Thursday, 7 June 2012

မရဏာသန္န ၀ီထိ

သတ္တ၀ါတို့သည် စုတေခါနီးအချိန်၌ မရဏာသန္နဇောစောကြ၏။

အတိမဟန္တာရုံ စက္ခုဒွါရ မရဏာသန္န ၂-၀ီထိကျပုံ
တီ-န-ဒ`ပ-စ-သံ-ဏ-၀ု-ဇ-ဇ-ဇ-ဇ-ဇ-ရုံ-ရုံ-ဘ၀င်-စုတိ-ပဋိ´-ဘ၀င်-
တီ-တီ-န-ဒ`ပ-စ-သံ-ဏ-၀ု-ဇ-ဇ-ဇ-ဇ-ဇ-ရုံ-ရုံ-ဘ၀င်-စုတိ-ပဋိ´-ဘ၀င်-

အတီတဘ၀င်တစ်ချက်လွန်နှင့်အတူ ဥပါဒ်သော ပစ္စုပ္ပန် ကမ္မနိမိတ် ဂတိနိမိတ် ၂-ပါးတို့တွင် တစ်ပါးပါးသော နိမိတ်အာရုံသည် စက္ခုဒွါရ၌ အလွန်ထင်ရှားစွာ ထင်လာသည်ရှိသော ဘ၀င် ၂-ကြိမ်လူပ်၍ ပြတ်ပြီးလျှင် ထိုထင်လာသော အာရုံကို အာရုံပြုလျက် ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုန်း၊ သန္တီရဏ၊ ၀ုဋ္ဌော၊ မရဏာသန္နဇော ၅-ကြိမ်၊ တဒါရုံ ၂-ကြိမ်၊ ဘ၀င် ၁-ကြိမ်၊ ထို့နောက် စုတိစိတ်ကျ၍ သေဆုံးပြီးလျှင် ၎င်းစုတိစိတ်၏ အခြားမဲ့၌ နောက်ဘ၀သစ်၏ ပဋိသန္ဓေစိတ်သည် မရဏာသန္နဇော၏ အာရုံကိုပင် အာရုံပြုလျက်ဖြစ်၍ ချုပ်၏။ ထို့နောက် ဘ၀င်ကျ၍ သွား၏။

မဟန္တာရုံ စက္ခုဒွါရ မရဏာသန္န ၂-၀ီထိကျပုံ
တီ-တီ-တီ-န-ဒ-`ပ-စ-သံ-ဏ-၀ု-ဇ-ဇ-ဇ-ဇ-ဇ-ဘ၀င်-စု-ပဋိ´-ဘ၀င်-
တီ-တီ-တီ-တီ-န-ဒ-`ပ-စ-သံ-ဏ-၀ု-ဇ-ဇ-ဇ-ဇ-ဇ-ဘ၀င်-စု-ပဋိ´-ဘ၀င်-

အတိဝိဘူတာရုံ မနောဒွါရ မရဏာသန္န ၂-၀ီထိကျပုံ
တီ-န-ဒ-`မ-ဇ-ဇ-ဇ-ဇ-ဇ-ရုံ-ရုံ-ဘ၀င်-စုတိ-ပဋိ´-ဘွင်-
တီ-တီ-န-ဒ-`မ-ဇ-ဇ-ဇ-ဇ-ဇ-ရုံ-ရုံ-စုတိ-ပဋိ´-ဘွင်-

အတီတဘ၀င် ၁-ချက်လွန်နှင့်အတူ ဥပါဒ်သော ပစ္စုပ္ပန်ကမ္မနိမိတ်၊ ဂတိနိမိတ် ၂-ပါးတွင် တစ်ပါးပါးသော နိမိတ်အာရုံသည် မနောဒွါရ၌ ထင်လာသည်ရှိသော် ဘ၀င် ၂-ကြိမ်လူပ်၍ ပြတ်ပြီးလျှင် ထိုထင်လာသော အာရုံကို အာရုံပြုလျက် မနောဒွါရာဝဇ္ဇန်း၊ မရဏာသန္နဇော ၅-ကြိမ်၊ တဒါရုံ ၂-ကြိမ်၊ ဘ၀င် ၁-ကြိမ်၊ ထို့နောက် စုတိစိတ်ကျ၍ သေဆုံးပြီးလျှင် ၎င်းစုတိစိတ်၏ အခြားမဲ့၌ နောက်ဘ၀သစ်၏ ပဋိသန္ဓေစိတ်သည် မရဏာသန္နဇော၏ အာရုံကိုပင် အာရုံပြုလျက် ဖြစ်၍ချုပ်၏။ ထို့နောက် ဘ၀င်ကျ၍ သွား၏။

ဝိဘူတာရုံမနောဒွါရ မရဏာသန္န ၂-၀ီထိကျပုံ
တီ-တီ-တီ-န-ဒ-`မ-ဇ-ဇ-ဇ-ဇ-ဇ-ဘ၀င်-စုတိ-ပဋိ´-ဘွင်-
တီ-တီ-တီ-တီ-န-ဒ-`မ-ဇ-ဇ-ဇ-ဇ-ဇ-စုတိ-ပဋိ´-ဘွင်-

ဒေါက်တာမင်းတင်မွန် စတုတ္ထအကြိမ်ထုတ်ဝေသော ဗုဒ္ဓအဘိဓမ္မတရားတော် အနှစ်ချုပ် စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးသည်။

No comments:

Post a Comment