Sunday, 10 June 2012

နိပ္ဖန္နရုပ် ၁၈-ပါး

ဘူတရုပ် ၄-ပါး၊ ပသာဒရုပ် ၅-ပါး၊ ဂေါစရရုပ် ၇-ပါး (ပထ၀ီ၊ တေဇော၊ ၀ါယော ပါပြီးဖြစ်၍ ၄-ပါးရေတွက်ရန်)၊ ဘာဝရုပ် ၂-ပါး၊ ဟဒယ၀တ္ထုရုပ်၊ ဇီဝိတရုပ်၊ အာဟာရရုပ်၊ ပေါင်းရုပ် ၁၈-ပါးတို့သည် ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဟူသော အကြောင်းတရား ၄-ပါးတို့ ဖြစ်စေအပ်၊ ပြီးစေအပ်သောကြောင့် နိပ္ဖန္နရုပ်များ မည်ကုန်၏။

ဤရုပ်တို့သည် ခက်မာခြင်းစသော သဘောတရားကိုယ်စီရှိကြသဖြင့် သဘာဝရုပ် ဟူ၍လည်း အမည်တွင်ကြ၏။


တစ်ဖန် ဥပါဒ်၊ ဇရာ၊ အနိစ္စတာဟူသော သင်္ခတလက္ခဏာတို့နှင့် တကွ ဖြစ်သောကြာင့် ဤရုပ်တို့ကို လက္ခဏရုပ်ဟူ၍လည်း ခေါ်ကြ၏။

ဖောက်ပြန်ခြင်းသဘော ရှိသောကြောင့် ရူပရုပ်ဟုလည်း အမည်ရ၏။

အနိစ္စ၊ ဒုက္ခ၊ အနတ္တဟူသော လက္ခဏာယာဉ် ၃-ပါးသို့ တင်ကာ သုံးသပ်ထိုက်သောကြောင့် သမ္မသနရုပ်ဟုလည်း အမည်တွင်၏။

ဒေါက်တာမင်းတင်မွန် စတုတ္ထအကြိမ်ထုတ်ဝေသော ဗုဒ္ဓအဘိဓမ္မတရားတော် အနှစ်ချုပ် စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးသည်။

No comments:

Post a Comment