Thursday, 3 January 2013

ပရိတ်နိဒါန်း ခေါ် နတ်ပင့်

ပရိတ်တော် ဗုဒ္ဓမန္တန်များ မရွတ်ဖတ်မီ ဦးစွာသာသနာတော်စောင့် နတ်များကို ပင့်ဖိတ်ရလေသည်။ ဤကဲ့သို့ ပင့်ဖိတ်၍ ရွတ်ဖတ်ခြင်းကြောင့် ဒါနမှု၊ သီလမှု၊ ဘာဝနာမှုများကို လူသားများကဲ့သို့ ပိုင်ပိုင်နိုင်နိုင် အားမထုတ် နိုင်ရှာကြသော နတ်ဒေ၀ါများသည် ကြားရာ သိရာ အရပ်က လာရောက်၍ ပရိတ်ဒေသနာကို နာကြားခွင့်ရကြလေသည်။ သာသနာတော် အပေါ်၌လည်း ပို၍ ကြည်ညို လာလေတော့သည်။ သာသနာတော် အဓွန့်ရှည်ရေးအတွက် မိမိတို့ နတ်ဘ၀မှ တတ်နိုင်သမျှ ကူညီဝိုင်းဝန်း ပြုစုကြပေသည်။

ထိုနတ်ဒေ၀ါများ၏ ကုသလကမ္မ ကောင်းကျိုးပြုလုပ်ငန်းမှန်သမျှ မိမိတို့က ဖိတ်ကြား ရွတ်ဖတ်ပေးသော ဗုဒ္ဓမန္တန်ခေါ် ပရိတ်တော်များက အကြောင်းခံသည်ဖြစ်ရာ “သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ” ဟူသော ဗုဒ္ဓဘာသိတ ပါဠိတော်အရ ပရိတ်မန္တန်တော် ရွတ်ဖတ်သူတို့၏ အမွန်မြတ်ဆုံး အသာလွန်ဆုံးသော ဓမ္မဒါန တရားကြီး ဖြစ်ပေသည်။

ထိုအကျိုးတရားကို ရရှိသော နတ်ဒေ၀ါ များမှာလည်း ရွတ်ဖတ်သူ မိမိတို့အပေါ်၌် ကြည်ညိုစိတ်၊ ခင်မင်စိတ်၊ လေးစားစိတ်များ ဖြစ်ပွားပေါ်ပေါက်လာကာ ကျေးဇူးတင်ရှိစွာဖြင့် ဘေးအန္တရာယ်ကင်းအောင် လိုရာဆန္ဒပြည့်ဝအောင် စောင်မကြည့်ရူကြမည်မှာ မလွဲမသွေ ဖြစ်သဖြင့် ပရိတ်မရွတ်မီမှာ နတ်ပင်ပ နတ်ဖိတ်ပြုခဲ့ကြခြင်း ဖြစ်ပေသည်။



ပရိတ်နိဒါန်း ခေါ် နတ်ပင့် ပါဠိ
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗဒ္ဓုဿ

၁။ သမန္တာ စက္က၀ါဠှေသု၊ အတြာဂစ္ဆန္ထုဒေ၀တာ။
သဒ္ဓမ္မံ မုနိရာဇဿ၊ သုဏန္တု သဂ္ဂမောက္ခဒံ။

၂။ ဓမ္မဿ ၀နကာလော အယံ ဘဒ္ဒန္တာ။

၃။ နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၎။ ယေ သန္ထာ သန္တစိတ္တာ, တိသရဏသရဏာ, ဧတ္ထ လောကန္တရေ၀ါ။ ။ ဘုမ္မာ ဘုမ္မာစ ဒေ၀ါ, ဂုဏ ဂဟ ဂဟဏ, ဗျာဝဋာ သဗ္ဗကာလံ။

ဧတေ အာယန္တု ဒေ၀ါ, ၀ရ ကနကမယေ, မေရုရာဇေ ၀သန္တော။ ။ သန္တောသန္တောသ ဟေတုံ, မုနိဝရ၀စနံ, သောတုမဂံ္ဂ သမဂ္ဂါ။

၅။ သဗ္ဗေသု စက္က၀ါဠေသု၊ ယက္ခာ ဒေ၀ါ စ ဗြဟ္မနော။
ယံ အမှေဟိ ကတံ ပုညံ၊ သဗ္ဗသမ္ပတ္တိသာဓကံ။

၆။ သဗ္ဗေတံ အနုမောဒိတွာ၊ သမဂ္ဂါ သာသနေ ရတာ။
ပမာဒရဟိတာ ဟောန္တု၊ အာရက္ခာသု ၀ိသေသတော။

၇။ သာသနဿ စ လောကဿ၊ ၀ုဍ္ဎီ ဘ၀တု သဗ္ဗဒါ။
သာသနမ္ပိ စ လောကဉ္စ၊ ဒေ၀ါ ရက္ခန္တု သဗ္ဗဒါ။

၈။ သဒ္ဓိံ ဟောန္တု သုခီ သဗ္ဗေ၊ ပရိဝါရေဟိ အတ္တနော။
အနီဃာ သုမနာ ဟောန္တု၊ သဟ သဗ္ဗေဟိ ဉာတိဘိ။

၉။ ရာဇတော ၀ါ စောရတော ၀ါ
မနုဿတော ၀ါ အမနုဿတော ၀ါ
အဂ္ဂိတော ၀ါ ဥဒကတော ၀ါ
ပိသာစတော ၀ါ ခါဏုကတော ၀ါ
ကဏကတော ၀ါ နက္ခတ္တတော ၀ါ
ဇနပဒရာဂတော ၀ါ အသဒ္ဓမ္မတော ၀ါ
အသန္ဒိဋ္ဌိတော ၀ါ အသပ္ပုရိသတော ၀ါ
စဏ္ဍ ဟတ္ထိ အဿ မိဂ ဂေါဏ ကုက္ကုရ အဟိဝိစ္ဆိကမဏိသပ္ပ ဒီပိ အစ္ဆ တရစ္ဆ သူကရ မဟိံ သ ယက္ခ ရက္ခသာဒီဟိ
နာနာဘယတော ၀ါ နာနာရောဂတော ၀ါ
နာနာဥပဒ္ဒ၀တော ၀ါ အာရက္ခံ ဂဏှန္ထု။

အထက်ဖော်ပြပါ ပရိတ်နိဒါန်း ခေါ် နတ်ပင့် ပါဠိတော်ကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။

ပါဠိဆရာကြီးဦးအောင်တင် ဗုဒ္ဓပရိတ်တော်နှင် အန္တရာယ်ကင်း ဂါထာပေါင်းချုပ် စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။

No comments:

Post a Comment