
ကျွန်န်ုပ်တို့ နေထိုင်ရာကမ္ဘာတွင် ဟန်ဆောင်မှု များပြားလွန်းလှသည်။
မင်းသားခေါင်းဆောင်းထားသောဘီးလူးများများပြားလှသည်။အမှား သည်ပင်အမှန်ပုံစံဖြင့်သက်ဝင်လှုပ်ရှားနေကြသည်။၎င်းတို့အားသေ
ချာခွဲခြားမှုမပြုနိုင်လျှင်မိမိဘ၀တလျှောက်လုံးနောင်တများစွာပိုင်ဆိုင်
နေမည်။သာမန်လှုပ်ရှားသွားလာမှုတွင်ဟန်ဆောင်မှုသည်အရေးမပါ
လှသော်လည်း ဘ၀နှင့်ရင်နှီးလုပ်ကိုင်ရသောအခါ လူတစ်ယောက်
(သို့မဟုတ်) အဖွဲ့အစည်းတစ်ခုခုကိုများစွာဒုက္ခရောက်စေနိုင်ပါသည်။ လူသည်စိတ်ကွယ်ရာတွင် မိမိတို့၏ အတွင်းစိတ်တွင်ရှိသောအလုပ်ကို လုပ်တတ်ကြသည်မှာသဘာဝပင်ဖြစ်သည်။ထို့ကြောင့်လူတစ်ယောက် အရှေ့တွင်မည်မျှဟန်ဆောင်ကောင်းစေကာမူ စိတ်ကွယ်ရာတွင် မိမိ၏ အတွင်းစိတ်အတိုင်းလုပ်ကိုင်ဆောင်ရွက်ကြသည်က များပြားပေသည်။ ဒီလိုဟန်ဆောင်မှုတွေကတော့နေရာတိုင်းမှာ ရှိနေသာပါ။ ဒါပေမယ့် လူငယ်တွေအများစုကြုံတွေ့နေရတဲ့နှလုံးသားရေးရာကိစ္စတစိတ်သဒေသကို ဖော်ပြချင်သည်။
ယောကျာ်းလေးဘဲ ဖြစ်ဖြစ်မိန်းကလေးဘဲဖြစ်ဖြစ် ချစ်သူရှိလာလျှင်
ချစ်သူကြိုက်အောင် ဟန်ဆောင်တတ်ကြသည်။ ကားမောင်းသမားက
ကားပိုင်ရှင်ဟန်ဆောင်သည်။အိမ်ဖော်ကသူဌေးတူမဟန်ဆောင်သည်။ ပျက်ဆီးနေသောမိန်းကလေးကအပျိုစင်လေးကဲ့သို့ဟန်ဆောင်သည်။ ပကတိအနေအထားတိုင်းဆိုလျှင်ချစ်သူမချစ်မည်စိုး၍ဖြစ်သည်။အသိ
ဥာဏ်မရှိတဲ့လူမိုက်ကစာပေးဗဟုသုတပြည့်စုံတဲ့ပညာရှိယောင်ဆောင်သည်။ရက်စက်ကြမ်းကြုတ်တတ်တဲ့လူကလူလိမ္မာပုံဟန်ဆောင်သည် ။ ပကတိအခြေအနေကို မပြဘဲ၊ ဟန်ဆောင်သည့်အငှားအသွင်ကိုပြ၍ အချစ်ကိုရယူတတ်ကြသည်။နောင်အခြေအနေတွေလွန်ကုန်မှသူစရိုက်ကိုယ့်စရိုက်ကို တွေ့ပြီးစိတ်ဒုက္ခရောက်တဲ့ သူများလည်းများသည်။
ချစ်သူမိမိအားချစ်ကြိုက်လာမည်ဆိုပါကမည်သို့ဟန်ဆောင်ရဟန်
