုတ်သည့်ပမာ

ရွာထဲမှာသွားပြီး အိုးထိန်းသည် အိုးတွေဖုတ်နေတာ ကြည့်မယ်ဆိုရင် အိုးထိန်းသည်က အိုးကိုမီးမဖုတ်ခင် အိုးကိုလက်နဲ့ပုတ်ပုတ်ပြီး ပေးရတာကို တွေ့ရပါလိမ့်မယ်။ ဒီလိုလက်နဲ့ ပုတ်ပုတ်ပေးတာဟာ အိုးကိုကွဲအောင်လုပ်နေတာ မဟုတ်ပါဘူး။ အိုးကိုပိုပြီး ခိုင်မာလာအောင် လုပ်ပေးနေခြင်းဖြစ်ပါတယ်။


ဒါပေမယ့် ပုတ်ပေးနေတဲ့အခါမှာတော့ တခြားလက်တစ်ဖက်က အိုးကို အောက်ကနေပြီး ထိန်းပေးထားရတာကို တွေ့ရပါလိမ့်မယ်။ ဒီလိုအောက်ကနေ ထိန်းပေးထားတဲ့လက်က မေတ္တာလက် ကရုဏာလက်ဖြစ်ပါတယ်။ လက်ဟာ အောက်မှာ ရှိနေပြီဆိုရင်တော့ တခြားလက်နဲ့ ပုတ်ချင်သလောက် ပုတ်နိုင်ပါတယ်။


ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment