Sunday, 6 January 2013

မေတ္တသုတ်ပရိတ်တော်ဝတ္ထုဖြစ်စဉ် ပါဠိတော် အနက် အကျိုးသွား

မေတ္တသုတ်ပရိတ်တော် ၀တ္ထုဖြစ်စဉ်
သာဝတ္ထိပြည်မွန် ဇေတ၀န်ကျောင်းတော်၌ ဂေါတမမြတ်စွာဘုရား သီတင်းသုံး စံနေတော်မှုစဉ် ငါးရာသောရဟန်း အစု တစ်စုသည် တစ်ခုသော ၀ါဝင်ခါနီးကာလ၌ မြတ်စွာဘုရားသခင်အား ဖူးမြော်ရှိခိုး၍ ကမ္မဋ္ဌာန်းနိဿယများ ယူကာတောအုပ် တစ်ခုတွင် ၀ါဆိုလျက် ကမ္မဌာန်းတရား အားထုတ်ကြလေသည်။


ရဟန်းတော်များသည် တောအုပ်အနီး ရွာများတွင် နံနက်ဆွမ်းကို ပြည့်စုံစေလျက် တောအုပ်အနီး ရွာများတွင် နံနက်ဆွမ်းကို ပြည့်စုံစေလျက် ညအခါမှာ တောအုပ်တွင်းရှိ သစ်ပင်ကြီးများကို မှီခိုကာ တစ်ပင်လျှင် တစ်ပါးကျ သီတင်းသုံး၍ တရားကျင့်တော်မှုကြလေ၏။ ထိုအချိန်တွင် သစ်ပင်ပေါ်ရှိ ရုက္ခစိုး များသည် ရဟန်းတော်များ၏ အထက်တွင် မနေ၀ံ့ကြသဖြင့် မြေပြင်တွင် ဆင်း၍ ဒုက္ခခံကာ နေထိုင်ကြရလေသည်။

အချို့ရုက္ခစိုးများမှာ ကလေးငယ်များရှိကြသဖြင့် ရဟန်းတော်များ တစ်နေ့ပြန်နိုး တစ်ရက်ပြန်နိုးဖြင့် စောင့်စား နေပါသော်လည်း ရုတ်တရက် မပြန်တော့သဖြင့် အချင်းချင်းညှိနှိုင်းကာ ငါးရာသော ရဟန်းတို့ ကြောက်လန့်ထွက်ပြေး စေရေးအတွက် ကြောက်မက်ဖွယ်ရာ ဘီလူးကြီး၊ နဂါးကြီးအဖြစ်ပြ၍ လည်းကောင်း၊ ထိတ်လန့်ဖွယ်ရာ အသံဆိုး အသံနက်ကြီးများဖြင့် လည်းကောင်း၊ ရွှံရှာဖွယ်ရာ အပုပ်နံ့ကြီးများဖြင့်လည်းကောင်း ခြောက်လှန့် ဖျက်ဆီးကြတော့သည်။

ရဟန်းတော်များသည် တစ်ပါးစီ ခြောက်လှန့်ခံကြရသည်ဖြစ်ရာ ကမ္မဋ္ဌာန်းဘာဝနာကို အားထုတ်ရာတွင် သမာဓိ မရနိုင်တော့သည့်အဆုံး ခေါင်းဆောင်မထေရ်ကြီးအား အသိပေးလျက် မြတ်စွာဘုရားရှိရာ သာဝတ္တိပြည် ဇေတ၀န်ကျောင်းတော်သို့ ပြန်လာခဲ့ကြလေသည်။

ဘုရားသခင်၏ ရှေ့မှောက်၌ ဖြစ်ပျက်ပုံအကြောင်းများကို လျှောက်ထားသည့်အခါ ရှင်တော်မြတ်ဘုရားက ရဟန်းငါးရာတို့ကို မေတ္တာကမ္မဌာန်း စီးဖြန်းကြစေရန် မေတ္တသုတ်တော်ကို ဟောဖော်သင်ကြား၍ ယင်းတောအုပ် သို့ပင် ပြန်လည် စေလွှတ်လိုက်လေသည်။

