Wednesday, 2 January 2013

တောသူမလေးနှင့် ရွှေအက်ဒမင် ဒီဇင်ဘာဘွိုလ်းလေးတို့၏ ရွှေအင်တာဗျူး

 http://www.addcode.net/image/divider-images/divider-097.gifhttp://www.addcode.net/image/divider-images/divider-097.gif

ရွှေမြန်မာဥယျာဉ်မှာ အပန်းဖြေကြတဲ့ ရွှေမိသားစုကြီးအားလုံး

 

ဒီတစ်ပတ် ရွှေမြန်မာဥယျာဉ်မှ အပတ်စဉ်ကျင်းပနေကြဖြစ်သော ကျွန်မတို့ ရွှေမြန်မာဥယျာဉ်ရဲ့ အင်တာဗျူးအစီအစဉ်ကဏ္ဍလေးကို ထပ်မံတင်ဆက်ဖို့ အချိန်ကျရောက်လာပါပြီ။ ဒီတစ်ပတ်မှာတော့ အင်တာဗျူးအစီအစဉ်လေးကို တောသူမလေးမှ တာဝန်ယူတင်ဆက်ပေးမှာဖြစ်ပြီး အင်တာဗျူးအတွက် ရွေးချယ်ထားသူလေးကတော့ဖြင့်  ဒီဇင်ဘာဘွိုလ်လေး လို့အမည်ရတဲ့ ရွှေမိသားစုဝင် အက်ဒမင်တစ်ဦးကို တောသူမလေးမှ ရွေးချယ်ပေးထားပါတယ်ရှင်။ ဒီလောက်ဆို ဖြေကြားပေးမယ့်သူရဲ့ နာမည်လေးကိုလည်း သိလိုက်ကြရပြီဆိုတော့ ရွှေမိသားစုအားလုံးလည်း အစ်ကိုဒီဇင်ဘာဘွိုလ်လေး နဲပပတ်သက်တဲ့ အကြောင်းအရာလေးတွေကို အားလုံးပဲ သိချင်နေကြပြီလို့ ထင်ပါတယ်။ ဒီတော့ ရွှေမိသားစုကြီးကိုယ်စား တောသူမလေးကနေ အစ်ကိုဒီဇင်ဘာဘွိုလ်လေးကို ရွှေမိသားစုကြီးအားလုံးကိုယ်စား မေးခွန်းလေးတွေမေးရင်း အင်တာဗျူး အစီအစဉ်လေးကို စလိုက်ကြရအောင်လားရှင်။



 

 အစ်ကိုရေ... မင်္ဂလာပါရှင့် ညီမလေးတို့ ရွှေမြန်မာဥယျာဉ်အတွက် အစ်ကို့ကို အင်တာဗျူးလေးမေးချင်လို့ပါအစ်ကို။


ဟုတ်ကဲ့ မေးပါခင်ဗျာ...





ပထမဆုံးအနေနဲ့အစ်ကိုရဲ့ နာမည်အရင်းလေးကို အရင်ဆုံး ရွှေမိသားစုကြီးသိရအောင် မိတ်ဆက်ပေးပါအုံးအစ်ကို။


ဟုတ်ကဲ့ ကျွန်တော့်နာမည် အရင်းလေးကတော့ ကိုဇော်ထွန်းပါ။




အစ်ကိုရဲ့ ယခုရောက်ရှိနေတဲ့ အသက်နဲ့ မွေးသက္ကရာဇ်လေးကိုလည်း ပြောပြပေးပါအုံးအစ်ကို။


အသက်ကတော့ ဟဲဟဲဟဲ…. ကိုကွန်ဆူးမားတို့ ကိုရဲဇော်တို့လောက်ပေါ့ဗျာ။ (အဖြေက လျှို့ဝှက်ချက်တွေနဲ့နော် ဟိဟိဟိ)





အစ်ကိုရဲ့ မိသားစုလေးနဲ့လည်း ရွှေမိသားစုကြီးကို မိတ်ဆက်ပေးပါအုံးအစ်ကို။

ဖေဖေရယ်၊ မေမေရယ်၊ အစ်ကိုရယ် သုံးယောက်တည်းပါ။




အစ်ကိုရဲ့ မွေးရပ်မြေနဲ့ ယခုလက်ရှိနေထိုင်နေတဲ့ နေရာလေးကိုလည်း ပြောပြပေးပါအုံးအစ်ကို။

အစ်ကိုက မန္တလေးမှာ မွေးပါတယ်… ဒါပေမယ့် အသက် ၆ နှစ်လောက်မှာ ရန်ကုန်ကို ပြောင်းလားပါတယ်၊ အခုလက်ရှိကတော့ မလေးရှားမှာအလုပ်လုပ်နေပါတယ်။



ယခုလက်ရှိ အစ်ကိုမှာ ချစ်ရသူ ဘ၀လက်တွဲဖော် ရှိမရှိနဲ့ ကိုယ်မျှော်မှန်းထားတဲ့ ဘ၀လက်တွဲဖော်ပုံစံလေးနဲ့ အချစ်အပေါ် အစ်ကိုရဲ့အမြင်လေးကိုလည်း ပြောပြပေးပါအုံးရှင်။

အစ်ကို့မှာ ချစ်ရတဲ့သူရှိနေပါပြီ၊ ကိုယ်မျှော်မှန်းထားတဲ့ ဘဝလက်တွဲဖော်ပုံစံကတော့ ဘာသာရေးကိုင်းရှိုင်းတဲ့သူဖြစ်ရမယ်၊ လူတိုင်းအပေါ်နားလည်တတ်ရမယ်ပေါ့။ အချစ်ကို ဘယ်လိုမြင်လည်းဆိုရင်ုတော့.... လူတွေကို... နူးညံ့တဲ့စိတ်နဲ့ ကြမ်းတမ်းတဲ့စိတ်ဆိုပြီး စိတ်နှစ်မျိုးကိုပေးနိုင်တဲ့ စွမ်းအားရှိတယ်လို့ အစ်ကိုမြင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ (တစ်ယောက်နဲ့ တစ်ယောက်ချစ်လို့ မဝခင်ကဆို နားလည်မှုတွေပေးတယ်၊ ခွင့်လွှတ်တယ်၊ သည်းခံတယ်၊ နူးညံ့တဲ့စိတ်ကိုဖြစ်ပေါ်စေတယ်၊ တစ်ခါတလေမှာ သဝန်တိုမှုတွေ၊ စိတ်သဘောထားလေးတွေ ကွဲလွှဲမှုလေးတွေဖြစ်လာပြီဆို ကြမ်းတမ်းတဲ့စိတ်ရိုင်းဝင် လာတတ်တယ်လို့အစ်ကိုမြင်တယ်လေ)




အစ်ကိုရဲ့ အကြိုက်ဆုံးအရောင်နဲ့ အစားအစာလေးတွေရှိမယ်ဆိုရင်လည်း ပြောပြပေးပါအုံးအစ်ကို။


အစ်ကို့ရဲ့ အကြိုက်ဆုံးအရာင်ကတော့ အဖြူရောင်၊ အဝါရောင် ဖြစ်ပြီး အစားအစာထဲမှာတော့ ကြေးအိုး၊ ဟော့ပေါ့ အသီးအရွယ်နဲ့ပြုလုပ်ထားတဲ့ အစားအစာမှန်သမျှ အကုန်ကြိုက်ပါတယ်။






ရွှေမြန်မာဥယျာဉ်လေးကို အစ်ကိုအနေနဲ့ ဘယ်လိုစတင်ရောက်ရှိလာပြီးအသုံးပြုဖြစ်ခဲ့တယ်ဆိုတာလေးကိုလည်း ပြောပြပေးပါအုံးအစ်ကို။


သူငယ်ချင်းတစ်ယောက်က ဖိတ်ခေါ်လို့ရောက်ရှိလာခဲ့တာပါ။




ရွှေမြန်မာဥယျာဉ်လေးထဲမှာ အစ်ကိုက လက်ရှိရွှေအက်ဒမင်အဖြစ် တာဝန်ယူဖြစ်ခဲ့ရပုံ လေးကိုလည်း ပြောပြပေးပါအုံးအစ်ကို။


ရွှေမြန်မာဥယျာဉ်လေးထဲမှာ အစ်ကို ရွှေအက်ဒမင်အဖြစ် တာဝန်ယူဖြစ်ခဲ့ရပုံလေးကတော့ ပထမ ရွှေအက်ဒမင်ဖြစ်တဲ့ ကိုရဲဇော်ကို (မလေး)က အစ်ကိုအလုပ်များလား အစ်ကို့အနေနဲ့ အချိန်နည်းနည်းပေးနိုင်မလားလို့ မေးပါတယ်။ အစ်ကိုလည်း ပေးနိုင်ပါတယ်… ဘာများကူညီပေး ရမလဲပေါ့… ဒါနဲ့ ကိုရဲဇော်ကို (မလေး)က အစ်ကိုကို ဆိုဒ်လေးအတွက် အက်ဒမင်အဖြစ် တာဝန်ယူပေးပါလားပေါ့… အစ်ကိုကလည်း ဖြစ်ပါ့မလား…. မလုပ်ဖူးတော့စိုးရိမ်စိတ်နဲ့ မေးမိပါတယ်.... ဖြစ်ပါတယ်… အစ်ကိုရယ်ဆိုပြီး… ကိုရဲဇော်ကို (မလေး)က ခဏလေးနော်… ကျွန်တော်မခိုင်လေးနဲ့ တိုင်ပင်ကြည့်လိုက်အုံးမယ်ဆိုပြီး သူတို့တိုင်ပင်ကြပြီးတော့... အစ်ကို့ကိုအက်ဒမင်အဖြစ်ခန့်လိုက်တာပါပဲ။




အစ်ကို ရွှေထဲမှာ အသုံးပြုနေတဲ့ (decemberboylay) ဆိုတဲ့နာမည်လေးကို ရွှေထဲမှာ စွဲမြဲစွာနဲ့ ဘယ်လိုရွေးချယ်အသုံးပြုဖြစ်ခဲ့တယ် ဆိုတာလေးကိုလည်း ပြောပြပေးပါအုံးအစ်ကို။


(decemberboylay) ဆိုတဲ့နာမည်လေးကို ရွှေထဲမှာ စွဲမြဲစွာနဲ့ရွေးချယ် အသုံးပြုဖြစ်ခဲ့တာကတော့ အစ်ကို့မွေးလက ဒီဇင်ဘာလ တစ်ရက်နေ့မှာ မွေးတယ်လေ အဲ့ဒါကြောင့် ဒီဇင်ဘာဆိုပြီး ရွေးဖြစ်သွားတာပါ နောက်ပြီး မိန်းခလေးနဲ့မှားပြီး အချက်ခံရမှာပဲဆိုပြီး တွေးမိလို့ နောက်ကနေ ဘွိုလ်းလေးဆိုပြီး ထည့်လိုက်တာပါ။(အော် အဲ့ဒီနာမည်ကို စဉ်းစားနေတာကြာပြီ ဒီလိုကိုးးး ဒီဇင်ဘာ တစ်ရက်နေ့ရောက်မှ လက်ဆောင်တွေပို့ပေးပါ့မယ်အစ်ကို ဆိုဒ်ထဲကပေါ့ ဟီး)




