Saturday, 5 January 2013

" ၃၈-ဖြာမင်္ဂလာတရာတော်"

၁။ ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ ၃-ပါး
၁။ အသေ၀နာစ ဗာလာနံ = လူဆိုးလူမိုက်ကို မမှီဝဲမပေါင်းသင်းရခြင်း
၂။ ပဏ္ဍိတာနဉ္စ သေ၀နာ = ပညာရှိလူလိမ္မာကို မှီဝဲပေါင်းသင်းရခြင်း
၃။ ပူဇာစ ပူဇနေယျာနံ = ပူဇော်ထိုက်သော သူတို့ကိုပူဇော်ရခြင်း
ဧတံမင်္ဂလမုတ္တမံ = ဤသုံးပါးသည် မြတ်သောမင်္ဂလာမည်၏။


၂။နေရေးထိုင်ရေးမင်္ဂလာ ၃-ပါး
၎။ ပတိရူပ ဒေသ၀ါသော စ = သင့်လျော်သောအရပ်၌နေရခြင်း
၅။ ပုဗ္ဗေစ တကပုညဘာ = ရှေး၌ပြုဖူးသော ကောင်းမှုအထူးရှိခြင်း
၆။ အတ္တသမ္မာပဏိဓိ စ = မိမိ၏ကိုယ်စိတ်နှစ်ပါးကို စောင်ထိန်းခြင်း
ဧတံမင်္ဂလမုတ္တမံ = ဤသုံးပါးသည် မြတ်သောမင်္ဂလာမည်၏။

၃။ သင်ကြားရေးမင်္ဂလာ ၄-ပါး
၇။ ဗာဟုသစ္စဉ္စ = လောကီလောကုတ် အကြားအမြင်များခြင်း
၈။ သိပ္ပဉ္စ = စက်မှုလက်မှုအတတ်တို့ကို တတ်ရခြင်း
၉။ဝိနယောစသူသိက္ခိတော = လူနှင့်ဆိုင်ရာကျင့်ဝတ်များကိုကောင်းစွာသင်ကြား နားလည်ခြင်း
၁၀။ သုဘာသိတာစ ယာဝါစ = အပြောအဆိုချိုသာယဉ်ကျေးခြင်း
ဧတံမင်္ဂလမုတ္တမံ = ဤလေးပါးသည် မြတ်သောမင်္ဂလာမည်၏။

၎။ ပြုစုရေးမင်္ဂလာ ၃-ပါး
၁၁။ မာတာပီတု ဥပဋ္ဌာနံ = မိဘ ၂ပါးကို လုပ်ကျွေးပြုစုခြင်း
၁၂။ ပုတ္တဒါရဿ သင်္ဂဟော =သားမယားတို့ကို တရားနှင့်အညီလုပ်ကျွေးခြင်း
၁၃။ အနာကုလာစ ကမ္မန္တာ =အနှောက်အရှက်ကင်းသော အလုပ်ကို လုပ်ကိုင်ခြင်း
ဧတံမင်္ဂလမုတ္တမံ =ဤသုံးပါးသည် မြတ်သောမင်္ဂလာမည်၏။

၅။ လိုက်နာကျင့်သုံးရေးမင်္ဂလာ ၄-ပါး
၁၄။ ဒါနဉ္စ =စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း
၁၅။ ဓမ္မစရိယာ =သုစရိုက်တရားကိုကျင့်ခြင်း
၁၆။ ဥာတကာနဉ္စသင်္ဂဟော =ဆွေမျိုးတို့အား ထောက်ပံ့ကူညီခြင်း
၁၇။ အန၀ဇ္ဇာနိ ကမ္မာနိ =အပြစ်ကင်းသော အမှုတို့ကိုပြုရခြင်း
တေံမင်္ဂလမုတ္တမံ = ဤသုံးပါသည် မြတ်သောမင်္ဂလာမည်၏။

