Saturday, 29 August 2009

စိတ်ဖိစီးမှု ပြေလျော့စွာ နေထိုင်နိုင်ဖို

့ဖြေ၀ါးလေးများအား စိတ်ဖိစီးမှု ပြေလျော့သွားစေရန် အောက်ပါအတိုင်း နှိပ်နယ်ပေးပါ။

(၁) ခုံတစ်ခုံပေါ်ထိုင်ပြီး ဘယ်ဒူးပေါ် ညာဖက်ခြေဖ၀ါးကို တင်လိုက်ပါ။ ဘယ်လက်ဖ၀ါးထဲမှာ ခြေဖနောင့်ကို ဆုတ်ထားပြီး ညာလက်မဖြင့် ခြေဖ၀ါး အချိုင့်လေးတွေ အနှံ့ ပွတ်သပ် ဖိနှိပ် ပေးပါ။ အဲဒီအခုံးအချိုင့် ခြေဖ၀ါးဟာ ကျောရိုးကို ပြေလျော့ စေပါတယ်။ စက်ဝိုင်းပုံ လှည့် ပတ်၍ ခပ်တင်းတင်းလေး ဖိပြီး ခြေဖ၀ါး အချိုင့်လေးအနှံ့  နှိပ်ပေးပါ။

(၂) ညာလက်မကို ခြေမရဲ့ အောက်တည့်တည့်နေရာ ခြေဖ၀ါးအား ဖိနှိပ်လိုက်ပါ။ အဲဒီနေရာ ဟာ အစာအိမ်နဲ့  ဆက်သွယ် နေပါတယ်။ ညာလက်မလေးနဲ့  ၄-၅ကြိမ်လောက် ၀ိုင်းပြီး နှိပ် နယ်ပေးရင် အစာကြေစေပါတယ်။

(၃) ဘယ်လက်လေးနဲ့  ညာခြေဖနောင့်ကို ဆုပ်ထားပြီး ညာလက်မကို အောက်ဘက်သို့  လျှောချလိုက်ပါ။ ဖြေ၀ါး အလယ် အတွင်းအပြင် ပွတ်သပ် ဖိနှိပ်နယ်ပါ။ ၅ကြိမ်ခန့်  ခပ်ဖိဖိ လေး စက်ဝိုင်းပုံ နှိပ်နယ်ပါ။

(၄) ဆက်လက်ပြီး ခြေဖ၀ါး အလယ်မှ အထက်အောက် ခြေဖနောင့် ခြေချောင်းလေးများ စုံ လင်အောင် နှိပ်နယ်ပါ။ အဲဒီ ကျယ်ပြန်တဲ့  နေရာကြီးက အူတွေနဲ့  သက်ဆိုင်ပြီး အစာကြေ လွယ်ပါတယ်။ ၀မ်းမှန်စေပါတယ်။

(၅) နောက်တစ်ဖက်ပြောင်းပြီး ညာဒူးပေါ် ဘယ်ခြေဖ၀ါးလေးတင်ပြီး ညာလက်နဲ့  ဘယ်ခြေ ဖနောင့်ကို ဆုပ်ကိုင်ထားပြီး ဘယ်ဘက် လက်မနဲ့  အမှတ်စဉ် ၁ မှ ၄ အထိ လုပ်သလိုပဲ နှိပ် နယ်ပေးနိုင်ပါတယ်။

No comments:

Post a Comment