Wednesday, 2 January 2013

တောသူမလေးနှင့် စွန်ရဲတို့၏ ရွှေအင်တာဗျူး

http://www.addcode.net/image/divider-images/divider-086.gif

ရွှေမြန်မာဥယျာဉ်မှာ အပန်းဖြေကြတဲ့ ရွှေမိသားစုကြီးအားလုံး


http://api.ning.com/files/gJ0sFykN4HmRqFpGDq8OsF*fqRHQHAXlbOhVBQtegKNDdRIojHDWkjF1d0Lcy73dEYYCFAuGFb2oA0gbRVq8qbVrwYcPxcU4/5.gif 



ဒီတစ်ပတ် ရွှေမြန်မာဥယျာဉ်မှ အပတ်စဉ်ကျင်းပနေကြဖြစ်သော ကျွန်မတို့ ရွှေမြန်မာဥယျာဉ်ရဲ့ အင်တာဗျူးအစီအစဉ်ကဏ္ဍလေးကို ထပ်မံတင်ဆက်ဖို့ အချိန်ကျရောက်လာပါပြီ။ ဒီတစ်ပတ်မှာတော့ အင်တာဗျူးအစီအစဉ်လေးကို တောသူမလေးမှ တာဝန်ယူတင်ဆက်ပေးမှာဖြစ်ပြီး အင်တာဗျူးအတွက် ရွေးချယ်ထားသူလေးကတော့ဖြင့်  စွန်ရဲ  လို့အမည်ရတဲ့ ရွှေမိသားစုရဲ့ မန်ဘာဝင်တစ်ဦးကို တောသူမလေး မှ ရွေးချယ်ပေးထားပါတယ်ရှင်။ ဒီလောက်ဆို ဖြေကြားပေးမယ့်သူရဲ့ နာမည်လေးကိုလည်း သိလိုက်ကြရပြီဆိုတော့ ရွှေမိသားစုအားလုံးလည်း မောင်လေး စွန်ရဲ နဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို အားလုံးပဲ သိချင်နေကြပြီလို့ ထင်ပါတယ်။ ဒီတော့ ရွှေမိသားစုကြီးကိုယ်စား တောသူမလေးမှ  မောင်လေးစွန်ရဲ ကို ရွှေမိသားစုကြီးအားလုံးကိုယ်စား မေးခွန်းလေးတွေမေးရင်း အင်တာဗျူး အစီအစဉ်လေးကို စလိုက်ကြရအောင်လားရှင်။






 မောင်လေးရေ မင်္ဂလာပါ… အစ်မတို့ ရွှေမြန်မာဥယျာဉ်အတွက် မောင်လေးကို အင်တာဗျူးလေးမေးချင်လို့ပါရှင်။



ဟုတ်ကဲ့ပါ အစ်မရေ.. မင်္ဂလာပါ  မေးပါခင်ဗျာ။



http://friends18.com/img/divider/0136.gifhttp://friends18.com/img/divider/0136.gif



ပထမဆုံးအနေနဲ့ မောင်လေးရဲ့ နာမည်အရင်းလေးနဲ့အတူ မောင်လေးရဲ့ မိသားစုဝင်တွေကိုလည်း မိတ်ဆက်ပေးပါအုံးရှင်။



ကျွန်တော်နာမည်လေးက  မောင်ဝင်းနိုင် ဖြစ်ပါတယ်ခင်ဗျာ… ကျွန်တော်တို့ မိသားစုလေးကတော့  ဖေဖေရယ် မေမေရယ် အကိုတစ်ယောက်ရယ် ကျွန်နော်ရယ်ပေါ့နော်… နောက်ပြီ ညီလေးနှစ်ယောက် ညီမလေးနှစ်ယောက်ရှိပါတယ်ခင်ဗျာ။ အားလုံးပေါင်း ၈ ယောက်ရှိပါတယ်ခင်ဗျာ။


http://friends18.com/img/divider/0136.gifhttp://friends18.com/img/divider/0136.gif



  မောင်လေးရဲ့ မွေးရပ်မြေ ယခုလက်ရှိနေထိုင်နေတဲ့ နေရပ်နဲ့အတူ မွေးသက္ကရာဇ်နဲ့ အသက်လေးကိုလည်း ရွှေမိသားစုကြီးအားလုံးက သိချင်မယ်လို့ထင်ပါတယ် ပြောပြပေးပါအုံးနော်။



ကျွန်တော်ရဲ့ မွေးရပ်မြေလေးကတော့ ထားဝယ်မြို့ဖြစ်ပါတယ်… အခုလက်ရှိမိသားစုတွေနေတာကတော့ သော့ကောင်းမြို့ ပဲဖြစ်ပါတယ်ခင်ဗျာ… ကျွန်တော်အခု လက်ရှိနေထိုင်တာကတော့ မလေးရှားနိုင်ငံမှာပါ ခင်ဗျာ။ ကျွန်တော်ရဲ့ မွေးသက္ကရာဇ် ကတော့ ၁၅. ၉. ၁၉၈၄  အသက်  ၂၈ ပဲ ဖြစ်ပါတယ် ခင်ဗျာ။


http://friends18.com/img/divider/0136.gifhttp://friends18.com/img/divider/0136.gif



 ရွှေမြန်မာဥယျာဉ်လေးထဲမှာ စွန်ရဲဆိုတဲ့ ဒီနာမည်လေးကို မောင်လေးအနေနဲ့ ဘယ်လိုစိတ်ကူးလေးနဲ့ ရွေးချယ်အသုံးပြု ဖြစ်ခဲ့ပုံလေးကိုလည်း သိချင်ပါတယ်ရှင်။



ကျွန်တော် ပေးထားတဲ့ စွန်ရဲဆိုတဲ့ နာမည်လေးကိုကျွန်တော်ရဲ့ ကျော်ဖြတ်နေရတဲ့ ဒီလောကကြီးကို မညည်းငွေ့အောင်ရယ် အခက်အခဲတွေကို ကျော်နိုင်အောင်ပေါ့နော်… စွန်ရဲ နာမည်လေးက ငှက်နာမည်လေးဆိုတော့ ပုံလေးနဲ့ လိုက်အောင်ပေးလိုက်ရ ခြင်းဖြစ်ပါတယ် ကျွန်တော်လည်းအရမ်းကြိုက်လို့ ပေးလိုက်တာပါ ခင်ဗျာ။


http://friends18.com/img/divider/0136.gifhttp://friends18.com/img/divider/0136.gif



မောင်လေး ရွှေမြန်မာဥယျာဉ်ဆိုဒ်လေးထဲကို ရောက်တာကြာပြီလား၊ ဒီဆိုဒ်လေးထဲကိုဘယ်သူရဲ့ ဖိတ်ခေါ်မူကြောင့် ရောက်ရှိလာပြီးမှ စတင်အသုံးပြုဖြစ်ခဲ့သလဲ ဆိုတာလေးကိုလည်း သိပါရစေရှင်။



ကျွန်တော် ရွှေမြန်မာဥယျာဉ်လေးထဲကိုရောက်လာတာ ၁၀-လလောက်ရှိပါပြီခင်ဗျာ သူငယ်ချင်းတစ်ယောက်ဆီက မေးရလို့ ဝင်လာပြီးမှ စတင်အသုံးပြု ဖြစ်ခဲ့တာပါခင်ဗျာ။


http://friends18.com/img/divider/0136.gifhttp://friends18.com/img/divider/0136.gif



 မောင်လေးအနေနဲ့ ရွှေထဲကို စတင်ဝင်ရောက်မယ်လို့ ဆုံးဖြတ်တုန်းက ဘယ်လိုရည်ရယ်ချက်နဲ့ ဝင်ခဲ့တာလဲ? ရွှေထဲဝင်ပြီးနောက် ရွှေမြန်မာဥယျာဉ်အပေါ် ဘယ်လိုစိတ်ခံစားမှု့တွေ ဖြစ်စေခဲ့သလဲ။



ရည်ရွယ်ချက်ကတော့ အထွေအထူးမရှိပါဘူး ခင်ဗျာ… သူငယ်ချင်းတွေနဲ့တွေဆုံမယ်… တစ်ခါတစ်လေ စာရေးမယ်ပေါ့… ရောက်လာပြီးတဲ့ နောက်တော့လည်း နွေးထွေးမူရှိလှတဲ့ ဒီဆိုဒ်ကလေးမှာ ပျော်ပါတယ် အားလုံးက ရင်းရင်းနှီးနှီး ဆိုတော့လေ…။


http://friends18.com/img/divider/0136.gifhttp://friends18.com/img/divider/0136.gif



မောင်လေး ဒီရွှေမြန်မာဥယျာဉ်လေးကို အသုံးပြုတဲ့အခါကြုံတွေ့ရတဲ့ နည်းပညာအခက်အခဲလေးတွေ အသုံးပြုနေရတဲ့ ရွှေမြန်မာဥယျာဉ်ရဲ့ ဒီဇိုင်းပုံတွေနဲ့ လိုအပ်ချက်လေးတွေစသည်ဖြင့် အသုံးပြုသူဘက်ကနေ ဝေဖန် အကြံပြုစရာလေးတွေ ရှိခဲ့မယ်ဆိုရင် ထောက်ပြအကြံပေးပါလား ။



ကျွန်တော် ဒီဆိုဒ်လေးမှာသုံးပြုရတာ ဘာအခက်အခဲမှ မရှိပါဘူး ခင်ဗျာ… တင်ပြပေးထားတာ အားလုံးကလည်း အဆင်ပြေပါတယ်… ဒီဇိုင်းလေးတွေကလည်း အရမ်းကောင်းပါတယ် ခင်ဗျာ။


http://friends18.com/img/divider/0136.gifhttp://friends18.com/img/divider/0136.gif



လူအများစုက ငယ်စဉ်အချိန် ဆယ်ကျော်သက်အရွယ်ကတည်းက ကိုယ့်ဘဝရဲ့ အသက်မွေးဝမ်းကြောင်းနဲ့ပတ်သက်လို့ ရည်ရွယ်ချက်လေးတွေ ကိုယ်စီရှိကြပါတယ်။ အဲ့ဒီတုန်းက ထားခဲ့တဲ့ရည်ရွယ်ချက်နဲ့ ယခုလက်ရှိပိုင်ဆိုင်နေတဲ့ အခြေအနေလေးကရော ထပ်တူကြခဲ့ပါသလား? ထပ်တူကျခဲ့ရင်ဖြစ်စေ၊ ထပ်တူမကျခဲ့ရင်ဖြစ်စေ ထိုအချက်လေးတွေအပေါ် စိတ်ခံစားမှုလေး တွေကိုလည်း ဆိုဒ်ထဲမှသူငယ်ချင်းများ သိအောင်ဖြေကြားပေးပါလား။