မေတ္တာ ကမ္မဌာန်း စီးဖြန်း၍ မေတ္တသုတ်ကို ရွတ်ဖတ်သရဇ္ဈာယ်သွားသော ရဟန်းတော်ငါးရာကို ရုက္ခစိုးနတ်တို့သည် မနာလိုစိတ်များ ပျောက်ကွယ်၍ လူအဖြစ် ဖန်ဆင်းလျက် ခရီးဦး ကြိုသူကြို၊ ခြေဆေးသူက ဆေး၊ သပိတ်ပွေ့သူက ပွေ့နှင့် လုပ်ကျွေးကြကာ ၀ါကျွတ်သည့်အခါတွင် ရဟန်းငါးရာတို့ မှာ ကောင်းစွာတရားထူးရသည်မှ စ၍ မေတ္တသုတ်တော် ဖြစ်ပေါ် ရွတ်ဖတ်ခဲ့ကြပါသတည်း။

အလျဉ်းသင့်၍ လူတို့၌ မထားသင့် မထားအပ်သော ဗုဒ္ဓ၏ အဆိုအမိန့် တစ်ရပ်ကို ထပ်မံတင်ပြလိုပါသည်။ “ပဋိဃနိမိတ္တဉ္စ၊ မနှစ်သက်အပ်သော အနိဋ္ဌာရုံသည်လည်းကောင်း။ အယောနိသော မနသိကာရော စ၊ မသင့်မတင့် နှလုံးသွင်းခြင်းသည်လည်းကောင်း။ ဘိက္ခဝေ၊ ရဟန်းတို့။ ခေါ၊ စင်စစ်။ ဒေါသဿ၊ ဒေါသ၏။ ဥပ္ပါဒါယ၊ ဖြစ်ခြင်းငှာ။ ပစ္စယာ၊ အကြောင်းတို့ကား။ ဣမေ ဒွေ၊ ဤနှစ်ပါးတို့သာလျှင်တည်း။”
ဟုဆိုပါသည်။ ဒေါသ၏ မှုလရင်းမြစ်ကို ပယ်သတ်၍ မေတ္တာပွားနိုင်ရန် လိုအပ်လှပါကြောင်း ထပ်ဆောင်း တင်ပြအပ်ပါသတည်း။

၃ - မေတ္တသုတ်ပါဠိ
၄၆။ ယဿာ နုဘာဝတောယက္ခာ၊ 

နေ၀ ဒေဿန္တိ ဘီသနံ။
ယဥှိ စေ၀ါ နုယုဉ္ဖန္တော၊ 

ရတ္တိန္ဒိဝ မ-တန္ဒိတော။

၄၇။ သုခံ သုပတိ သုတ္တောစ၊ 

ပါပံ ကိဉ္စိ နပဿတိ။
ဧ၀ မာဒိ-ဂုဏူပေတံ၊ 

ပရိတ္တံ တံဘဏာမ ဟေ။

၄၈။ ကရဏီယ မတ္ထ-ကုသလေန၊
ယန္တသနံ္တ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူ စ၊
သုဝစော စဿ မုဒု အနတိမာနီ။

၄၉။ သန္တုဿကော စ သု-ဘရောစ၊
အပ္ပကိစ္စော စ သလ္လဟုက၀ုတ္တိ၊
သန္တိန္ဒြိယော စ နိပကော စ၊
အပ္ပဂဗ္ဘော ကုလေသွ နနုဂိဒ္ဓေါ။

၅၀။ န စ ခုဒ္ဒမာစရေ ကိဉ္စိ၊
ယေန ၀ိညူ ပရေ ဥပ၀ဒေယျုံ။
သုခနော ၀ ခေမိနော ဟောန္တု၊
သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္ထာ။

၅၁။ ယေ ကေစိ ပါဏ ဘူတတ္ထိ၊
တသာ ၀ါ ထာဝရာဝ န၀ သေသာ။
ဒီဃာ ၀ါယေ ၀ မဟန္တာ၊
မဇ္ဈိမာ ရဿကာ အဏုက-ထူလာ။

၅၂။ ဒိဋ္ဌာ ၀ါယေ၀ အဒိဋ္ဌာ၊
ယေ၀ ဒူရေ ၀သန္တိ အ၀ိဒူရေ။
ဘူတာ ၀ သမ ၻေ၀ သီ၀၊
သဗၺ သတၱာ ဘ၀ႏ ၳဳ သုခိတတၱာ။

၅၃။ န ပရော ပရံ နိကုဗ္ဗေထ၊
နာတိ မညေထ ကတ္ထစိ န ကဉ္စိ။
ဗျာရောသနာ ပဋိဃ-သည၊
နာည မညဿ ဒုက္ခ မိစေ ၦယ်။

၅၄။ မာတာ ယထာ နိယံ ပုတၱ-
မာယုသာ ဧက-ပုတ္တ မနုရက္ခေ။
ဧ၀မ္ပိ သဗ္ဗ-ဘူတေသု၊
မာနသံ ဘာဝယေ အပရိမဏံ။

၅၅။ မေတ္တဉ္စ သဗ္ဗ လောကသ္မိံ၊
မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊
အ-သမ္ဗာဓံ အ-ဝေရ မ-သပတံ္ထ။

၅၆။ တိဋ္ဌံ စရံ နိသိန္နော ၀၊
သယာနော ယာဝတာဿ-၀ိတ-မိဒ္ဓေါ။
ဧတံ သတိ ံ အဓိေ႒ယ်၊
ဗြဟ္မ မေတံ ၀ိဟာရ’မိဓ မာဟု။

၅၇။ ဒီဌိဉ္စ အနုပဂ္ဂမ္မ၊
သီလ၀ါဒဿနေန သမ္ပန္နော။
ကာမေသု ၀ိနေယျ ဂေဓံ၊
န ဟိ ဇာတုဂၢဗ ၻေသယ် ပုန-ေရတိ။
မေတ္တ-သုတ္တံ နဋ္ဌိတံ။




၃- မေတ္တသုတ် အနက်
၄၆။ ယဿ၊ အကြင် မေတ္တသုတ်၏။ အာနုဘာဝတော၊ အာနုဘော်ကြောင့်။ ယက္ခာ၊ ဘီလူးတို့သည်။ ၀ါ၊ ဘုမ္မစိုးနတ်တို့သည်။ ဘီယနံ၊ ကြောက်မက်ဖွယ်သော အဆင်းကို။ နေ၀ ဒေဿန္တိ၊ မပြ၀ံကုန်။ ယမှိစေ၀-ယမှီစဧ၀၊ အကြင် မေတ္တသုတ် ပရိတ်တော်ကိုသာလျှင်။ ရတ္တိံ၊ ညဉ့်၌လည်းကောင်း။ ဒီဝံ၊ နေ့၌လည်းကောင်း။ အတန္ဒိတော၊ မပျင်းရိသည်ဖြစ်၍။ အနုယုဉ္စန္တော၊ လုံ့လပြုသောသူသည်။

၄၇။ သုခံ၊ ချမ်းသာစွာ။ သုပတိ၊ အိပ်ရ၏။ သုတ္တောစ၊ အိပ်ပျော်သော်လည်း။ ကိဉ္စိ၊ တစ်စုံတစ်ခုသော။ ပါပံ၊ မကောင်းသော အိပ်မက်ကို။ နပဿတိ၊ မမြင်မက်။ ဧ၀ မာဒိ ဂုဏူပေတံ၊ ဤသို့ အစရှိသောကျေးဇူးနှင့် ပြည့်စုံသော။ တံပရိတ္တံ၊ ထိုမေတ္တသုတ် ပရိတ်တော်ကို။ ဟေ၊ အရှင်သူတော်ကောင်းတို့။ မယံ၊ ငါတို့သည်။ ဘဏာမ၊ ရွတ်ဆိုကြကုန်အံ့။

၄၈။ သန္တံ၊ ငြိမ်သက်စွာသော။ ယံပဒံ၊ အကြင်နိဗ္ဗာန်သည်။ အတ္ထိ၊ ရှိ၏။ တံပဒံ၊ ထိုနိဗ္ဗာန်ကို။ အဘိသမေစ္စ၊ အာရုံပြုသောအားဖြင့် ကပ်၍။ ၀ါ ၊ လောကီဉာဏ်ဖြင့် သက်ဝင်၍။ အတ္ထကုသလေန၊ အစီးအပွား၌ လိမ္မာသောသူသည်။ ကရဏိယံ၊ ပြုအပ်၏။ သက္ကောစ၊ ပြုခြင်းငှာတတ်အားသည်လည်း။ အဿ၊ ဖြစ်ရာ၏။ ဥဇူစ၊ ဖြောင့်မတ်သည်လည်း။ အဿ၊ ဖြစ်ရာ၏။ သုဟုဇူစ၊ ကောင်းစွာ ဖြောင့်မတ်သည်လည်း။ အဿ၊ ဖြစ်ရာ၏။ သုဝစောစ၊ ပညာရှိတို့ ဆိုလွယ်သည်လည်း။ အဿ၊ ဖြစ်ရာ၏။ မုဒုစ၊ နူးညံ့သည်လည်း။ အဿ၊ ဖြစ်ရာ၏။ အနတိ မာနိစ၊ မာန်မရှိသည်လည်း။ အဿ၊ ဖြစ်ရာ၏။

၄၉။ သန္တုဿကောစ၊ ရောင့်ရဲလွယ်သည်လည်း။ အဿ၊ ဖြစ်ရာ၏။ သုဘရောစ၊ မွေးမြူလွယ်သည်လည်း။ အဿ၊ ဖြစ်ရာ၏။ အပ္ပကိစ္စောစ၊ နည်းသောကိစ္စသည်လည်း။ အဿ၊ ဖြစ်ရာ၏ သလ္လဟုက၀ုတ္တိစ၊ ပေါ့သော အသက်မွေးခြင်းရှိသည်လည်း။ အဿ၊ ဖြစ်ရာ၏။ သန္တီန္ဒြိယော၊ ငြိမ်သက်သော ဣနြေ္ဒရှိသည်လည်း။ အဿ၊ ဖြစ်ရာ၏။ နီပကောစ၊ ရင့်သောပညာရှိ သည်လည်း။ အဿ၊ ဖြစ်ရာ၏။ အပ္ပဂဗ္ဘောာစ၊ မကြမ်းတမ်းသည်လည်း။ အဿ၊ ဖြစ်ရာ၏။ ကုလေသု၊ ဒါယကာ တို့၌။ အနနုဂိဒ္ဓေါစ၊ မမက်မောသည်လည်း။ အဿ၊ ဖြစ်ရာ၏။

၅၀။ ယေန၊ အကြင် မကောင်းသော အမူနှင့်။ ၀ိညူ၊ ပညာရှိကုန်သော။ ပရေ။ တစ်ပါးသော သူတို့ဥည်။ ဥပ၀ဒေယျုံ၊ ကဲ့ရဲ့ကုန်၏။ ကိဉ္စိ၊ တစ်စုံတစ်ခုသော။ တံ၊ ပညာရှိတို့သည် ကဲ့ရဲ့အံ့သောထိုအမူကို။ ခုဒ္ဒမ္ပိ၊ အနည်းငယ်မျှသော်လည်း။ နစအာစရေ၊ မကျင့်ရာ။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ သတ္တာ၊ သတ္တ၀ါတို့သည်။ သုခိ နောဝါ၊ ချမ်းသာခြင်း ရှိကုန်သည်လည်းကောင်း။ ခေမိ နောဝါ၊ ဘေးမရှိကုန်သည်လည်းကောင်း။ ဟောန္တု၊ ဖြစ်စေကုန်သတည်း။ သုခိတတ္တာ၊ ချမ်းသာသော ကိုယ်စိတ်ရှိကုန် သည်လည်း။ ဘ၀န္တု၊ ဖြစ်စေကုန်သတည်း။

၅၁။ အန၀သေသာ၊ အကြွင်းမရှိကုန်သော။ ယေကေစိ၊ ခပ်သိမ်းကုန်သော။ ပါဏဘူတာဝါ၊ ထွက်သက်ဝင်သက်ရှိကုန်သော သတ္တ၀ါတို့သည်လည်းကောင်း။ တသာဝါ၊ လန့်တတ်သော သတ္တ၀ါ တို့သည်လည်းကောင်း။ ထာဝရာဝါ၊ တည်ကြည် ငြိမ်သက်သော သတ္တ၀ါတို့သည် လည်းကောင်း။ ဒီဃာ၊ ရှည်ကုန်သော။ ယေသတ္တ၀ါ၊ အကြင်သတ္တ၀ါတို့သည်လည်းကောင်း။ မဟန္တ၀ါ၊ ကြီးသော သတ္တ၀ါတို့သည်လည်းကောင်း။ မဇ္ဈိမာဝါ၊ မတို, မရှည်, မကြီး, မငယ်သော သတ္တ၀ါတို့သည်လည်းကောင်း။ ရသကာ၊ တိုသော သတ္တ၀ါတို့သည်လည်းကောင်း။ အဏုကထူလာစ၊ ကြုံသောသတ္တ၀ါ ဆူသော သတ္တ၀ါတို့သည်လည်းကောင်း။

၅၂။ ဒိဋ္ဌာ၊ မြင်အပ်ကုန်သော။ ယေသတ္တာဝါ၊ အကြင်သတ္တ၀ါတို့သည်လည်းကောင်း။ အဒိဋ္ဌာ၊ မမြင်အပ်ကုန်သော။ ယေသတ္တ၀ါ၊ အကြင်သတ္တ၀ါတို့သည်လည်းကောင်း။ ဒူရေ၊ အဝေး၌။ ၀သန္တိ၊ နေကုန်၏။ တေသတ္တ၀ါ၊ ထိုသတ္တ၀ါတို့သည်လည်းကောင်း။ အ၀ိ ဒူရေ၊ မနီး မဝေးသော အရပ်၌။ ၀သန္တိ၊ နေကုန်၏။ တေသတ္တာဝါ၊ ထိုသတ္တ၀ါတို့သည်လည်းကောင်း။ အ၀ိ ဒူရေ၊ မနီးမဝေးသော အရပ်၌။ ၀သန္တိ၊ နေကုန်၏။ တေသတ္တ၀ါ၊ ထိုသတ္တ၀ါတို့သည်လည်းကောင်း။ ဘူတာဝါ၊ ဖြစ်ပြီးသော သတ္တ၀ါတို့သည်လည်းကောင်း။ သမ္ဘဝေသီဝါ၊ နောင်ဖြစ်လတ္တံ့သော သတ္တ၀ါတို့သည် လည်းကောင်း။ တစ်နည်းကား-သမ္ဘဝေ၊ သုက်၌။ သီဝါ၊ ကိန်းသော သတ္တ၀ါတို့သည်လည်းကောင်း။ အတ္ထိ၊ ရှိကုန်၏။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ သတ္တာ၊ သတ္တ၀ါတို့သည်။ သုခိတတ္တာ၊ ချမ်းသာသော ကိုယ်, စိတ် ရှိကုန်သည်။ ဟောန္တု၊ ဖြစ်စေကုန်သတည်း။

၅၃။ ပရော၊ သူတစ်ပါးသည်။ ပရံ၊ သူတစ်ပါးကို။ နနိကုပ္ပေထ၊ အမျက်မထွက်ရာ။ ကတ္ထစိ၊ တစ်စုံတစ်ခုသော အမူ၌။ နံ၊ ထိုသူတစ်ပါးကို။ ဗျာရောသနာ ဗျာရောသနာယ၊ ချုပ်ချယ်သော စကားဖြင့်လည်းကောင်း။ ပဋိဃသညာ-ပဋိသညာယ၊ အမျက်ထွက်သော အမှတ်ဖြင့် လည်းကောင်း။ ကိဉ္စိ၊ တစိုးတစိမျှ။ နာတိမညေထ၊ မထီမဲ့မြင် မအောက်မေ့ရာ။ အညမညဿ၊ အချင်းချင်း၏။ ဒုက္ခံ၊ ဆင်းရဲခြင်းကို။ န ဣေစၦယ်၊ အလုိမရွိရာ။

၅၄။ မာတာ၊ အမိသည်။ နိယံပုတ္ထံ၊ မိမိကိုမှီ၍ ဖြစ်သော။ ဧယပုတ္တံ၊ တစ်ယောက်တည်းသော သားကို။ အာယုသာ၊ အသက်ကြောင့်။ အနုရက္ခေယထာ၊ အဖန်တလဲလဲ စောင့်သကဲ့သို့။ ဧ၀မ္ပိ၊ ထို့အတူလည်းကောင်း။ သဗ္ဗဘူတေသု၊ ခပ်သိမ်းသော သတ္တ၀ါတို့၌။ အပရိမာဏံ၊ အတိုင်းမသိသော။ မာနသံ၊ မေတ္တာစိတ်ကို။ ဘာဝယေ၊ ပွားစေရာ၏။