ညီမလေးက အစ်ကိုရဲ့ ထူးဆန်းထွေလာပိုစ့်လေးတွေကို ဖတ်ရူအားပေးနေတဲ့ ပရိတ်သတ်တစ်ဦးဖြစ်လို့ ရွှေမြန်မာဥယျာဉ်ထဲမှာ ထူးဆန်းထွေလာလေးတွေကို အများဆုံးရေးတင်တာလည်း တွေ့နေရတယ်ဆိုတော့ ဘယ်လိုစိတ်ကူးလေးတွေနဲ့ ရေးသားမျှဝေဖြစ်ခဲ့တယ် ဆိုတာလေးကိုလည်း ပြောပြပေးပါအုံးအစ်ကို။

အစ်ကိုပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ဘယ်ဆိုဒ်ထဲကိုမှ မဝင်ဖြစ်ဘူး၊ အားတဲ့အချိန် facebook ထဲမှာ သတင်းတွေဖတ်တယ်၊ ရှုခင်းလှလှလေးတွေ၊ ထူးဆန်းတဲ့ပုံလေးတွေ၊ ရှာဖွေစုသိမ်းထားခဲ့တယ်လေ၊ တစ်နေ့တော့သူငယ်ချင်းတစ်ယောက်က “ကိုဇော် ဒီဆိုဒ်လေးထဲကိုဝင်ကြည့်ပါလားဆိုပြီး လင့်လေးတစ်ခုပို့တာနဲ့ ဝင်ကြည့်လိုက်တော့ သူများတင်ထားတာတွေအများကြီးပဲ ဖတ်ရတာအားရကျေနပ်တယ်… ဒါပေမယ့် အစ်ကိုသိမ်းထားတဲ့ ထူးဆန်းတဲ့နေရာရှုခင်းလေးတွေ၊ ထူးဆန်းတဲ့ပုံရိပ်လေးတွေ တင်ထားတာနည်းနေတာ တွေ့ရတယ်လေ… နောက်ပြီး ရွှေဆိုဒ်လေးထဲက အပန်းဖြေနေတဲ့ မန်ဘာအပေါင်းအားလုံးကိုလည်း သိစေချင်တဲ့ ဆန္ဒလေးလည်းပါတာပေါ့လေ… အဲ့ဒါကြောင့်မျှဝေဖြစ်တယ်ဆိုပါတော့။ (ဟုတ်ကဲ့ပါအစ်ကို နောက်လည်း ထူးဆန်းထွေလာလေးတွေ ဆက်လက်မျှဝေပေးပါအုံး အားပေးနေပါ့မယ်အစ်ကို)





အစ်ကိုရဲ့ ယခုရှင်သန်နေရတဲ့ အကြောင်းလေးကိုလည်း ပြောပြပေးပါအုံးအစ်ကို။

အစ်ကို ယခုလက်ရှိ မလေးရှားမှာ အလုပ်လုပ်ရင်း မိဘတွေကို လုပ်ကျွေးနေပါတယ်… အားနေတဲ့အချိန်တွေမှာ ကွန်ပျူတာနဲ့ပတ်သက်တဲ့ ပညာများကိုလေ့လာနေသလို ဆိုဒ်လေးထဲမှာလည်း ပညာတွေအများကြီးရပါတယ်… ကျွန်တော်သည် ပညာရှင်တစ်ယောက်မဟုတ်ပါ… ဒါကြောင့် အက်ဒမင်တာဝန်ကို ထမ်းဆောင်ရင်း လေ့လာ ဆည်းပူးနေပါတယ်။ (ဟုတ်ကဲ့အစ်ကို ကြိုးစားပါ ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေ အောင်မြင်ပါစေအစ်ကို)





လူတိုင်းမှာ ဘယ်သူမဆို သူသူငါငါ ၀ါသနာကိုယ်စီရှိကြတယ်ဆိုတော့ အစ်ကိုရဲ့ ငယ်စဉ်ကတည်က ၀ါသနာပါပြီး စိတ်ကူးယဉ်ခဲ့ရတဲ့ အိပ်မက်လေးတွေကိုလည်း ပြောပြပေးပါအုံးအစ်ကို။

လူတိုင်းဝါသနာ ကိုယ်စီရှိကြတာ မှန်ပါတယ် … အစ်ကိုက အင်ဂျင်နီယာ တစ်ယောက်ဖြစ်ချင်ခဲ့တာပါ… ဒါပေမယ့်ဖြစ်မလာခဲ့ပါဘူး… အစ်ကို့ဘဝမှာ အခက်အခဲတွေ အများကြီးကြုံတွေ့ခဲ့ရပါတယ်။ (ရှေ့ဆက်ပြီး အစ်ကိုလျှောက်လှမ်းရမယ့်ဘ၀ခရီးလမ်းမှာ အခက်အခဲတွေကင်းဝေပါစေလို့ ဆုတောင်းပေးပါတယ်အစ်ကို)




ရွှေမြန်မာဥယျာဉ်လေးထဲမှာ စာရေးစာဖတ်နေကြသူ လူငယ်တွေအပေါ်မှာ အစ်ကိုရဲ့ အမြင်လေးကိုလည်း ပြောပြပေးပါအုံးအစ်ကို။


ရွှေမြန်မာဥယျာဉ်လေးထဲက စာရေးစာဖတ်ကြတဲ့ လူငယ်ရော၊ လူကြီးပါ တော်ကြပါတယ်..... ဒါပေမယ့် စာဖတ်သူအဖို့တင်ပြလာတဲ့ ပိုစ့်လေးတွေ ကိုသေသေချာချာအချိန်ယူပြီး ဖတ်စေချင်ပါတယ်ဗျာ.... အကုန်လုံးကိုတော့ ဆိုလိုခြင်းမဟုတ်ပါ ဗဟုသုတရစေမယ့်စာသား၊ ကိုယ့်အတွက်ပညာရစေမယ့် ပိုစ့်လေးတွေကိုပြောတာပါ။




အစ်ကိုအနေနဲ့ စာပေတွေကို ဖတ်ရူရာမှာ ဘယ်လိုစာပေတွေကို ရေးသားလေ့လာဖတ်ရူရတာ အားရကျေနပ်မူရှိသလဲ ဆိုတာလေးကိုလည်း ပြောပြပေးပါအုံးအစ်ကို။

အစ်ကိုကတော့ တင်လာသမျှစာတွေကို အကုန်ဖတ်ဖြစ်ပါတယ်… ဘာသာရေးဆောင်းပါး၊ ဗဟုသုတ၊ ပညာပေးဆောင်းပါးတွေ သတင်း၊ ဟာသ အဲ့ဒီထဲကမှဖတ်စရာကို ဖတ်လိုက်တယ်၊ မှတ်သားစရာရှိတာကို မှတ်သားသွားတယ်… ဒီဆိုဒ်လေးထဲက စာတွေကိုဖတ်ရတာ အားရကျေနပ်မှုရှိပါတယ်။




အစ်ကိုက ဘယ်ဘာသာကို ယုံကြည်ကိုးကွယ်ပြီး ဘာသာရေးစာပေတွေနဲ့ တစ်ခြားစာပေတွေအပေါ် ခံစားဖတ်ရူရတဲ့ ခြားနားချက် အစ်ကိုရဲ့ အတွေးအမြင်လေးကိုလည်း ပြောပြပေးပါအုံးအစ်ကို။

အစ်ကိုက ဗုဒ္ဓဘာသာဝင်တစ်ယောက်ပါ။ ဘာသာရေးစာပေတွေဖတ်ရတာ မှတ်သားစရာတွေ၊ အတုယူစရာတွေကြည့်ပွဲဖြစ်လို့ ဖတ်တယ်၊ မှတ်တယ်၊ အခြားစာပေတွေကတော့ ဖတ်လိုက်တာပဲ ဘယ်ဘာသာဝင်မဆိုပေါ့… ဖတ်သင့်တဲ့ ဆောင်ပုဒ်လေးတစ်ခုပါ… အစ်ကိုဖတ်ပြီးမှတ်ထားတဲ့ ဆောင်ပုဒ်လေးတစ်ခုရှိတယ် အဲ့ဒါဘာလဲဆိုတော့....

“ ကောင်းမှု့ကုသိုလ်တရားဆိုတာ”
စိတ်ပါလည်း လုပ်၊
စိတ်မပါလည်း လုပ်၊
အားရင်လည်း လုပ်၊
မအားရင်လည်း လုပ်၊
ဘာကြောင့်လည်းဆိုတော့...........
အိုတာလည်း မအားပဲအိုနေတာ၊
နာတာလည်း မအားပဲနာနေတာ၊
သေချိန်ကြတော့လည်း မအားပဲသေကြရမှာဆိုတော့၊
အားကိုးစရာ တရားစွမ်းအားဟာ.......
သမုဒ္ဒရာ ဝမ်းတစ်ထွာထဲကနေပြီး၊
လိမ္မာ ပါးနပ်စွာ ပြုလုပ်အားထုတ်ကြရမှာပါ။ ။
(ဟုတ်ကဲ့ ဒီဆောင်ပုဒ်လေးကို မှတ်သားထားပါ့မယ်အစ်ကို ကျေးဇူးပါရှင်)




အစ်ကိုရဲ့ဘ၀မှာ အရမ်းကို လေးစားအားကျအတုယူခဲ့ရတဲ့ ပုဂ္ဂိုလ်တွေရှိမယ်ဆိုရင် ဘယ်သူတွေဖြစ်ပြီး ဘယ်လိုလုပ်ဆောင်ချက်လေးတွေအပေါ် လေးစားဂုဏ်ယူရသလဲ ဆိုတာလေးကိုလည်း ပြောပြပေးပါအုံးအစ်ကို။

အစ်ကို့ရဲ့ဘဝမှာ အရမ်းကို လေးစားအားကျတာကတော့ အစ်ကိုတို့ လေးစားရတဲ့ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းပါပဲ၊ နောက်တစ်ယောက်က စာရေးဆရာ မင်းသိင်္ခ ဖြစ်ပါတယ်။ အရေးအသားပြေပြစ်တယ်… ဖတ်တဲ့သူကို အာရုံထဲမှာ စွဲသွားအောင် ရေးသားနိုင်တယ်။ အဲ့ဒီအချက်တွေကြောင့်လည်း အားကျတယ် လေးစားဂုဏ်ယူမိတယ်ဗျာ။




လူတစ်ယောက်ဖြစ်လာရင်တော့ အနဲနဲ့အများ လောကဓံတရားတွေကို ရင်ဆိုင်ဖြေရှင်းကြရတာဆိုတော့ အစ်ကိုအနေနဲ့ အခက်အခဲတွေကြုံတွေ့လာရတဲ့အခါ ဘယ်လိုစိတ်မျိုးနဲ့ ကျော်လွှားဖြတ်သန်းခဲ့တယ် ဆိုတာလေးကိုလည်း ရွှေမိသားစုကြီးအားလုံး သိရအောင် ပညာပေးအားပေးစကားအနေနဲ့ အတုယူရအောင် ပြောပြပေးပါအုံးအစ်ကို။

လောကဓံတရားတွေဆို လူတိုင်းရင်ဆိုင်ဖြေရှင်းကြရစမြဲပါ… အစ်ကို့အနေနဲ့ အခက်အခဲတွေ့ကြုံခဲ့ရင် ဦးစွာခေါင်းအေးအေးထားပြီး ဖြေရှင်းတတ်ပါတယ်။ ဒီလိုပဲလေ လူငယ်တွေလည်း အခက်အခဲတွေကြုံတွေ့လာရတဲ့အခါ လုပ်သင့်လုပ်ထိုက်တာကို အရင်လုပ်ကြပါလို့ ခေါင်းအေးအေးထားပြီးဖြေရှင်းကြရင် ပုဒ်စာတိုင်းမှာ အဖြေဟာရှိစမြဲပါ အဖြေမရှိတဲ့ ပုဒ်စာဆိုတာမရှိပါဘူးဗျာ။




