Saturday, 2 February 2013

ဥပါသကာ ဥပါသိကာများအဖို့ သိင်္ဂါလောဝါဒသုတ်လာကျင့်ဝတ်များ


လူတို့ကျင့်ဝတ်များ

တလောကလုံး၊ ညွတ်ရုံးဦးချ၊
နှိုင်းမမျှသား။ ဘုရားရွှေစက်၊
ရောင်ပြိုးပြက်ကို၊ ဦးထက်တင်ထား၊
ရိုးညွတ်တွား၍၊ သားနှင့်အမိ၊
တပည့်စသည်၊ ပြုရာအံ့ဝတ်၊
ချွတ်မှုပါယ်ရွာ၊ လားမည်တကြောင့်၊
သုတ်ပါထေယျံ၊ ကျမ်း၌ပြသည်၊
လောကကျင့်ရာ၊ အကျဉ်းမျာပိမ့်၊
နတ်ရွာဖို့လုံးလုံး၊ ကျက်စေသော်။


သားသမီးကျင့်ဝတ် ၅-ပါး

ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊
မွေခံထိုက်စေ၊ လှူမျှဝေ၍၊
စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊
ကျင့်ဖွယ်သားတို့တာ။

မိဘကျင့်ဝတ် ၅-ပါး

မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊
အတတ်သင်စေ၊ ပေးဝေနှီးရင်း၊
ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင်၊
ဖခင်မယ်တို့သာ။

တပည့်ကျင့်ဝတ် ၅-ပါး

ညီညာထကြွ၊ ဆုံးမနာယူ၊
လာမှုကြိုဆီး၊ ထံနီးလုပ်ကျွေး၊
သင်တွေးအံရွတ်၊ တပည့်ဝတ်၊
မချွတ်ငါးခုသာ။

ဆရာကျင့်ဝတ် ၅-ပါး

အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊
သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊
သင့်ရာအပ်ပို့၊ ဆရာတို့၊
ကျင့်ဖို့ ၀တ်ငါးဖြာ။

လင့်ကျင့်ဝတ် ၅-ပါး

မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊
မိစ္ဆာမမှား၊ ၀တ်စားဆင်ယင်၊
မြတ်နိုးကြင်၊ ငါးအင်လင့်ကျင့်ရာ။

မယားကျင့်ဝတ် ၅-ပါး

အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊
မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊
ပျင်းရိမမှု၊ ၀တ်ငါးဆူ၊
အိမ်သူကျင့်အပ်စွာ။

မိတ်ဆွေကျင့်ဝတ် ၅-ပါ

ပေးကမ်းချီးမြင့်၊ ကိုယ်နှင့်ယှဉ်ထား၊
စီးပွားဆောင်ရွက်၊ နှုတ်မြွှတ်ချိုသား၊
သစ္စာမှန်စေ၊ ၀တ်ငါးထွေ၊
ကျင့်လေမိတ်သဟာ။

သခင့်ကျင့်ဝတ် ၅-ပါး

ဝစွာကျွေးမွေး၊ ပြုရေးစီရင်၊
နာလျှင်ကုစေ၊ ငှဝေရသာ၊
မချွတ်ငါးခုသာ။

ကျွန်ကျင့်ဝတ် ၅-ပါး

မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ခင်၊
ခင်မင်နှုတ်ချို၊ လိုလျှင်ဖိတ်ထား၊
တတ်အားလှူစေ၊ ၀တ်ငါးထွေ၊
ပြုပေဒါယကာ။

ရဟန်းကျင့်ဝတ် ၆-ပါး

မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လစ်
အသစ်ဟောကျူး၊ နာဖူးထပ်မံ၊
နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊
ရဟန်းမှု၊ ၆-ခု လွန်သေချာ။



အကြီးအကဲကျင့်ဝတ် ၆-ပါး

ထကြွ၊ နှိုးကြား၊
သနား၊ သည်းခံ၊
ဝေဖန်၊ ထောက်ရူ၊
ဤခြောက်ခု၊ ကြီးသူ့ကျင့်ရာ တရားတည်း။




အရပ် ၆-ပါး

အရှေ့မိဘ၊ တောင်မှဆရာ၊
အနောက်မှာထား၊ သားမယားနှင့်၊
မြောက်ကားမိတ်ဆွေ၊ အောက်ခြေ ကျေးကျွန်၊
ထက်မွန် ပုဏ္ဏာ၊ ရဟန်းများ၊
၆-ပါး ရပ်မျက်နှာ။

အလောင်းအလျာတို့ အလိုတော် ၆-ပါး

လောဘ၊ ဒေါသ၊
မောဟကင်းလို၊ တောခိုတဖြား၊
ဆိတ်ငြိမ်ရာသက်၊ ၀ဋ်မှထွက်၊
ခြောက်ချက် လောင်းချာအလိုတည်း။

အမြဲမပြတ် ဆင်ခြင်ရသော တရား ၅-ပါး

အိုခြင်းတဖြာ၊ နာခြင်းတထွေး၊
သေခြင်းတခြား၊ ကွဲပြားတတန်၊
ကံ့လျှင်ဥစ္စာ၊ ဤ ၅-ဖြာကို၊
မကွာနေ့ည၊ ဥာဏ်သက်ဝင်၍၊
ဆင်ခြင်ကြ
သေခြင်းတစ်ပါး၊ ဤတရားကား၊
စီးပွားမြားမြောင်၊ အကျိုးဆောင်လည်း
အိုအောင်အောက်မေ့ စီးဖြန်းကြ။



ကျမ်းသိင်္ဂါလ သုတ်ဝယ်ပြ သုံးလောကမြတ်ဆရာ။
ကျင့်ဝတ်မပြေ ပါယ်လေးထွေ လားလေရှည်မြင့်ကြာ။
ဤသည့်ဝတ်ကုန်ဆွေမျိုးစုံ ခြောက်ဘုံထက်နတ်ရွာ။

လှည်းဘီးပြင်က နားစောင့်ချသို့ မိဘနှင့်သား မယားနှင့်လင် အရှင်နှင့်ကျွန် ထေရိမွန်ဒကာ မိသဟာနှင့် ဆရာတပည့် တည့်တည့်မချွတ် ကျင့်ဝတ်စုံလင် ဖြူသန့်စင်မှု ရှင်လည်း မသွေ သေလည်းမကွာ နတ်ရွာ လူ့ပြည့် ခံစားမည်တည့် မတည့်ကျင့်ဝတ် ချွတ်သူတို့မှာ မလွတ်သာသည် လေးရွာဖို့လုံးလုံး လူဖြစ်ရူံး။

1 comment: