Sunday, 22 July 2012

ဖိလစ်ပိုင်နိုင်ငံမှ ကြီးမာသော ရွှေရောင် မြေခွေးလင်းနို့


ဦးခေါင်းထိပ်မှာ ရွှေရောင်လေးပိုင်ဆိုင်ထားတဲ့ Flying-fox bat လို့ခေါ်တဲ့ ဒီကြီးမားတဲ့ လင်းနို့ကြီးဟာတကယ်တော့ ရှားပါးတဲ့ မျိုးစိတ်အနွယ်ဝင်ဖြစ်ပါတယ်။ ရှည်လျှားတဲ့တောင်ပံတွေကို ပိုင်ဆိုင်ပြီး တခါတရံ လျှည်လျားတဲ့တောင်ပံတွေနဲ့ ခန္ဓာကိုယ်ကိုရစ်သိုင်းထုပ်ပတ်ထားပုံက လျှို့ဝှက်မှု ဆန်လှပါတယ်။ Flying-Fox လို့ခေါ်ရတဲ့အကြောင်းက ဒီကြီးမားတဲ့လင်းနို့တွေရဲ့ မျက်နှာက မြေခွေးတစ်ကောင်နဲ့ ဆင်တူတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ဖိလစ်ပိုင်နိုင်ငံကသာလျှင် သူတို့ရဲ့ မွေးဖွားကြီးပြင်းရာ စားကျက်ဖြစ်ပါတယ်  လူတွေကို အန္တရာယ်မပေးပဲ နေလေ့ရှိပြီး အခုတော့ သစ်တောပြုန်းတီးမှုနဲ့ ဒီလင်းနို့တွေကို ချက်ပြုတ်စားသုံးမှုတွေကြောင့် မျိုးတုန်းပျောက်ကွယ်တော့မယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ် ။ သူတို့မှာ အမြီးမပါရှိပဲ သူတို့ရဲ့ တောင်ပံ နှစ်ဖက်အရှည်က 1.5–1.7 m (4 ft 10 in–5 ft 7 in) ဖြစ်ပြီး အလေးချိန်ကတော့ weighing 0.7–1.2 kg (1.5–2.6 lb).ဖြစ်ပါတယ် ။

မူရင်းလင့်ခ် ဒီဇင်ဘာဘွိုလ်းလေး ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။

No comments:

Post a Comment