ရူပံ ဟူသောပုဒ်၊ ရူပဟူသောပုဒ်တို့သည် အနက်အမျိုးမျိုး ဟောသောကြောင့် ဤနေရာတွင် သုံးသော ရူပသဒ္ဒါ၏ အနက်ကို သိစေရန် ရှင်းလင်းအံ့။
“ခန္ဓေ ဘဝေ နိမိတ္တမှိ၊ ရူပံဝဏ္ဏေစပစ္စယေ သဘာဝ သဒ္ဒ သဏ္ဌာန၊ ရူပဇ္ဈာန၀ပူသု”
(အဘိဓာန်ပါဌိ-အနေကတ္ထ၀ဂ်-ဂါထာအမှတ် ၈၂၅)
“ရူပံ၊ ရူပသဒ္ဒါသည်။ ခန္ဓေ၊ ရူပက္ခန္ဓာ၌လည်းကောင်း၊ ဘဝေ၊ ရူပတ၀၌လည်းကောင်း။ နိမိတ္တမှိ၊ အကြောင်း၌လည်းကောင်း။ ၀ဏ္ဏေ၊ အဆင်း၌လည်းကောင်း။ ပစ္စယေ၊ ၀ိဘတ်ပစ္စည်း၌ လည်းကောင်း။ သဘာဝသဒ္ဒသဏ္ဌာန ရူပဇ္ဈာန၀ပူသုစ၊ သဘော-သဒ္ဒါ-ရူပဈာန်- ကိုယ်တို့၌လည်းကောင်း။ သိယာ၊ ဖြစ်ရာ၏”
ဆိုလေရာတွင်လည်းကောင်း...
“ရူပသဒ္ဒေါ ရူပါယတနေ ရူပက္ခန္ဓ သဘာဝေကသိ ဏာယတနေ ရူပဈာနေ ရူပကာယေ အာဂတော”
ဟူ၍လည်းကောင်း၊
ဟူ၍လည်းကောင်း၊
“ရူပသဒ္ဒေါ ခန္ဓ, ဘ၀, နိမိတ္တ, ပစ္စယ, သရီရ, ၀ဏ္ဏ သဏ္ဌာနာဒီသု ဒိဿတိ” ဟူသော (ဗုဒ္ဓ၀ံသ ဌကထာ-၆၀) တွင် ဆိုသောကြောင့်လည်းကောင်း။
“အယံပန ရူပသဒ္ဒေါ (ဣတ္ထိရူပံ) ခန္ဓ, ဘ၀, နိမိတ္တ, ပစ္စယ, သရီရ,၀ဏ္ဏ သဏ္ဌာနာဒီသု အနေကေသု အတ္ထေသု ၀တ္တတ”
(အင်္ဂုတ္တရဋ္ဌကထာ ဧကနိပါတ်-၁၆)။
တို့၌ ဆိုသောကြောင့်လည်းကောင်း၊ အင်္ဂုတ္တရဋ္ဌကထာ အဆိုအတိုင်း (ထေရီဂါထာအဋ္ဌကထာ-၁၀၁) တွင်လည်း ဤအတိုင်းဆိုရာ...
