နောက်ပါရမီတစ်ခုကတော့ သီလပါရမီပါပဲ။ ယောဂီတို့ တရားပတ်ပြီးလို့ အိမ်ပြန်သွားကြရင် ငါးပါးသီလကိုတော့ မြဲအောင်စောင့်ထိန်းကြပါ။ ပြင်ပလောကကြီးထဲမှာကတော့ အခက်အခဲတွေ အတားအဆီးတွေ သိပ်များတာပါပဲ။ သီလတွေကလည်း တစ်ခုပြီးတစ်ခု ကျိုးနေကြတာချည်းပါပဲ။
ဒီလိုတရားပတ်မှာ လာနေတုန်းအခါမှာတော့ ဓမ္မပတ်ဝန်းကျင်ကြောင့်က တစ်ကြောင်း၊ မနက် ၄-နာရီ၊ ၄-နာရီခွဲက စပြီး ည ၉-နာရီ၊ ၉-နာရီခွဲအထိ မအားမလပ်ရအောင် တရားအလုပ်လုပ်နေကြရတာက တစ်ကြောင်းကြောင့် ဒီ ၁၀-ရက်တရား အလုပ်လုပ် နေကြရတာက တစ်ကြောင်းကြောင့် ဒီ ၁၀-ရက်အတွင်းမှာတော့ အင်မတန် စင်ကြယ်တဲ့ အစွန်းတကွက်မှ မရှိတဲ့ သီလနဲ့ မြဲမြဲနေနိုင်ကြပါတယ်။ ဒါဟာ သီလပါရမီကို ဖြည့်နေတာပါပဲ။
၉-ရက် နူတ်ပိတ်စကားမပြောဘဲ နေရတာဟာလည်း သီလတစ်ပါး ကောင်းကောင်း မြဲတာပေါ့။ စကားပြောတယ်ဆိုရင် မပြောသင့်တဲ့စကား မဟုတ်ရင်လဲ မုသားစကား ပြောချင်ပြောမိ ပေလိမ့်မယ်။ စကားကားပြီး ပြောချင်ရင်လည်း ပြောမိပေလိမ့်မယ်။ စကားကို လုံးဝမပြောဘူးဆိုတော့ နူတ်မူကျူးလွန်တာ ဘာမှမရှိနိုင်တော့ပါဘူး။ တရားစခန်းမှာဆိုတော့ သီလတွေပျက်ဖို့ရာ အခွင့်အရေးတွေ သိပ်မရှိပါဘူး။ ဒါကြောင့် ယောဂီတို့ရဲ့ သီလပါရမီကို ဖြည့်နိုင်တဲ့ အခွင့်အရေးးကောင်းကြီးပါပဲ။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment