Thursday, 15 November 2012

မဟာရောရုဝ


ဤငရဲကား မီးတောက်မီးလျှံမဟုတ်ဘဲ မီးခိုးတွေ တစ်ငရဲလုံး လွှမ်းဖုံးနေ၏။ ငရဲသို့ကျရောက်သူတို့ကို မီးခိုးတွေက အတွင်းအပြင် အတင်းဝင်၍ နှူးနှပ်ကြလေတော့၏။ ငရဲသူ ငရဲသားတို့မှာ ဘာမျှမတတ်နိုင်ကြတော့ဘဲ သနားစဖွယ် အားငယ်စွာ အော်နေကြရရှာလေတော့သည်။ ဤငရဲကို “ဓူမရောရုဝငရဲ”ဟုလည်းခေါ်၏။


ဓူမေဟိ ပ၀ိသိတွာန၊ သေဒမာနာ ဒယာဝဟံ။
မဟာရ၀ံ ရ၀န္တေတ္ထ၊ ၀ုစ္စတေ ဓူမရောရုဝေါ။
ဧတ္ထ နိရယေ၊ ကံကြမ္မာရင်း ဖန်လာညှဉ်းက မကွင်းနိုင်အောင် အတင်းဆောင်လျက် သွင်းလှောင်ပိတ်ဆီး ဤမည်သော ငရဲကြီး၌။ ဓူမေဟိ၊ တစ်ငရဲလုံး လွှမ်းအုပ်ဖုံးလျက် တရုန်းရုန်းတိုး မီးအခိုးတို့သည်။ ပ၀ိသိတွာန၊ ဒွါရ ၉-သွယ် အပေါက်ငယ်မှ ဘယ်ဝယ်မကြွင်း ချင်းနင်းဝင်ရောက်ကြကုန်လျက်။ သေဒမာနာ၊ အတင်းအကျပ် နှူးနှပ်အပ်သည့် များလတ်ဘိတောင်း ငရဲသားအပေါင်းတို့သည်။ ဒယာဝဟံ၊ အားငယ်ပါးငယ် အများကယ်အောင် သနားဖွယ်ကိုဆောင်သော။ မဟာသရ၀ံ၊ ကယ်ပါယူပါ တစာစာနှင့် ကြမ္မာထိန်သီး အသံကြီးကို။ ရ၀န္တိ၊ သံကုန်လှစ်၍ ဟစ်အော်ကြရှာလေကုန်၏။ သော နိရယော၊ သို့ကလိုကံ မကုန်ပြန်လျှင် ဖန်ဖန်အော်ရိုး။ ထိုငရဲအိုးကို။ ဓူမရောရုဝေါ၊ ဓူမရောရုဝငရဲဟူ၍။ ပ၀ုစ္စတေ။ ဗျုပ္ပတ်အလိုက် ရုပ်ဓာတ်ကိုက်အောင် သမိုက်အပ်လေတော့သတည်း။

အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

No comments:

Post a Comment