ဆောင်ရဟန်ဆောင်ကြသည်။ရုပ်ဝတ္ထုဟန်ဆောင်ခြင်းမှာအပြစ်မကြီးလှသော်လည်းစိတ်ထားကိုဟန်ဆောင်ခြင်းမှာအင်မတန်အရုပ်ဆိုးလှပါသည်။အဆိုးဆုံးမှာတကယ်မချစ်ဘဲချစ်ဟန်ဆောင်၍အပျော်ရည်းစားထားခြင်းပင်ဖြစ်သည်။
အချစ်လောကတွင် ဟန်ဆောင်မှုမကင်းသည်မှာ သဘာဝကျပါသည်။ သို့သော်တစ်ဖက်သားနစ်နာလောက်အောင်လိမ်လည်ဟန်ဆောင်ခြင်းမျိုးကိုတော့ ဆင်ခြင်သင့်ပါသည်။
တိတိကျကျပြောဆိုရမည်ဆိုလျှင် ၀ဋ်ဆိုတာလည်တတ်သည် ။
ထို့ကြောင့် မိမိတကယ်မချစ်ဘဲ ဟန်ဆောင်ချစ်ခြင်းသည်သံသရာတွင်
ပြန်ခံစားရမည်သာဖြစ်သည်။ဤသို့မဖြစ်အောင်လည်းကာယကံရှင်
များးအနေဖြင့်သေချာစိစစ်ပြီး ရွေးချယ်သင့်ပါသည်။ အထူးသဖြင့် မိန်းကလေးများ၏ အရှက်သည်အသက်ဖြစ်သည်။ ထို့ကြောင့်မိမိ၏ ချစ်သူသည်မိမိအားတကယ့်ချစ်မေတ္တာဖြင့်ချစ်နိုင်မှသာလျှင်ဘ၀အတွက်စိတ်ချရမည်ဖြစ်သည်။သို့မဟုတ်ပါကမေတ္တာအတုဖြင့်ကြုံတွေ့ရပြီး ဘယ်အချိန်ငါ့ကိုပြစ်သွားမလဲဆိုတဲ့စိုးရိမ်စိတ်ကိုသာပိုင်ဆိုင်ထားရမည်ဖြစ်သည်။ဒီတော့ကျွန်တော့်ကိုယ်တွေ့မဟုတ်သော်လည်းကျွန်တော့်ပတ်ဝန်းကျင်တွင် တွေ့နေရသော အဖြစ်အပျက်များကို
ဥပမာယူနိုင်ရန် ဖော်ပြလိုက်ပါသည်။
လွန်ခဲ့သော်(၂)နှစ်ခန့်မှစ၍ယနေ့ထိကျွန်တော်ကြုံခဲ့ဖူးသောအဖြစ်အပျက်များကို ဖောက်သည် ချပြရမလို ဖြစ်နေသည်။ ကျွန်တော်
ဘွဲ့လွန်သင်တန်းစတတ်တုံးကကွန်ပျူတာလေးတစ်လုံးကိုဝယ်ယူသုံးစွဲခဲ့ရပါသည်။ကွန်ပျူတာဆိုတော့လည်း အင်တာနက်လေး ချိတ်ထားမှ မဟုတ်လား။ နို့မဟုတ်ရင်ကွန်ပျူတာက ကက်ဆက်နားထောင်ဖို့နဲ့ ဗွီစီဒီကြည့်ဖို့သက်သက်လိုပါဘဲဖြစ်နေတာလေ။ ကွန်ပျူတာရှိတော့ ဘာဘဲဖြစ်ဖြစ်အဆင်ပြေတယ်မဟုတ်လား။စာလုပ်ချင်ရင် လုပ်ပေါ့။ အပျင်းပြေဂိမ်းကစားချင်ရင်လည်းကစားပေါ့။နောက်ဆုံးတစ်နေရာက
နေတစ်နေရာဆက်သွယ်ရာမှာဖုန်းအစားချက်(ခ့အေ)ကိုအသုံးပြုးပြီးအဆက် အသွယ်လုပ်လို့လဲရသေတယ်လေ။
