Monday, 21 January 2013

ကန်တော်မင်ကျောင်းဆရာတော် ဆုံးမစာများ

၁။ သူမကောင်းကိုခွာ၊ သူကောင်းကိုရှာ၊ သူတော်ဆုံးမနာ၊ သူ့နည်းမကျင့်ရာ၊ သူ့ထက်စောင့်စည်းပါ၊ သူကောင်းဖြစ်စိမ့်ငှာ၊ သူချစ်ရှစ်ချပ်ကြာ။

၂။ မပေးဘဲကို မလိုလင့်၊ မမေးဘဲကို မဆိုလင့်။ မခေါ်ဘဲကို မသွားလင့်၊ မမြိန်ဘဲကို မစားလင့်၊ မမှည့်ဘဲကို မဆွတ်လင့်၊ တိတ်တိတ်နေသော် ထောင်တန်၏၊ လူလိုက နတ်လိုကာ၊ လူကြိုက်က နတ်ကြိုက်ကာ၊ မပေါ့မလေး၊ မနှေးမလျင်၊ ရွှေချိန်ခွင်သို့၊ မတင်မလျော့၊ လှေဖောင်ဖော့သို့၊ မလျော့ပညာ၊ တံငါလုလင်၊ မျှားကြိုးငင်သို့၊ ပညာရှိမှ ခွင့်သိသည်။ လိမ္မာမှ စကားတတ်သည်၊ သူ့ကျေးဇူးကိုသိမှ စည်းစိမ်တည်သည်၊ လာမည့်ဘေးကို အဝေးကမြင်မှ အသက်ရှည်ရာသည်။


၃။ ဥစ္စာကိုလိုသော်၊ အမှီကောင်းကိုရှာ၊ ကိုယ်အနာလည်းကင်းလှစေ၊ မပျင်းဝီရိယ အားထုတ်ကြ၊ မာနဟူသည့် မှန်ကင်းထွက်ထိုးချ၊ ပုညရေးလည်း ကူမစေ၊ သုံးထွေစရိုက်မျှ၊ ယစ်သမျှဆင်ခြင်လေ၊ သဘင်ကြည့်ရူ နည်းလှစေ၊ လောင်းထွေကစားမှု ပျော်မှုဆင်ခြင်လေ။

No comments:

Post a Comment