ကျွန်တော်ငယ်ရွယ်စဉ်က မိဘတွေရဲ့ လက်အောက်မှာ နေလာရတယ်ဆိုတော့  အသက်မွေးဝမ်းကြောင်းနဲ့ ပတ်သက်လို့ ဘာအခက်အခဲ့မှတော့ မရှိပါဘူး ခင်ဗျာ… ကျွန်တော့်မှာ ရည်ရွယ်ချက်ကတော့ရှိပါတယ် ငယ်စဉ်က ရည်ရွယ်ချက်နဲ့ အခု ရည်ရွယ်ချက်ကတော့ တစ်ခြားဆီပါ ဘာမှလည်းမဆိုင်သလိုပါပဲ… ဟိဟိ    ငယ်စဉ်ကရည်ရွယ်ချက်နဲ့ အခုရည်ရွယ်ချက်ကို ထပ်တူကြဖို့ဆိုတာကလဲ ငယ်စဉ်က ငယ်သေတော့ စိတ်က ကစားတတ်တယ်လေ အခုကတော့ အသက်ရွယ်ကလည်း ကြီးလာပြီဆိုတော့ နာလည်ဖို့ရနေပြီလေ.. အခုချိန်မှာ ဒီတစ်ခုကိုလုပ်မယ်ဆိုရင် ရည်ရွယ်ချက်နဲ့ ထပ်တူကျလာနိုင်မယ်လို့ မျှော်လင့်ချက်နဲ့ ကြိုးစားနေဆဲပါပဲ ခင်ဗျာ။



http://friends18.com/img/divider/0136.gifhttp://friends18.com/img/divider/0136.gif



မောင်လေးအနေနဲ့ ယနေ့မှစလို့ နောက်လာမယ့် ၄-နှစ် (သို့မဟုတ်) ၅-နှစ်ကျရင် ဘယ်လိုဘဝလေးကို ပိုင်ဆိုင်ခြင်လဲ? နောက်လာမယ့် ၅-နှစ်ရဲ့ ကိုယ့်ရည်မှန်းချက် ပစ်မှတ်လေး ကဘာဖြစ်မလဲ? ဒါမှမဟုတ် ဘာလုပ်ဖြစ်မလဲ ဘာလုပ်ခြင်သလဲ? စသည်ဖြင့် ရည်မှန်းချက်လေးတွေရှိခဲ့ရင် ဆိုဒ်ထဲကသူငယ်ချင်းများသိအောင် ဖြေပေးပါလား။



ကျွန်တော် နောက် ၄-၅ နှစ်ဆိုတာကို ကြိုပြီးတော့ မမြင်နိုင်လို့ အတပ်မပြောနိုင်ပေမယ့်  ဖြစ်ချင်တာကတော့ ကိုယ်ပိုင်လုပ်ငန်းလေး တစ်ခုနဲ့ ပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုတည်ဆောက်ပြီး စိတ်အေးချမ်းသာစွာနဲ့ ဘဝခရီး ဖြတ်သန်းသွားချင်ပါတယ် ခင်ဗျာ။


http://friends18.com/img/divider/0136.gifhttp://friends18.com/img/divider/0136.gif



 မောင်လေးအနေနဲ့ လူတွေရဲ့အမူအကျင့် အပြောအဆိုတွေကို ဘယ်လိုတွေကိုနှစ်သက်လဲ? ဘယ်လိုတွေကိုမနှစ်မျို့ဖူးလဲ? ဆိုတာကိုဖြေကြားခြင်တာရှိရင် ဖြေကြားပေးပါလား?



ကျွန်တော်ချစ်ခင်တာကတော့ ရိုးသားစွာပြောတတ်ပြီး စကားအပြောအဆို ယဉ်ကျေးတာကို ကြိုက်နှစ်သက်ပါတယ် ခင်ဗျာ… လိမ်လည် လည့်ဖြားတတ်ပြီး ပြောတာမျိုး စကားအပြောအဆို ရိုင်းတာမျိုးကို ကျွန်တော်မနှစ်သက်ပါဘူး ခင်ဗျာ။


http://friends18.com/img/divider/0136.gifhttp://friends18.com/img/divider/0136.gif



မောင်လေးရဲ့ ကိုယ်ပိုင်မိဘကျေးဇူးအပေါ်အမြင်လေးနဲ့ ခံစားမူလေးတွေရယ် မိဘကျေးဇူးကို ဘယ်လိုဆပ်မယ်လို့ ရည်ရွယ်ထားတယ်ဆိုတာလေးကိုလည်း ဖြေကြားပေးပါလား။



ကျွန်တော့်ကို လူ့ဘဝလေးထဲကို ရောက်အောင်ခေါ်လာတဲ့ ကျွန်တော် ဖေဖေနဲ့မေမေကို အရမ်းကျေးဇူးတင်ပါတယ်… ကျွန်တော်အသက်ရှင် နေသ၍ ဖေဖေနဲ့မေမေကျေးဇူးကို ကျွန်တော်  အမြဲဆပ်နေမှာပါ… ကျွန်တော် ငယ်ရွယ်စဉ်ကတည်းက ကျွေးမွေးးပြုစုလာခဲ့တာ ဒီအရွယ်တောင်ရောက်လာခဲ့ပါပြီ… ဖေဖေနဲ့မေမေ ကျေးဇူးကို ကျွန်တော် ဒီတစ်သက် ဆပ်လို့မနိုင်လောက်ပါဘူးဆိုတာ ကျွန်တော်သိပါတယ်… ဒါပေမဲ့ မိဘကျေးဇူးကို အကျေမဆပ်နိုင်ပေမဲ့ ဆပ်နိုင်သလောက် ကျေအောင်တော့ မိဘကျေးဇူးကို ဆပ်သွားမှာပါ ခင်ဗျာ။


http://friends18.com/img/divider/0136.gifhttp://friends18.com/img/divider/0136.gif



မောင်လေးရဲ့ ကျေးဇူးရှင်မိဘတွေဖြစ်တဲ့ အဖေအမေတို့ဆီကနေ သူတို့ရဲ့စိတ်ဓါတ် စည်းကမ်းနဲ့ ကိုယ်နူတ်အမူအရာ အမူအကျင့်တွေနဲ့ ပတ်သက်လို့ ဘာတွေအမွေရရှိထားလည်း ဆိုတာလေးကိုဖြေကြား ပေးပါအုံး။