ဒီတော့ ပေါင်းအသင်းလည်း စုံသာပေါ့။သူငယ်ချင်းတွေက ချက် (ခ့အေ)ထဲကတွေလိုပါဘဲတော်တော်များတယ်။ကျွန်တော့်သူငယ်ချင်းတွေကယောကျာင်္းလေးတွေရှိကြသလိုမိန်ကလေးတွေလဲရှိကြပါသည်။ ဒီလိုပါဘဲမြန်မာနိုင်ငံကသူငယ်ချင်းတွေရှိကြသလိုအမေရိကာ၊အင်္ဂလန်၊ထိုင်ဝမ်၊စင်္ကာပူ၊အော်စတြေးလျစတဲ့နိုင်ငံပေါင်းစုံကသူငယ်ချင်းတွေနဲ့လည်းပြောဖြစ်တယ်လေ။နောင်ဆုံးဆော်ဒီအာရေဗျမှာတောင်သူငယ်
ချင်းရှိသေးတယ်။
မည်သို့ပင်ဖြစ်စေကာမူ အပြင်မှာ မမြင်ဘူးပေမဲ့ အင်တာနက်ပေါ်တွင်
တော်တော်ကို ရင်နှီးခဲ့ကြသည်။တချို့ဆိုကိုယ့်ညီအကို၊မောင်နှမလိုဘဲ
တော်တော်ကိုရင်နှီးကြတယ်လေ။ဒီတော့သူတို့ကြုံတွေ့နေတဲ့ဘ၀အခက်အခဲတွေကိုလည်းကျွန်တော်ကိုတိုင်ပင်ကြသလိုဘာဆက်လုပ်
သင့်သလဲဆိုတာကိုလည်းမေးလေ့ရှိပါသည်။ဒီတော့ကျွန်တော့်ဖြတ်
သန်းလာခဲ့ရတဲ့ဘ၀ကရလာတဲ့အတွေ့အကြုံလေးတွေကိုကိုးကားပြီးဘာလုပ်ရင်တော့အဆင်ပြေလိမ့်မယ်ဆိုပြီးအကြံဥာဏ်ပေးဖြစ်ပါသည်။ ဒီတော့သူတို့ပြဿနာတွေထဲကအများဆုံးအဖြစ်များတဲ့နှလုံးသားရေးရာလေးဘဲ ထုတ်နုတ်တင်ပြလိုက်ရပါသည်။
အပျော်တမ်းရီးစားထားတယ်ဆိုတာကြာဖူးသလား။‘‘ရီးစားတစ်ထောင်၊လင်ကောင်းတစ်ယောက်‘‘ဆိုတဲ့စကားပုံကိုပင်မိန်းကလေးများကတမျိုးတွေးကြသည်။ရီးစားအယောက်တစ်ထောင်ထား၊ပြီးရင်လင်းကောင်းတစ်ယောက်ရမယ် ဆိုတဲ့လွဲမှားတဲ့အတွေးတွေ ရှိနေကြသည်။ အမှန်မှာရီးစားအယောက်တစ်ထောင်ထားဦးတော့လင်ကောင်းတစ်ယောက်ရဖို့မလွယ်ဘူးဆိုတာကိုသိသင့်ပါသည်။တကယ်တမ်းစဉ်းစာ
ကြည့်ရင်တော့အပျော်ရီးစားထားတယ်ဆိုတာမဖြစ်သင့်တဲ့ကိစ္စတစ်ခုပါ။
မိန်းကလေးတွေ အတွက်ဆိုပိုလို့တောင် မဖြစ်သင့်တဲ့ကိစ္စပါ။ ဘာဘဲဖြစ်ဖြစ်မိန်းမဆိုတာမိမိကိုယ်ကိုထိန်းသိမ်းနိုင်မှတော်ရာကြမယ်မဟုတ်လား။အခုတော့ အွန်လိုင်း (သညူငညန)မှာ အပျင်းပြေ ရီးစားထားနေတဲ့ မိန်းကလေးတော်တော်များများကို တွေ့နေရတော့ တော်တော်လေးစိတ်မကောင်းဖြစ်မိတယ်။ရှေးရှေးတုန်းကမြန်မာအမျိုးသမီးဆိုတာလမ်းလျှောက်ရင်တောင်ဆင်မယဉ်သာလျှောက်ကြတာလေ။မိန်းမတို့ဘုန်းဆံထုံဆိုတာလဲဒီလိုပါဘဲ။ဒါပေမယ့်ခေတ်ကာလတွေ
ပြောင်းလဲသွားတာကြောင့်ဆင်မယဉ်သာလမ်းမလျှောက်နိုင်တော့ဘူး။ ဆံထုံကိုရှည်ရှည်မထားနိုင်တော့ဘူး။ဒါတွေကိုနားလည်ပေးလို့ရပေ
မယ့်အပျော်တမ်းရီးစားထားတယ်ဆိုတာတော့ဘယ်လိုမှကိုနာလည်း
ပေးလို့မရဘူးလေ။မိန်းမဣနြေ္ဒလေးကိုတော့ထိန်းသိမ်းသင့်ပါသည်။ရီးစားအပျော်တမ်းထားတဲ့မိန်းကလေးတွေနဲ့ကျွန်တော်စကားပြောဖူးပါတယ်။ ကျွန်တော်အဲ့ဒီမိန်းကလေးကိုဘာလို့ရီးစားတွေအများကြီးထားတာလည်းဆိုပြီးမေးတော့‘‘နားငြီးလို့တဲ့။‘‘‘‘ချစ်တယ်ချစ်တယ်ဘဲလာလာပြောနေတော့နားငြီးလာတာနဲ့ချစ်တယ်လို့ပြန်ဖြေလိုက်တယ်တဲ့။‘‘ကျွန်တော့်က ချစ်သူထားတယ်ဆိုတာအားလုံးကို ချိန်ကိုက်ရတယ်ဆိုတဲ့ အကြောင်းရယ်။ ပြီတော့ နောက်မှအဆင်မပြေဖြစ်ရင် ဘာဘဲဖြစ်ဖြစ် နာမည် ပျက်မည်လို့ပြောခဲ့ပါသေးတယ်။
ဒါပေမယ့်သူပြောပုံလေးကရှင်းရှင်းလေးပါ။‘‘ကောင်းလေးကခက်မိုက်
မိုက်လေးမဆိုးပါဘူးတဲ့။ပျက်သွားတော့လည်းဘာဖြစ်လဲအပျင်းပြေ
ထားသာဘဲတဲ့။‘‘ကဲစဉ်းစားကြည့်ပါဦးမြန်မာအမျိုးသမီးလေးချစ်သူရွေးချယ်ပုံက ဒေါင့်စေ့တယ်နော်။ ကိုယ့်ဘ၀ နဲ့ကိုယ့်သိက္ခာကိုသူတို့မလို့ တန်ဖိုးမထားတတ်တယ်။ဘ၀မှာအမဲစက်ကြီးကျန်ခဲ့မယ်ဆိုတာသူတို့တကယ်မသိလို့လား။ဒါမှမဟုတ်သိသိကြီးနဲ့ဘဲဆက်မိုက်နေတာလား
စဉ်းတော့စဉ်းစား စရာတွေကြီးပါဘဲ။ နောင်တချိန် သူတကယ် နှစ်သက်တဲ့ယောကျာင်္းလေးနဲ့တွေ့ရင် အဲ့ဒီလူက ဒီမိန်းကလေး ရီးစားဒီလောက်အများကြီးထားခဲ့တယ်ဆိုတာခွင့်လွတ်နိုင်မလား။ ကျွန်တော်တော်တော်လေးစဉ်းစားမိသည်။တချို့လည်းရှိပါသေးသည်။ အပြင်တွင်လက်ရှိချစ်သူရှိနေပါလျှက်နှင့်သစ္စာမဲ့စွာချစ်သူထားတတ်ကြခြင်းဖြစ်သည်။တချို့ဆိုလျှင်အပြင်ကချစ်သူကိုပင်အကြောင်းအမျိုးမျိုး
ပြ၍ စွန့်ခွာကြသည်။
တချို့ဆိုလျှင် အပြင်တွင်မိဘများ သဘောတူထားပြီဖြစ်သည်။ ဘာကြောင့်အဲ့လို လုပ်တာလဲမေးတော့ အခုသူချစ်သူကအရင်ချစ်သူ
ထက် အစစအရာရာသာတယ်တဲ့။ကဲစဉ်းစားကြည့်ပါဦး။ တော်တော် ကြောက်စရာ ကောင်းပေသည်။ တစ်ခါတစ်လေစဉ်းစားမိသည် သစ္စာတရားဆိုတာအစစအရာပြည့်စုံတဲ့လူတွေအတွက်ဘဲလာလို့ပေါ့နော်။ဘာလို့လဲဆိုတော့ယောင်္ကျားလေးဘဲဖြစ်ဖြစ်မိန်းကလေးဘဲဖြစ်
ဖြစ် ကိုယ်ရဲ့ချစ်သူအဖြစ် ရွေးချယ်ကြတော့မယ်ဆိုရင်လူမှာရှိတဲ့ အရည်အချင်းတွေကို မကြည့်တတ်ကြတော့ဘူး။ ရုပ်ရည်လှပရဲ့လား။
မိဘတွေကကော ချမ်းသာရဲ့လား။ စသည့် အရေးမပါတဲ့ ရုပ်ဝတ္တု ဥစ္စာတွေကိုကြည့်ပြီး ရွေးချယ်မှုတွေလုပ်ကြတယ်။ နောက်ဆုံးတော့ စိတ်မချမ်းသာစရာတွေဘဲကြုံတွေ့ရတာဘဲလေ။
နောက် ဖြစ်စဉ်လေးတစ်ခု ရှိပါသေးတယ်။ မိန်းကလေးကစင်္ကာပုကပါ။ သူ့ဘယ်လိုလုပ်သင့်သလဲလို့ ကျွန်တော့်ကို မေးဘူးပါသေးတယ်။ ဖြစ်ပုံကဒီလိုပါ။ကောင်းလေးနဲ့ကောင်းမလေးအင်တာနက်ချက်ထဲမှာတွေ့ကြတယ်။ကောင်းလေးရဲ့ဓါတ်ပုံကိုတော့ကောင်းမလေးကာမြင်ဖူးတယ်။ ကောင်းမလေးရဲ့ ဓါတ်ပုံကိုတော့ကောင်းလေးကမမြင်ဖူးဘူး။ ဒီတော့ အချိန်တွေကြာလာတော့ သံယောဇဉ်တွေဖြစ်လာတယ်။
ကောင်လေးက ကောင်းမလေး ဖြူသမားမဲသလားဆိုတာ မသိဘဲနဲ့ ချစ်ရေးဆိုတယ်။တကယ်ချစ်ခဲ့တာပေါ့။ ဘာကြီးဖြစ်ဖြစ် ချစ်မယ်ဆိုပြီ။ နောက်တော့ကောင်မလေးကလည်းသူ့ကိုတကယ်ချစ်သာဘဲနေမှာပဲဆိုပြီးလက်ခံခဲ့တယ်။နောင်ဆုံးကောင်းမလေးရဲ့ဓါတ်ပုံလည်းမြင်ရောကောင်းလေးက ကောင်းမလေးကိုအဆက်အသွယ်မလုပ်တော့ဘူး။ ကျွန်တော်လည်းအသက်နိုင်ဆုံးကူညီပြီးကောင်လေးဆီဖုန်းဆက်ပေး
ပါသေးတယ်။ဒါပေမယ့်ဘယ်လိုမှကိုကြိုးစားပေးလို့မရခဲ့ဘူး။စဉ်းစား
ကြည့်ပါဦးနော်။လူတွေဘယ်လောက်အပေါ်ယံတွေကိုမက်မောလဲဆိုတာ။ကောင်းမလေးရဲ့အတွင်းစိတ်ထားကောင်းသာလေးတွေကို
သူမကြည့်ဘဲ။ ဘ၀ပေးကုသိုလ်ကံနည်းခဲ့တဲ့ အပေါ်မှာ ဒီကောင်လေး
