Tuesday, 21 August 2012

သြဂုတ်လ ၁၉ ရက်နေ့ နံနက် ၉ နာရီခန့်မှစ၍ တောင်ကျရေများ (လားရှိုးမြို့ )

လားရှိုးမြို့တွင် သြဂုတ်လ ၁၉ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ အရှိန်ပြင်းစွာ စီးဆင်းလာမှုကြောင့် လားရှိုးမြို့အ၀င် ပြည်ထောင်စုလမ်းမကြီးပေါ်နှင့် မြေနိမ့်ပိုင်းကျသော ရပ်ကွက်များသို့ ရေ၀င်ရောက်မှုများရှိခဲ့ရာ လူနေအိမ်များမှ ပစ္စည်းများရေစီးနှင့်မျောပါခြင်း၊ အိမ်အချို့ပြိုကျခြင်း၊ အုတ်တံတိုင်းများ ပြိုကျပျက်စီးခြင်းများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
 

သြဂုတ်လ ၁၉ ရက်နေ့ နံနက် ၉ နာရီခန့်မှစ၍ တောင်ကျရေများ
ပြင်းထန်စွာကျဆင်းလာပြီး လားရှိုးမြို့ ရပ်ကွက် ၁၊ ၇၊ ၈၊ ၉၊ ၁၁၊ ၁၂ တို့တွင် ရေစတင်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

''မနက် ၈ နာရီလောက်ထိ မိုးကသိပ်မသည်းဘူး။ ရေလည်းသိပ် မပါဘူး။ မနက် ၉ နာရီလောက်မှ တောင်ကျရေတွေကျလာတာ။ ၁၀ မိနစ်လောက်အတွင်း အိမ်ထဲကိုရေ တွေဝင်လာပြီး ပေါင်လောက်ထိ တက်လာတယ်။ ဒါနဲ့အားလုံး ကယ်ဆယ် ရေးစခန်းကို ရောက်လာတာ။ ဘေးအိမ်တချို့ဆို ပြိုကုန်တယ်''ဟု ရပ်ကွက်(၇) မှ ဒေသခံတစ်ဦးက ပြောပါသည်။

''ဒီလောက်ရေကြီးတာတော့ လားရှိုးမှာ ဒါပထမဆုံး ကြုံဖူးတာပါ။ အခုအိမ်တွေထဲက ပစ္စည်းတွေ မျောပါကုန်တယ်။ အုတ်တံတိုင်းတွေ လွင့်ထွက်ကုန်တယ်။ မြောင်းကူးတံတားတွေ ကျိုးတယ်''ဟု ရပ်ကွက် (၁)မှ ဒေသခံတစ်ဦးကပြောသည်။
မူရင်းလင့်ခ် Aye Myat Thu ထံမှပြန်လည်ကူးယူဖော်ပြပေးထားသည်။

No comments:

Post a Comment