 ဖေဖေနဲ့မေမေက ကျွန်တော်ကို ငယ်ရွယ်စဉ်းကတည်းက ဆိုဆုံးမခဲ့ပါတယ်… ဖေဖေနဲ့မေမေရဲ့ စိတ်ဓါတ်ကို ကျွန်တော်အမွေရခဲ့တာက  သူတစ်ပါးကို အနိုင်ကျင့်တာမျိုး သူတစ်ပါးကိုလှည့်ဖြားတာမျိုး  နောက်တစ်ခု မေမေပြောခဲ့တာ လူ့ဘဝကိုရောက်လာပြီဆိုရင် ကိုရဲ့ အကျင်စာရိတ္တကို ကောင်းမွန်အောင်ထိမ်းသိမ်းပါ။ ကိုယ့်ရဲ့ ပြောဆိုမူကြောင့်သူတစ်ပါးကို မထိခိုက်ပါစေနဲ့တဲ့ ကိုယ့်ကြောင့် သူတစ်ပါးကို ဒုက္ခ မရောက်အောင် ထိမ်းသိမ်းပါလို့ အမြဲပြောဆို ဆုံးမခဲ့ပါတယ် ခင်ဗျာ။


http://friends18.com/img/divider/0136.gifhttp://friends18.com/img/divider/0136.gif



အကယ်၍ မောင်လေးရဲ့ရည်မှန်းထားတဲ့ ဘဝရည်မှန်းချက်လေးတွေသာ ပြည့်စုံခဲမယ်ဆိုရင် အများအကျိုးရှိအောင် ဘယ်လိုအကျိုးပြုလုပ်ငန်းလေးတွေ လုပ်ခြင်သလဲဆိုတာ (ရည် မှန်းချက်ရှိခဲ့ရင်) ဖြေကြားပေးပါလား။



ကျွန်တော်ရဲ့ ကိုယ်လျှောက်ချင်တဲ့ ရည်မှန်းချက် ပြည့်စုံ မပြည့်စုံကျွန်တော် တတ်နိုင်တဲ့ ဘက်ကနေပြီးမှ ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်မှာ သာရေး နာရေး လိုအပ်တဲ့အရာမှန်သမျှ ဖြည့်ဆည်းပေးမှာပါ အကျိုးပြုလုပ်ငန်းတွေ ဘယ်နေရာမဆို အခွင့်ကြုံတိုင်း တတ်နိုင်သလောက် လုပ်မှာပါခင်ဗျာ။


http://friends18.com/img/divider/0136.gifhttp://friends18.com/img/divider/0136.gif



 မောင်လေးအကြိုက်ဆုံး စာရေးဆရာများရှိခဲ့ရင် ပြောပြပေးပါလား? ဘာကြောင့်သူတို့ကိုကြိုက်ရသလဲ? သူတို့ရဲ့ဘယ်လိုစာအရေးအသား ပုံစံလေးတွေကိုကြိုက်တာလည်းဆိုတာ ကိုယ်ပိုင်အမြင်လေးတွေကို ပြောပြပေးပါလား။



ကျွန်တော် စာပေးတွေကိုတော်တော်များများ ဖတ်ခဲ့ဖူးပါတယ်… တကယ် ကြိုက်နှစ်သက်တယ် ဆိုတာကတော့ မရှိပါဘူး… ကျွန်တော် အခုနောက်ပိုင်းမှာတော့ ဝထ္ထုတွေ မဂ္ဂဇင်းတွေကို မဖတ်ဖြစ်တော့ပါဘူး… တရားစာအုပ်တွေကို ဖတ်တာများပါတယ်… တရားစာအုပ်တွေထဲမှာ အများဆုံးဖက်တာကတော့ ဖားအောက်တောရ ဆရာတော် ရေးသားထားတဲ့ (နိဗ္ဗာနဂါမိနိပဠိပဒါ) နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ်  (ပါဠိစ္စသမုပ္ပါဒ်) တရားတွေကိုပဲ ဖက်တာများပါတယ် ခင်ဗျာ။


http://friends18.com/img/divider/0136.gifhttp://friends18.com/img/divider/0136.gif



တိရိစ္ဆာန်လေးတွေကိုရော မောင်လေးချစ်တက်သလား? ဘယ်တိရိစ္ဆာန်လေးတွေကို သဘောကျမိလဲ? ချစ်သလဲဆိုတာဖြေပေးပါလား။



ကျွန်တော် တိရိစ္ဆာန်လေးတွေကိုအရမ်းချစ်ပါတယ်… ဘယ်တိရိစ္ဆာန်ကိုမဆို ကျွန်တော်ချစ်ပါတယ် ခင်ဗျာ။ သူတို့ကတိရိစ္ဆာန်ဆိုပေမဲ့ သူတို့မှာလည်း အသက်တစ်ချောင်းနဲ့ ရှင်သန်နေရတာမို့လို့ ကိုယ်ချင်းစာစိတ်နဲ့ ချစ်တာပါ ခင်ဗျာ။ တိရိစ္ဆာန်လေးတွေက အရမ်းကိုသနား ဖို့ကောင်းပါတယ် ခင်ဗျာ။


http://friends18.com/img/divider/0136.gifhttp://friends18.com/img/divider/0136.gif



