Monday, 23 July 2012

ကမ္ဘာအကြီးဆုံးလက်ကြီး

 
 
တရုတ်ပြည်ရဲ့ Jiangsuမှ အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ Liu Hua ဟာ macrodactyly ဆိုတဲ့ရောဂါတစ်မျိုး ခံစားနေရပါတယ်။ ၂၀၀၇ ခုနှစ်တုန်းက သူ့ကို ကမ္ဘာ့အကြီးဆုံးလက်ပိုင်ရှင်အဖြစ် သတ်မှတ်ခဲ့ကြတယ်။ သူဟာမွေး ဖွားလာကတည်းက ဘယ်ဖက် လက်မ လက်ညှိုးနဲ့ လက်ခလယ်တို့ဟာ သာမန်ထက် ပိုကြီးထွားပြီး မွေးလာတာဖြစ်ပါတယ်။ သူအသက်ကြီးလာတဲ့အခါ အဲဒီလက်ချောင်းတွေဟာ အဆမ တန်ကြီးထွား လာတဲ့အတွက် သူ့အလုပ်တွေနဲ့ နေ့စဉ်လူနေမှုဘ၀ကိုပါ ထိခိုက်ခဲ့ရတယ်။

၂၀၀၇ ဂျူလိုင်မှာ Shanghai မှာ သူဆေးရုံတက်တဲ့အခါ သူ့လက်ဟာ ၂၆ စင်တီမီတာရှိနေခဲ့တယ်။ လက်ညှိုး ကတော့ ၃၀ စင်တီမီတာရှိပြီး လက်ခလယ်ကတော့ ၁၅ စင်တီမီတာရှိပါတယ်။ သူ့လက်ဝါးတစ်ခုလုံးရဲ့ စုစုပေါင်း အလေးချိန်ဟာ ၁၀ ကီလိုဂရမ်လေးပါတယ်။ ခွဲစိတ်ဆရာဝန်တွေက သူ့ကို ၇ နာရီကြာ ခွဲစိတ်မှုပြုပြီး 5.1kg အလေးချိန် ရှိတဲ့ အရိုးနဲ့အသားတွေကို ဖယ်ထုတ်ပေးခဲ့ပါတယ် ။ အခုဆိုရင် အရင်ကထက်စာရင်တော့ နည်း နည်းသေးသွားပြီဖြစ်ပါတယ်။

                                     သက်တန့်ချို

                 စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်...
 
မူရင်းလင့်ခ် thuya ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။

No comments:

Post a Comment