အင်တာနက်ကို လူကြီးလူငယ်မရွေး အခုဆို လူတိုင်းလိုလိုအသုံးပြုလာကြပြီဆိုတော့ အင်တာနက်အသုံးပြုသူ ညီအစ်ကိုမောင်နှမတွေ အားလုံးအတွက် အစ်ကိုအနေနဲ့ ပြောပြချင်တဲ့ စကားလက်ဆောင်လေးများရှိရင် ပြောပြပေးပါအုံးအစ်ကို။


ဟုတ်ကဲ့… ခုခေတ်ကြီးထဲမှာ အင်တာနက်သုံးတာ ကောင်းတာလည်းရှိပါတယ်၊ မကောင်းလည်းရှိပါတယ်၊ ဒီနှစ်ချက်ရှိပါတယ် ကောင်းတာကတော့ ဗဟုသုတရတယ်၊ စာပေတွေ ကျမ်းမာရေး နည်းပညာ စသည့် ပညာမျိုးစုံကိုလေ့လာလို့ရပါတယ်… ညီမလေးရေ မကောင်းတာကတော့ တစ်ဦးနဲ့တစ်ဦး တိုက်နေတဲ့စာမျိုးတွေ ရိုးသားသူတွေကို ခုတုံးလုပ်၊ နည်းပညာရှင်တွေက အသုံးချပြီး ဖြတ်ညှပ်ဆက် လုပ်ပြီး အမျိုးကောင်းသားသမီးတွေ နာမည်တွေကိုဖျက်ဆီး နေကြတာတွေအများကြီးပါ... ဒါကြောင့် တလွှဲဆံပင်ကောင်းနေတဲ့ ပညာရှင်တွေ အသုံးချခြင်းမခံရအောင် သတိထားဖို့ ပြောခဲ့ပါရစေ ညီိမလေးရေ....




ရွှေမြန်မာဥယျာဉ်ထဲမှ အက်ဒမင်တွေရဲ့ လုပ်ဆောင်ချက်တွေအပေါ် အစ်ကိုရဲ့ အမြင်လေးကိုလည်း ပြောပြပေးပါအုံးရှင်။


ရွှေမြန်မာဥယျာဉ်ထဲမှ အက်ဒမင်တွေ အားလုံးဟာတော်ကြပါတယ်။ အဲ့ဒီ အထဲမှာ... အစ်ကိုမပါဘူးလေ...ဟိဟိဟိ.... (အားလုံးတော်တယ်လည်းပြောသေးတယ် အစ်ကိုဒီဇင်ဘာအလွတ်ပေါ့ ဟဲဟဲ စတာပါ အစ်ကိုလည်းတော်ပါတယ် အားပေးနေပါ့မယ်အစ်ကို)




အစ်ကိုရဲ့ ဘ၀မှာ အမြဲတမ်းလက်ကိုင်ထား ကျင့်သုံးခဲ့တဲ့ မှတ်သားစရာ`ဆောင်ပုဒ်´ လေးများရှိရင် ရွှေမိသားစုကြီးအတွက် စကားလက်ဆောင်လေးအဖြစ် ပြောပေးပါအုံးအစ်ကို။

အစ်ကို့ရဲ့ ဘဝမှာ အမြဲတမ်း လက်ကိုင်ထား ကျင့်သုံးခဲ့တဲ့ မှတ်သားစရာ “ဆောင်ပုဒ်” လေးကတော့ အစ်ကို့ဖေဖေ ပေးထားတဲ့ဆောင်ပုဒ်လေးပါ “ကြိုးစား၊ ကြိုးစား၊ ထပ်ခါတလဲလဲကြိုးစား ဘယ်တော့မှ လက်မြှောက်အရှုံးမပေးပါနဲ့တဲ့” ဘယ်ကိစ္စမဆိုပေါ့။