 မောင်လေးရဲ့ယုံကြည်ကိုးကွယ်မှု့ ဘာသာနဲ့ပတ်သက်လို့ ဘယ်သာသာကိုယုံကြည်ကိုးကွယ်ပြီး ဘယ်လိုအကြောင်းကြောင့် ဒီဘာသာကို ယုံကြည်ကိုးကွယ်ရသလဲ? နောက် ဘာသာရေးစာပေတွေနဲ့ ပတ်သက်လို့ မောင်လေးရဲ့ ကိုယ်ပိုင်အတွေးအမြင်လေးကိုလည်း အများသိအောင်ဖြေကြားပေးပါလား။



 ကျွန်တော် ဗုဒ္ဓဘာသာကို ကိုးကွယ်ပါတယ် … ဗုဒ္ဓဘာသာဟာ အမြတ်ဆုံးလို့ ကျွန်တော်ခံယူထားပါတယ်…  ဒီဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်ပါတယ်… ကံ ကံ၏အကျိုးကိုလည်း ယုံပါတယ်ခင်ဗျာ။


http://friends18.com/img/divider/0136.gifhttp://friends18.com/img/divider/0136.gif



 မောင်လေး စိတ်ညစ်လို့ပဲဖြစ်ဖြစ် ပျော်လို့ပဲဖြစ်ဖြစ် အဲ့လိုအချိန်မှာဘာလုပ်တတ်သလဲ။



ကျွန်တော်စိတ်ညစ်ရင် သီချင်းနားထောင်လိုက်ပါတယ် … ပျော်ရင်လည်း သီချင်းနားထောင်ပါတယ် ဟိဟိ


http://friends18.com/img/divider/0136.gifhttp://friends18.com/img/divider/0136.gif



မောင်လေးမှာ ယခုလက်ရှိ ချစ်သူရှိ/မရှိနဲ့ ရှိရင်မိတ်ဆက်ပေးပါအုံး၊ နောက်ပြီးအချစ်ရေးနဲ့ပတ်သတ်လို့ ၁၅၀၀-ချစ်ခြင်းမေတ္တာက ပူလောင်စေတယ်လို့ အများက ပြောကြပါတဲ့အပေါ်မှာ မောင်လေးရဲ့ ကိုယ်ပိုင်အမြင်လေးကို ပြောပြပေးပါလား?



ကျွန်တော်မှာ ယခုလက်ရှိ ချစ်သူရှိနေပါပြီခင်ဗျာ… ဒီရွှေထဲကပါပဲ… တီတီလေးမြူနှင်းမှုံပါ တီလေးကို ကျွန်တော်ရမ်းချစ်နေမိပါပြီ… ကျွန်တော်တို့ နှစ်ယောက်က တစ်ယောက်အပေါ်ကိုတစ်ယောက် သစ္စာရှိစွာနဲ့ ချစ်နေကြတဲ့ ချစ်သူနှစ်ဦးဆိုရင်လည်း မမှားပါဘူး.. အချစ်ဆိုတာ တစ်ကယ်ပဲ ပူလောင်ပါတယ်… ကျွန်တော်တီလေးကိုချစ်စိတ်နဲ့ အချိန်တိုင်းလည်းသတိရနေပါတယ်… တီလေးမျက်နှာပဲမြင်နေပါတယ်… အချိန်တိုင်းပဲတီလေးအသံလေးပဲကြားနေပါတယ်… ရူးလောက်အောင်ခံစားရပါတယ်… တီလေးနေမကောင်းဖြစ်မှာ ကိုလည်း  အရမ်းစိတ်ပူနေမိပြီး ကျွန်တော့်ကိုယ် ကျွန်တော်တောင် မပူပင်တော့တဲ့အတွက် အချစ်က ပေးဆပ်ခြင်းတွေ ရယူလိုခြင်းတွေနဲ့ အချစ်က မီးလို ပူမှန်းသိလျှက်နဲ့ တိုးဝင်မိမှတော့ ကျွန်တော်လည်း ၁၅၀၀ အချစ်ရဲ့ပူလောင်မဲ့ဒဏ်ကို ခံနိုင်အောင်ကြိုးစားရမှာပေါ့ခင်ဗျာ။ (ဟုတ်ကဲ့ပါ ရွှေမိသားစုကြီးကလည်း မောင်လေးစွန်ရဲ ချစ်ရတဲ့သူနဲ့ ညားတိုင်းချစ် ချစ်တိုင်းညားလို့ ဘ၀နဲ့ ဆန္ဒထပ်တူကျပါစေလို့ဆုတောင်းပေး လိုက်ပါတယ်ရှင်)


http://friends18.com/img/divider/0136.gifhttp://friends18.com/img/divider/0136.gif



 မောင်းလေးရဲ့အလုပ်အပေါ်ခံယူတဲ့ ကိုယ်ပိုင်ခံယူချက်လေးကဘာဖြစ်မလဲ?



ကျွန်တော် ဘာအလုပ်မဆို သေချာစဉ်းစားပြီးမှ လုပ်ပါတယ်… ပြင်လို့ရတဲ့အမှားမျိုးက ပြသနာမရှိပေမဲ့ ပြင်မရတဲ့အမှားမျိုးဆို ဘဝနဲ့ရင်းပြီး ပေးဆပ်ရမှာမို့  မအောင်မြင်ရင်နေပါ မကျဆုံးချင်ဘူး… ကျရှုံးခဲ့ရင်လည်း ခံနိုင်ရည်သတ္တိတွေရှိနေဖို့ ကျွန်တော့်ရင်ထဲထည့်ထားပြီးသားပါ… ရိုးရိုးသားသားနဲ့ ကြိုးစားလုပ်ကိုင်ပြီး ကိုယ့် အလုပ်အပေါ်သစ္စာရှိမယ်… တန်ဖိုးထားမယ်ဆိုရင်မအောင်မြင်စရာမရှိဘူးလို့ထင်ပါတယ်… ကံ က အလုပ်ဆိုပေမဲ့ ကံမရှိရင်ဥာဏ်ရှိတိုင်းမွဲ ဆိုတဲ့အဖြစ်မျိုးလည်း ရှိကြတာမျိုးမို့ ကံကိုယုံပြီးဆူးပုံတော့ မနင်း ပါဘူးခင်ဗျာ။


http://friends18.com/img/divider/0136.gifhttp://friends18.com/img/divider/0136.gif



 မောင်လေးရဲ့ အကြိုက်ဆုံးအရာလေးတွေ ဥပမာ- အစားအစာ၊ အရောင်နဲ့ ၀ါသနာပါတာလေးတွေကိုလည်း ပြောပြပေးပါအုံးရှင်။


ကျွန်တော် အကြိုက်ဆုံးအစားအစာရယ်လို့ မရှိပါဘူး… စားလို့ ကောင်းရင်များများစားလိုက်တာပဲ အရောင်ကတော့ အဖြူရောင်ကိုကြိုက်ပါတယ်… ဝါသနာကတော့ စက်ပြင်တာဝါသနာပါပါတယ်… ပြင်လည်းပြင်တတ်ပါတယ်… ဟိဟိ စက်ပျက်ရင်ပြောနော် ပြင်ပေးမယ် (အယ်အတော်ပဲ အိမ်မှာက ပျက်နေတာတွေအရမ်းများတယ် ဟိဟိ)  ဖုန်းတို့ ကွန်ပြူတာတို့ ပေါ့… ကျွမ်းမှကျွမ်းပါနော် ဟိဟိ…….။


http://friends18.com/img/divider/0136.gifhttp://friends18.com/img/divider/0136.gif



  နောက် အွန်လိုင်းပေါ်မှာ အွန်လိုင်းသူငယ်ချင်းတွေရဲ့ ခင်မင်မူအပေါ်မှာ ဘယ်လိုမြင်လဲ၊ အွန်လိုင်းခင်မင်မူကိုရော မောင်လေးအနေနဲ့ ယုံကြည်မူရှိရဲ့လား။



အွန်လိုင်ပေါ်က သူငယ်ချင်းက စာရေးထားတာနဲ့ အရင်ဖတ်ပြီး အကြာကြီး ခင်မင်ကြတယ်… နောက် ဖုန်းနဲ့ပြောရင်း ရင်းနှီးကြပြီး အပြင်မှာဆုံကြတယ်… အတူတူပါပဲ အပြင်မှာဆုံပြီးမိတ်ဖွဲ့ပြီးခင်တာနဲ့ အတူတူပါပဲခင်ဗျာ ယုံကြည်ပါတယ်ခင်ဗျာ။


http://friends18.com/img/divider/0136.gifhttp://friends18.com/img/divider/0136.gif



  ရွှေမြန်မာဥယျာဉ်လေးထဲမှာ မောင်လေးအနေနဲ့ အခင်ရဆုံး သူငယ်ချင်းများရှိရင် မိတ်ဆက်ပေးပါအုံးရှင်။



ရွှေမြန်မာဥယျာဉ်လေးထဲကိုစဝင်တော့ လေးလေးကလည်း နွေးထွေးစွာကြိုဆိုလို့ ခင်မင်ပါတယ်ခင်ဗျာ… ပေပေဂျီး(ကိုကျော်ရှိန်)ရယ်… ဥဥကြီး(ကြည်ပြာရောင်နှလုံးသား)ရယ်ကတော့ ကျွန်တော်နဲ့ ခင်မင်ရင်းနှီးဆုံးပါခင်ဗျာ… ကျန်တဲ့သူငယ်ချင်းတွေ လည်းအများကြီးရှိပါတယ် အားလုံးကိုခင်မင်ပါတယ် ခင်ဗျာ။


http://friends18.com/img/divider/0136.gifhttp://friends18.com/img/divider/0136.gif



စာပေတွေကို ဘယ်အချိန်လောက်မှာ စတင်လေ့လာဖတ်ရူ ရေးသားဖြစ်ခဲ့လည်း ဆိုတာလေးကိုလည်း ပြောပြပေးပါအုံးရှင်။



စာပေတွေဖတ်တာတော့ ငယ်ငယ်ကမဖတ်ပါဘူး… ကျွန်တော် မလေးကိုရောက်တာ ၆နှစ်ကျော်ပါပြီ… စရောက်တော့ အဖေါ်အပေါင်းမရှိတော့ အလုပ်အားချိန်မှာ စာအုပ်တွေပဲ အဖေါ်ပြုပြီးနေရင်းနဲ့  စာဖတ်တာကို ဝါသနာပါလာတာပါခင်ဗျာ… ဖတ်မှတ်ပြီး သိသလောက်လေးပဲ ပြန်ရေးဖြစ်ခဲ့တာပါခင်ဗျာ။


http://friends18.com/img/divider/0136.gifhttp://friends18.com/img/divider/0136.gif



  မောင်လေးအနေနဲ့ စာတွေကို အတော်စုံစုံလေး ရေးသားမျှဝေထားတာတွေ့မြင်ရပေမယ့် သတင်းလေးတွေကို အရေးများတာတွေ့ရတဲ့အတွက် သတင်းလေးတွေကို အများသိအောင်ပြန်မျှဝေရတဲ့ မောင်လေးရဲ့ ခံစားချက်ပီတိလေးကိုလည်းပြောပြပေးပါအုံး။



သတင်းလေးတွေကတော့ ဖေ့ဘုတ်မှာတင်ထားတာပဲဖြစ်ဖြစ် ကျွန်တော်ကြားသိရသလောက် မသိသေးတဲ့သူတွေကို မျှဝေပြီး ကိုယ်သိသလို သိစေချင်လို့ တင်ဖြစ်တာပါခင်ဗျာ… ကျွန်တော် သတင်းလေးတွေ တင်ပေးရတာလည်းပျော်ပါတယ်ခင်ဗျာ…  အလုပ်တစ်ဖက်ကလည်းရှိသေးတော့ အချိန်ကလည်းသိပ်မရပါဘူး… စာလည်း ဒါကြောင့် သိပ်မရေးဖြစ်တာပါခင်ဗျာ… သတင်းတွေကျတော့ အချိန်သိပ်မကုန်ဘူးလေ ဒါကြောင့်ပါခင်ဗျာ။


http://friends18.com/img/divider/0136.gifhttp://friends18.com/img/divider/0136.gif



  မောင်လေးရေးခဲ့ပြီးသား ပိုစ့်တွေအားလုံးထဲကမှ (ငါ့ဘ၀ရဲ့ဗုဒ္ဓဘာသာ) ဆိုတဲ့ ကဗျာလေးကို အစ်မဖတ်ရတာ သဘောကျမိတယ် အဲ့ကဗျာလေး ရေးဖြစ်ခဲ့ပုံနဲ့ မောင်လေးအကြိုက်ဆုံးနဲ့ အားရကျေနပ်မူရှိတဲ့ ပိုစ့်ခေါင်းစဉ်လေးတွေရှိရင်လည်း ပြောပြပေးပါအုံးရှင်။



ကျွန်တော်(ငါ့ဘဝရဲ့ဗုဒ္ဒဘာသာ) ကဗျာလေးကိုရေးဖြစ်ခဲ့တာက ကျွန်တော် ရင်ထဲမှာ ဒီကဗျာလေးကို ရေးဖို့အရမ်းထပ်သန်နေလို့ ရေးလိုက်တာပါ… ဒီကဗျာလေးက လူတိုင်းကိုလည်း ပညာပေးသလိုလဲဖြစ်တာပေါ့နော်… လူတိုင်းရဲ့ ရင်ထဲမှာလဲ အသိပိုပြီးရလာနိုင်လိုက်မယ်လို့ ရည်ရွယ်ချက်လေးနဲ့ ဒီပိုစ့်လေးကိုရေးလိုက်တာပါ ခင်ဗျာ… ကျွန်တော် အကြိုက်ဆုံးပိုစ့်လေးတွေထဲမှာ (ငါဘဝရဲ့ဗုဒ္ဓဘာသာ)ပိုစ့်လေးကိုကျွန်တော် အကြိုက်ဆုံးပါ   ခင်ဗျာ။


http://friends18.com/img/divider/0136.gifhttp://friends18.com/img/divider/0136.gif



အွန်လိုင်းအသုံးပြုနေကြတဲ့ ညီအစ်ကိုမောင်နှမတွေအပေါ်မှာ မောင်လေးအနေနဲ့ ပြောချင်တဲ့ စကားလက်ဆောင်လေးများရှိရင် ပြောပေးပါအုံး။



အွန်လိုင်းကတော့ အချိန်ရတဲ့သူတွေ၊ အလုပ်လုပ်ရင်း အသုံးပြုလို့ရနေကြသူတွေ၊ တမင် အွန်လိုင်းကိုသုံးရတာ ဝါသနာပါလို့ အမျိုးမျိုး ရှိကြပါတယ်ခင်ဗျာ… ညီအကိုမောင်နှမတွေကို စကားလက်ဆောင်လေးပေးချင်တာကတော့ ကိုယ်ပေးနိုင်သလောက်အသိတွေကို အွန်လိုင်းက မိတ်ဆွေတွေကိုမျှဝေပေးကြပါ… ကိုယ်မသိသေးတဲ့ တိုးတက်ကောင်းမွန်စေတဲ့ ပညာရပ်တွေအားလုံးကိုလည်း မိတ်ဆွေတွေဆီကပြန်ယူကြပါလို့ ပဲပြောတတ်ပါတယ်ခင်ဗျာ။


http://friends18.com/img/divider/0136.gifhttp://friends18.com/img/divider/0136.gif



လူ့ဘ၀မှာ တစ်ခါတစ်လေ လောကဓံတရားတွေကို ရင်ဆိုင်ကြရတဲ့အခါ ဘယ်လိုအသိစိတ်ကလေးနဲ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့သလဲ ဆိုတာလေးကိုလည်း အခက်အခဲနဲ့ရင်ဆိုင်ကြရသူ ရွှေညီအစ်ကိုမောင်နှမများ အားလုံးအတွက် မှတ်သားစရာ စကားလက်ဆောင်လေးအဖြစ် ပြောပေးပါအုံးရှင်။



လောကဓံတရားတွေကပျော်ရွှင်မူ့  ဝမ်းနည်းမူ့ ဘာပဲလာလာဖြစ်ပြီးရင်ပျက်ရမှာပဲမို့  ဖြစ်ပျက်ဆိုတဲ့တရားကိုပဲ နှလုံးသွင်းပြီး ကျော်ဖြတ်ရင်တော့အကောင်းဆုံးပေါ့ခင်ဗျာ… ဖြစ်သမျှအကြောင်းအကောင်းချည်းပဲဆိုပြီး အေးချမ်းတဲ့စိတ်မျိုးမွေးနိုင်ရင်တော့ နေတတ်ရင်ကျေနပ်စရာကြီးပါပဲလို့ ပြောချင်ပါတယ်ခင်ဗျာ။


http://friends18.com/img/divider/0136.gifhttp://friends18.com/img/divider/0136.gif