“ယံကိဉ္စရူပံ အတီတာနဂတ ပစ္စုပ္ပန္နံ” ဟူသော ပုဒ်၌ပါသော “ရူပံ”သည် ခန္ဓာဟူသော ပရမတ်ကို ဟောလေသည်။
“ရူပူပ ပတ္တိယာ မဂ္ဂံ ဘာဝေတိ” ဟူသော ပုဒ်၌ပါသော “ရူပံ”သည် ရူပတ၀ ပညတ်ကို ဟောလေသည်။
“အဇ္ဈတ္တံ အရူပသည်ဗဟိဒ္ဓါ ရူပါနိပဿတိ” ဟူသော ပုဒ်၌ပါသော “ရူပ”သည် ကသိုဏ်းနိမိတ်ပညတ်ကို ဟောသည်။
“သရူပါဘိက္ခဝေ ဥပ္ပဇ္ဇန္တိ ပါပကာ အကုသလာ ဓမ္မာနာ အရူပါ” ဟူသော ပုဒ်၌ပါသော “ရူပ” သဒ္ဒါသည် အကြောင်းပညတ်ကို ဟောလေသည်။
“အာကာသော ပရိဝါသော ရူပန္တေ၀ သင်္ခံ-ဂစ္ဆတိ” ဟူသောပုဒ်၌ပါသော “ရူပ”သည် ကိုယ်ဟူသော အပေါင်း ပညတ်ကို ဟောသည်။
“စက္ခုဉ္စ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ”ဟူသော ပုဒ်၌ပါသော “ရူပ” သဒ္ဒါသည် အဆင်းဟူသော ပရမတ်ကို ဟောသည်။
“ရူပပ္ပမာဏော ရူပပ္ပသန္နော”ဟူသော ပုဒ်၌ပါသော “ရူပ” သဒ္ဒါသည် သဏ္ဌာန်ဟူသော ပညတ်ကို ဟောသည်။
ဤသို့စသော များစွာသော အနက်ရှိသော ရူပသဒ္ဒါကို ၎င်း၏ အတွဲဖြစ်သော ဆက်စပ်သော ပုဒ်တို့ကို ကြည့်၍ ပရမတ် အနက်ရှိသောပုဒ်၊ ပညတ်အနက်ဟောသောပုဒ်တို့ကို ခွဲခြားပြီးလျှင် အဓိပ္ပာယ်ကို အလုပ်သဘော ရောက်အောင် ကောက်ယူရလေသည်။
ဤယခု ပါဠိတော် ဟောပုဒ်တွင် “ ကောစ ဘိက္ခဝေ ရူပါနံ အဿာဒေါ” ဟူသော ပုဒ်၌ပါသော “ရူပ” သဒ္ဒါကား “အယံပန ရူပသဒ္ဒေါ ဣတ္ထိရူပံ”ဟု အင်္ဂုတ္တရဋ္ဌကထာဆိုသော အတိုင်း ပညတ်ဖြစ်သော “မိန်းမရုပ”ကို ကောက်ယူရလေသည်။
သို့ကြောင့် ထိုအဆင်းရုပ်၏ သာယာဖွယ်ကား၊ မိမိ၏ စိတ်၌ နှစ်သက်ဖွယ်၊ သာယာဖွယ်၊ တပ်မက်ဖွယ်၊ ကြည့်ချင်ဖွယ်၊ လိုချင်ဖွယ်ဖြစ်သော ထိုအဆင်းကို မြင်ရသဖြင့် ထိုအဆင်းကို အစွဲပြု၍ မိမိ၌ ချမ်းသာမူ၊ ၀မ်းသာမူ၊ ကျေနပ်မူသည် ထိုအဆင်း၏ သာယာဖွယ်တည်း။ ယင်း သာယာဖွယ်ဟူသည် ထိုအဆင်း ၀တ္ထုကာမအပေါ်၌ ကိလေသာ ကာမအားဖြင့် တပ်မက်သော ကာမဂုဏ်စိတ်ဖြစ်သော အခိုက်တွင် ဖြစ်လေသည်။
ထိုအခိုက်တွင် ဖြစ်သော ကိလေသာစိတ်တို့ ပွားစီးအောင်မပြတ် နှလုံးသွင်းအားဖြင့် ကာမအာရုံ ကာမဂုဏ်သည် အလွန်ခိုင်ခံ့သော အဆောက်အအုံအဖြစ်သို့ ရောက်ရှိလေသဖြင့် ထိုအာရုံ ကာမဂုဏ်တို့၏အစ သာယာဖွယ်ကို မြင်နိုင် သိနိုင်စေရန် မြတ်စွာဘုရား ဟောကြားတော်မူလေသည်။
ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment