Tuesday, 5 February 2013

မုသားပြောသူအပြစ်၊ ရှောင်ခြင်းအကျိုးများ


မုသားစကား၊ ပြောဆိုငြားမှု၊ စကားမပီ၊ သွားမညီတည်း၊ ပုပ်ညှီပါးစပ်၊ ခြောက်ကပ်ကိုယ်ရေ၊ ဣနြေ္ဒနောက်၊ ပုံယွင်းဖောက်၏၊ မရောက်သြဇာ၊ နှုတ်လျှာကြမ်းသော်၊ လျှပ်ပေါ်လော်လီ၊ စိတ်မတည်သည်၊ ရှောင်ကြဉ်အပြန်အကျိုးတည်း။

မုသားပြောသူဟာ...

၁။ စကားမပီ၊ ဆွံ့အ၏

၂။ သွားများ မညီမညွတ်

၃။ အာပုပ်စောနံ၏

၎။ အသားအရေခြောက်ကပ်၏


၅။ မျက်စိ၊ နားစသော ဣနြေ္ဒများ နောက်ကျူကျူရှိ၏

၆။ ပုံပန်းမလှပ မပြေပြစ်

၇။ သြဇာအာဏာမတည်

၈။ နှုတ်အားကြမ်း၏

၉။ စိတ်ဓာတ်မတည်၊ လော်လီဖောက်ပြားတတ်၏။

မုသားရှောင်သူဟာ...

၁။ စကားပီသ ပြတ်သား၏

၂။ သွားများ ညီညာလှပ၏

၃။ အာခံတွင်းမွှေး၏

၎။ အာသားအရေ စိုပြည်၏

၅။ ဣနြေ္ဒများ ကြည်လင်ပြတ်သား၏

၆။ ပုံပန်းလှပ ပြေပြစ်သည်

၇။ သြဇာ အာဏာရှိ၏

၈။ နှုတ်ချိုသာ၏

၉။ စိတ်ဓာတ်တည်ကြည် ခိုင်မာ၏။

No comments:

Post a Comment