၆။ ရှောင်ကြဉ်ရေးမင်္ဂလာ ၄-ပါး
၁၈။ အာရတီ = မကောင်းမှုမဖြစ်အောင် စိတ်ဖြင့်ရှောင်ခြင်း
၁၉။ ၀ိရတီပါပါ = မကောင်းမှုမဖြစ်အောင် ကိုယ်နှုတ်ဖြင့် ရှောင်ခြင်း
၂၀။ မဇ္ဇပါနာစ သံယမော = မှုးယစ်သေစာ မသောက်စားခြင်း
၂၁။ အပ၌မာဒေါစ ဓမ္မေသု = ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်း
ဧတံမင်္ဂလမုတ္တမံ =ဤလေးပါးသည် မြတ်သောမင်္ဂလာမည်၏။

ရ။ စိတ်ထားရေးမင်္ဂလာ ၅-ပါး
၂၂။ ဂါရဝေါစ = ရိုသေထိုက်သောသူတို့ကို ရိုသေရခြင်း
၂၃။ နိဝါတောစ =မိမိကိုယ်ကို နှိမ်ချရခြင်း
၂၄။ သန္တုဋ္ဌိစ = ရောင့်ရဲလွယ်ခြင်း(လောဘအပိုအလိုမလိုက်ခြင်း)
၂၅။ ကတညုတာ = သူတစ်ပါးကျေးဇူးကိုသိခြင်း
၂၆။ ကာလေနဓမ္မဿဝနံ = သင့်လျော်သောအခါ တရားနာခြင်း
ဧတံမင်္ဂလမုတ္တမံ = ဤငါးပါးသည် မြတ်သောမင်္ဂလာမည်၏။

၈။ သည်ခံရေးမင်္ဂလာ ၄-ပါး
၁၇။ ခန္တီစ =သည်းခံရခြင်း
၂၈။ သောဝစ္စဿတာ =ဆုံးမလွယ်ရခြင်း
၂၉။ သမဏာနဉ္စဒဿနံ =ရဟန်းသံဃာတို့အား ဖူးမျှော်ရခြင်း
၃၀။ ကာလေနဓမ္မသာကစ္ဆာ =သင့်လျော်သောအခါ တရားဆွေးနွေးခြင်း
ဧတံမင်္ဂလမုတ္တမံ = ဤလေးပါးသည် မြတ်သောမင်္ဂလာမည်၏။

၉။ခြိုးခြံချွေတာရေးမင်္ဂလာ ၄-ပါး
၃၁။ တပေါစ = ခြိုးခြံချွေတာခြင်း
၃၂။ ဗြဟ္မရိယဉ္စ = မြတ်သောအကျင့်ကို ကျင့်ခြင်း(မေထုန်မှရှောင်ခြင်း)
၃၃။ အရိယာသစ္စာနဒဿနံ = သစ္စာလေးပါးကို သိခြင်း
၃၄။ နိဗ္ဗာန သစ္ဆိကိရိယာစ = နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း
ဧတံမင်္ဂလမုတ္တမံ = ဤလေးပါးသည် မြတ်သောမင်္ဂလာမည်၏။

၁၀။ စိတ်ထားခိုင်ခံ့ရေးမင်္ဂလာ ၄-ပါ
၃၅။ ဖုဋ္ဌဿနကမ္ပတိ = လောကဓံတရားနှင့် တွေ့ကြုံသောအခါ၊
၃၆။ အသောကံ = မစိုးရိမ်ခြင်း
၃၇။ ၀ိ၇ဇံ = ကိလေသာမြူကင်းခြင်း
၃၈။ ခေမံ = ဘေးကင်းခြင်း
တံမင်္ဂလမုတ္တမံ = ဤလေးပါးသည် မြတ်သောမင်္ဂလာမည်၏။

မှတ်ချက်။ ။ ၁ မှ ၃၁ အထိ လောကီမင်္ဂလာ၊ ကျန် ၆-ပါး လောကုတ္တရာမင်္ဂလာ၊ ၁ မှ ၃၃ အထိ အကြောင်းမင်္ဂလာ၊ ကျန် ၅-ပါး အကျိုးမင်္ဂလာဟု မှတ်ပါ။

No comments:

Post a Comment