၅၅။ ဥဒ္ဓံ၊ အထက်၌လည်းကောင်း။ အဓောစ၊ အောက်၌လည်ေးကာင်း။ တီရိယဉ္စ၊ ဖီလာ၌လည်းကောင်း။ သဗ္ဗလောကသ္မိံ၊ ခပ်သိမ်းသော လောက၌။ အသမ္ဗာဓံ၊ ကျဉ်းမြောင်း ခြင်းလည်း မရှိထသော။ အဝေရံ၊ အတွင်းရန်လည်း မရှိထသော။ အသပတ္တံ၊ အပရန်လည်း မရှိထသော။ အပရိမာဏံ၊ အတိုင်း မသိသော။ မာနသံ၊ မြတ်နိုးခြင်း တည်းဟူသော။ မေတ္တဉ္စ၊ မေတ္တာစိတ်ကိုလည်း။ ဘာဝယေ၊ ပွားစေရာ၏။

၅၆။ ယာဝတာ၊ အကြင်မျှလောက်။ ပိတမိဒ္ဓေါ၊ ကင်းသော ငိုက်မျဉ်းခြင်းရှိသည်။ အဿ၊ ဖြစ်ရာ၏။ တာဝတ၊ ထိုမျှလောက်။ တိဋ္ဌံဝါ၊ ရပ်သော်လည်းကောင်း။ စရံဝါ၊ သွားသော်လည်းကောင်း။ နိသိန္နောဝါ၊ ထိုင်သော်လည်းကောင်း။ သယာနောဝါ၊ လျောင်းသော်လည်းကောင်း။ ဧတံ သတိံ၊ ထိုမေတ္တာစိတ်နှင့် ယှဉ်သော သတိကို။ အဓိဋ္ဌေယျ၊ အမြဲဆောက်တည်ရာ၏။ ဧတံ ၀ိဟာရံ၊ ထိုမေတ္တာစိတ်နှင့် ယှဉ်၍ နေခြင်းကို။ ဗြဟ္မံ၊ မြတ်သော။ ၀ိဟာရံ၊ နေခြင်းဟဒူ၍။ ဣဓ၊ ဤသာသနာတော်၌။ အာဟု၊ ဆိုကုန်၏။

၅၇။ ဒိဋ္ဌိဉ္စ၊ မှားသော အယူသို့လည်း။ အနုပဂ္ဂမ္မ၊ မကပ်မူ၍။ သီလ၀ါ၊ သီတင်းရှိသည်ဖြစ်၍။ ဒဿနေန၊ မဂ်ပညာနှင့်။ သမ္ပန္နော၊ ပြည့်စုံသည်ဖြစ်၍။ ကာမေသု၊ ၀တ္ထုကာမ, ကိလေသာကာမတို့၌။ ဂေဓံ၊ တပ်ခြင်းကို။ ၀ိနေယျ၊ ဖျောက်ရာ၏။ သော၊ ထိုသူသည်။ ဂဗ္ဘသေယျံ၊ အမိဝမ်း၌ ပဋိသန္ဓေနေခြင်းသို့။ ပုန၊ တစ်ဖန်၊ ဇာတု၊ အကယ်မလွဲသဖြင့်။ နဟိ ဧတိ၊ မရောက်။


မေတ္တ သုတ္တံ၊ မေတ္တသုတ် ပရိတ်တော်သည်။ 

နိဋ္ဌိတံ၊ ပြီးပြီ။


မေတ္တသုတ်တော် ရွတ်ဖတ်ရခြင်း အကျိုး
မေတ္တသုတ်တော်ကို အမြဲမပြတ် သရဇ္ဈာယ်လေ့ရှိသူတို့မှာ အပလောက ပယောဂ အခြောက်အလှန့် ခံရခြင်း၊ အနာရောဂါ ကင်းခြင်း၊ အိပ်မက်ဆိုး၊ နိမိတ်ဆိုး၊ အတိတ်ဆိုးများ မတွေ့ကြုံရခြင်း၊ လူ၊ နတ် အများ ချစ်ခင်ကြခြင်း၊ အဆိပ်လက်နက် မစူးရှခြင်း၊ ရူးသွပ်သော ဝေဒနာ ကင်းခြင်းမှ စ၍ ဗြဟ္မာဘုံရောက်သည်အထိ အကျိုးပေးနိုင်စွမ်းရှိလေသည်။


အထက်ဖော်ပြပါ ရတနသုတ်တော်ပါဠိတော်ကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။


ကိုးကား

သစ္စာမဏ္ဍိုင် ဆယ်စောင်တွဲစာအုပ်
ပါဠိဆရာကြီးဦးအောင်တင် ဗုဒ္ဓပရိတ်တော်နှင့် အန္တရာယ်ကင်း ဂါထာပေါင်းချုပ်စာအုပ်

No comments:

Post a Comment