
ဩဂုတ်လ (၅)ရက်နေ့က နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူကို လေးစား ချစ်ခင်ကြသော မြောက်ဥက္ကလာပရှိ ပန်းချီပန်းပု ပညာရှင် များက ထုဆစ် ပုံဖော် ကြပြီး ဦးကျော်သူက မော်ဒယ်ထိုင်ရေးဆွဲ ထုဆစ် ခံကြောင်း သိရှိ ရပါတယ်။
နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ အဖွဲ့ဝင်တစ်ဦးကပြောကြားလာရာမှာတော့-
“ဦးကျော်သူက သူလုပ်နေတဲ့လုပ်ရပ်တွေ အကုန်လုံးကို စေတနာသန့်သန့်နဲ့ မွန်မွန်မြတ်မြတ် ကိုယ်ကျိုးမရှာဘဲ အမြဲလုပ်တတ်ပါတယ်။ ဒါကြောင့် သူ့ကိုချစ်တဲ့ ပရိသတ်တွေအပြင် နာရေးကားမှာသူမောင်းလာရင် အားလုံးကလေးစားကြတယ်။
ပြီးတော့ သူကလည်း အယုတ်အလတ်အမြတ်မရွေး ကူညီတတ်သူဆိုတော့ သူ့ကိုချစ်တဲ့ပညာရှင်တော်တော်များများက ဂုဏ်ပြု ကြတာလည်းဖြစ်ပါတယ်” လို့ သိရှိရပါတယ်။
By - Jouk Jack
မူရင်းလင့်ခ် ဂျောက်ဂျက် ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။
No comments:
Post a Comment