  မောင်လေးရဲ့ အမြဲလက်ကိုင်ထား ကျင့်သုံးခဲ့တဲ့ ဆောင်ပုဒ်လေးများရှိရင် ရွှေမိသားစုကြီးကို ပြန်လည်မျှဝေပေးပါအုံးရှင်။



ပျော်ပျော်နေသေခဲ မော်တော်နေရေထဲ ပါခင်ဗျာ ဟိဟိ…  ကိုယ်ကောင်းရင်ခေါင်းမရွေ့ဘူး ဆိုတာလေးပါ ကိုယ်သာအမြဲကောင်းနေပါစေ ကိုယ့်ပေါ်ကောင်းတဲ့သူနဲ့ပဲ ဆုံတွေရမှာပါ… မကောင်းတဲ့သူကလည်း သူ့အပြစ်နဲ့ သူသွားမှာပါခင်ဗျာ ကိုယ့်ဖက်ကသာ စိတ်နှလုံးသား ထာဝစဉ်ကောင်းနေပါလို့ ပြောချင်ပါတယ်ခင်ဗျာ။


http://friends18.com/img/divider/0136.gifhttp://friends18.com/img/divider/0136.gif



အစ်မမေးတာတွေလည်းများနေပြီဆိုတော့ မောင်လေးလည်း ဖြေရတာအတော်လေး မောနေလောက်ပြီးနော် ဒါကြောင့် နောက်ဆုံးမေးခွန်းလေးအနေနဲ့ ဆိုဒ်တည်ထောင်သူ ဥယျာဉ်မှူးလေးလေးကို မောင်လေးအနေနဲ့ ဝေဖန်အကြံပြုချင်တာလေးများရှိရင် ပြောပြပါအုံး။



ဥယျာဉ်မှူးလေးလေးက ဒီရွှေမြန်မာဥယျာဉ်ရဲ့ အကောင်းဆုံးမိဘသဖွယ် မိဘနေရာက နေပေးသူပါ ကျွန်တော်တို့ကို သားသမီးတွေလို လမ်းမှန်နဲ့ အသိပညာအတတ်ပညာတွေ ဖလှယ်ရင်း သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စေရလို့ ဘဝအမောတွေပြေစေခဲ့လို့ ဘဝလက်တွဲဖေါ်ကိုလည်း တွေ့ ဆုံခွင့်ပေးခဲ့လို့ အဖက်ဖက်ကနေ ကျေးဇူးတွေတင်နေတာပါခင်ဗျာ… မိဘကို ဘယ်သားသမီးကမှ ကောင်းသည် ဆိုးသည် ဝေဖန်ခွင့်မရှိပါဘူး… လေးလေးက ဝေဖန်အကြံပြုစရာမလိုအောင်ကိုလည်း နေတတ်သူပါခင်ဗျာ။


http://friends18.com/img/divider/0136.gifhttp://friends18.com/img/divider/0136.gif



အခုလို အင်တာဗျူးအစီအစဉ်လေးဖြစ်မြောက်လာအောင် အစ်မမေးမြန်းသမျှကို စိတ်ရှည်လက်ရှည်နဲ့ အချိန်ပေးပြီး ဖြေကြားပေးခဲ့တဲ့ မောင်လေးစွန်ရဲကို ရွှေမိသားစုကြီးအားလုံးကိုယ်စား အစ်မကနေ ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။



ဟုတ်ကဲ့ပါခင်ဗျာ ကျွန်တော့်ကို စိတ်ရှည်လက်ရှည် မေးမြန်းတဲ့ မမတောသူမလေးကိုလည်း ကျေးဇူးအရမ်းတင်ပါတယ်ခင်ဗျာ… အားပေးဖတ်ကြတဲ့ သူငယ်ချင်းတွေအားလုံးကိုလည်း ကျွန်တော် စွန်ရဲက ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ… ကိုယ်စိတ်နှစ်ပါးလုံး ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုတောင်းပေးပါတယ်ခင်ဗျာ။


http://friends18.com/img/divider/0136.gifhttp://friends18.com/img/divider/0136.gif


ရွှေမြန်မာဥယျာဉ်ထဲမှာ အပန်းဖြေကြတဲ့ ရွှေမိသားစုကြီးအားလုံးလည်း ဒီလောက်ဆိုရင် မောင်လေးစွန်ရဲနဲ့ တောသူမလေးတို့ရဲ့ ရွှေအင်တာဗျူး အမေးအဖြေလေးတွေကို ဖတ်ရူလိုက်ရလို့ အားလုံးပဲ ကျေနပ်ဝမ်းသာအားရမိကြမယ်လို့ ထင်ပါတယ်ရှင်။ နောက်အပတ်တွေမှာလည်း ဘယ်သူတွေက ဘယ်လိုလေးတွေမေးပြီး ဘယ်သူတွေက ဘယ်လိုလေးတွေ ဖြေကြအုံးမလဲဆိုတာကို စောင့်မျှော်ဖတ်ရူ အားပေးကြပါအုံးလို့ ပြောကြားရင်း ရွှေမိသားစုကြီးအားလုံးကို တောသူမလေးမှ နူတ်ဆက်လိုက်ပါရစေရှင်။

http://api.ning.com/files/pYBAAkeFRDrqdCrqK11RT5g0feyMi9cQgUYZ8TRprO3rpSChBj3ctn6aylMnHLsen6z9vMiJcPuy0EBAnO8VGA__/120.gif


http://friends18.com/img/divider/0136.gif
http://friends18.com/img/divider/0136.gif



ရွှေမိသားစုကြီးအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
 http://muchogustopanama.com/storage/thank-you.gif?__SQUARESPACE_CACHEVERSION=1332768842521
http://www.addcode.net/image/divider-images/divider-086.gif

No comments:

Post a Comment