Wednesday, 11 July 2012

တရုတ်ပိုက်ဆံ ယွမ်ငွေ ၅၀၀၀၀ ကိုစိတ်ဝေဒနာရှင်မိန်းမမှစုတ်ဖြဲပစ်

မေလ ၃ ရက်နေ့မှာ တရုတ်ပြည် ချိန်တူးမြို့က လီကျုံကျင်း လို့ခေါ်တဲ့ အမျိုးသားတစ်ဦးဟာ တရုတ်ပိုက်ဆံ ယွမ်ငွေ ၅၀၀၀၀ ကို Bank of China ဘဏ်ခွဲတစ်ခုကို ယူလာပြီး အကူအညီတောင်းပါတယ်။ အကြောင်းရင်းက ရာတန်တွေချည်းပဲပါတဲ့ ယွမ် ၅၀၀၀၀ စလုံးဟာ အားလုံး စုတ်ပြဲနေတာဖြစ်ပြီး သူရဲ့ စိတ်ရောဂါဝေဒနာသည် မိန်းမက ရုတ်တရက်စိတ်ဖောက်ပြန်ပြီး အားလုံးဆွဲစုတ်ခဲ့တာလို့ဆိုပါတယ်။ အဲဒါနဲ့ ဘဏ်ဝန်ထမ်း ၁၂ ယောက်က ထိုင်ပြီး အပိုင်းပိုင်းပြတ်နေတဲ့ ပိုက်ဆံတွေကို တစ်စစီရှာပြီး ပြန်ကပ်နေတာ ၆ နာရီကြာမှ ၁၀၀ တန်တစ်ရွက်လေးပဲ ပြန်ဆက်လို့ရတယ်လို့ သိရပါတယ်။ ဒါပေမဲ့ လီကျုံကျင်းက ဇွဲမလျော့ပဲ ဒီငွေတွေကို ပြန်ရအောင်လုပ်မယ်လို့ ဆိုခဲ့ပြီး ငွေတွေက သူ့မိန်းမကို ဆေးကုပေးဖို့ဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။

မူရင်းလင့်ခ် moe oo mann ထံမှ ပြန်လည်ကူးယူဖော်ပြပေးထားပါသည်။

No comments:

Post a Comment