ညီမမေးတာတွေလည်း အတော်စုံသလောက်ရှိနေပြီဆိုတော့ နောက်ဆုံးမေးခွန်းလေး အနေနဲ့ ဥယျာဉ်မှူးလေးလေးကို ရွှေမြန်မာဥယျာဉ်အတွက် အစ်ကိုအနေနဲ့ ဝေဖန်အကြံပြု ပြောပြချင်တာလေးများရှိမယ်ဆိုရင် ပြောပြပေးပါအုံးရှင်။

ဟုတ်... မေးတာတွေဖြေနေရလို့ ရေပါသောက်ပြီးဖြေနေရတယ်... ဟိဟိဟိ ညီမလေးရေ... လေးလေးလို့ ဆရာတစ်ဦးကို အကြံပြုစရာမရှိသလောက်ပဲလေ လေးလေးဟာ တကယ်ကိုလေးစာတဲ့ ခေါင်းဆောင်တစ်ပါဦးပါ... ဒါကြောင့်… လေးလေး ဦးဆောင်မှု့အောက်မှာ အမြဲရှိနေမှာပါ...





အခုလို ညီမလေးလေးမြန်းသမျှကို မအားတဲ့ကြားကနေ စိတ်ရှည်လက်ရှည်နဲ့အချိန်ပေးပြီး ဖြေကြားပေးခဲ့တဲ့ အစ်ကိုကို ညီမလေးနှင့်အတူ ရွှေအက်ဒမင်းများအားလုံးနှင့် ရွှေမိသားစုကြီးအားလုံးမှ ကျေးဇူးအထူးပင်တင်ရှိပါတယ် အစ်ကို။


ဟုတ်ကဲ့ပါ ညီမလေးရေ... အခုလို မအားတဲ့ကြားကနေ မေးခွန်းလေးတွေမေပေးတဲ့ ညီမလေးရော အင်တာဗျုးလေးကိုအားပေးဖတ်ကြတဲ့ ညီမလေးအပါဝင် ရွှေထဲက တာဝနရှိသူများနှင့် ရွေညီအကိုမောင်နှမများအားလုံးကို အထူးကျေးဇူးတင်ပါတယ်ဗျာ။ ရွှေမိသားကြီးအားလုံးလည်းရွှင်လန်းချမ်းမြေ့ကြပါစေ။











ရွှေမြန်မာဥယျာဉ်ထဲမှာ အပန်းဖြေကြတဲ့ ရွှေမိသားစုကြီးအားလုံးလည်း ဒီလောက်ဆိုရင် အစ်ကိုဒီဇင်ဘာဘွိုလ်လေးနဲ့ တောသူမလေးတို့ရဲ့ ရွှေအင်တာဗျူး အမေးအဖြေလေးတွေကို ဖတ်ရူလိုက်ရလို့ အားလုံးပဲ ကျေနပ်ဝမ်းသာအားရမိကြမယ်လို့ ထင်ပါတယ်ရှင်။ နောက်အပတ်တွေမှာလည်း ဘယ်သူတွေက ဘယ်လိုလေးတွေမေးပြီး ဘယ်သူတွေက ဘယ်လိုလေးတွေ ဖြေကြအုံးမလဲဆိုတာကို စောင့်မျှော်ဖတ်ရူ အားပေးကြပါအုံးလို့ ပြောကြားရင်း ရွှေမိသားစုကြီးအားလုံးကို တောသူမလေးမှ နူတ်ဆက်လိုက်ပါရစေရှင်။

http://api.ning.com/files/pYBAAkeFRDrqdCrqK11RT5g0feyMi9cQgUYZ8TRprO3rpSChBj3ctn6aylMnHLsen6z9vMiJcPuy0EBAnO8VGA__/120.gif







ရွှေမိသားစုကြီးအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

  http://www.addcode.net/image/divider-images/divider-097.gifhttp://www.addcode.net/image/divider-images/divider-097.gif

No comments:

Post a Comment