Thursday, 7 June 2012

အကုသိုလ်ကံအကျိုးပေးပုံ

ဥဒ္ဓစ္စကြဉ်သော အကုသိုလ်စေတနာကံ ၁၁-ပါးတို့သည် ပဋိသန္ဓေအခါ၌ အပါယ် ၄-ဘုံတွင် အကုသလ၀ိပါက် ဥပေက္ခာ သန္တီရဏဟူသည့် အပါယ်ပဋိသန္ဓေကို ဖြစ်စေ၏။

ဥဒ္ဓစ္စနှင့်တကွသော အကုသိုလ် စေတနာကံတို့သည် ပ၀တ္တိအခါ၌ ကာမ ၁၁-ဘုံတွင် အကုသလ၀ိပါက် ၇-ပါးတို့ ဖြစ်စေ၏။ အသညသတ်ကြဉ်သည့် ရူပ ၁၅-ဘုံ၌ ဃာန၀ိညာဏ်၊ ဇိဝှာဝိညာဏ်၊ ကာယ၀ိညာဏ်တို့မှတစ်ပါး အကုသလ၀ိပါက် ၄-ပါးကို ဖြစ်စေ၏။

ဒေါက်တာမင်းတင်မွန် စတုတ္ထအကြိမ်ထုတ်ဝေသော ဗုဒ္ဓအဘိဓမ္မတရားတော် အနှစ်ချုပ် စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးသည်။

No comments:

Post a Comment