ဒီလိုအနိုင်ယူသွားတာတော့ကျွန်တော်တော်တော်လေးစိတ်နာမိတယ်။ အစထဲကမချစ်နိုင်ဘူးဆိုရင်ဘာလို့ ချစ်တယ်လို့ ပြောခဲ့ရတာလဲ။ နောက် မိန်းကလေးကရိုးသားစွာနဲ့ သူအခြေအနေမှန်ကိုဖော်ပြတော့မှ အဆက်အသွယ်မလုပ်ဘဲဘာလို့နေရတာလဲ။ စဉ်းစားကြည့်ပါကိုယ်
ချင်းစာကြည့်ပါ။ ဒါမျိုးတွေကမလုပ်သင့်တဲ့ ကိစ္စတွေပါ။ ဒီတော့ မိမိကိုယ်ကိုတန်ဖိုးထားတတ်သလိုသူများကိုလည်းတန်ဖိုးထားတတ်ဖို့လိုသည်။
ဒီလို အပေါ်ယံတွေကို နှစ်သက်ပြီးချစ်သူအဖြစ်ရွေးချယ်နေကြတဲ့ထဲမှာ
တစ်ဦးကတော့ထူးထူးခြားခြားစိတ်ထားကိုကြည့်ပြီးမှန်ကန်သောရွေး
ချယ်မှုကိုလုပ်ခဲ့သည်။ အဲ့ဒီလူကတော့ တခြားသူမဟုတ်ပါဘူး။
ကျွန်တော့်ကို အကိုအရင်း တစ်ယောက်လိုခင်တဲ့ အင်တာနက်ထဲက ညီမလေးပါ။
ကျွန်တော်သူပြောသောစကားလုံးတွေကိုကြားယောင်မိတိုင်းကျက်သီးထမိသည်။ပြီတော့လေးစားမိသည်။အထင်ကြီးမိသည်။ ဘာကြောင့်
လည်းဆိုတော့ သူရဲ့ဖြူစင်ရိုးဖြောင့်တဲ့ စိတ်ထားကြောင့်ဖြစ်သည်။ သူက သူနဲ့သူ့ချစ်သူအကြောင်းကို ခဏခဏပြောပြတတ်တယ်။ သူက အမေရိကမှာနေသည်။ သူ့ ချစ်သူ ကောင်လေးကအင်္ဂလန်မှာ ဆန်းတော့ ဆန်းသည်။ သမုဒ္ဒရာတွေ ခြားနေတာချစ်သူဖြစ်ရတယ်လို့
ဆိုရင်ယုံတောင် မယုံကြည်စရာပါဘဲ။ ဒါပေမယ့်အခုကျွန်တော်ပြောခဲ့
တာတွေကတကယ်ဖြစ်ရပ်တွေပါ။သူမြန်မာနိုင်ငံမှာရှိစဉ်ထဲကသူချစ်သူနှင့်သူသိခဲ့သည်။ နောက်သူ အမေရိကရောက်တော့ သူ့ ချစ်သူက
သူ့ကိုချစ်ခွင့်တောင်သည်။နောက်ဆုံးသူ့ကိုတကယ်ချစ်ခဲ့တာသေချာမှအဖြေပေးခဲ့သည်ဟုဆိုသည်။တကယ်တမ်းကဒါတွေကအရေးအကြီးပါဘူး။ အရေးကြီးပြီးအတုယူချင်စရာလေး တစ်ခုကိုပြောပြပါမည်။ သူက အမှန်တိုင်းဝန်ခံသည်။
သူ့ချစ်သူက သိပ်အချောအလှထဲကမဟုတ်ဟုဆိုသည်။ အစကတော့ စိတ်ညစ်တယ်သူ့ချစ်သူကိုချစ်ရမှာကိုပေါ့နော်။ဒါပေမယ့်သူအရမ်းချစ်တယ်တဲ့။သူချစ်သူလောက် သူ့အပေါ်ချစ်တဲ့လူ ဒီကမ္ဘာပေါ်မှာ မရှိနိုင်တော့ဘူးတဲ့။ဒီတော့သူက ဘာပြောတယ်ထင်လဲ။ ညီမကတဲ့ ညီမချစ်သူဓါတ်ပုံလေးဆိုရင်နံနက်ထရင်တစ်ခါကြည့်တယ်။ကျောင်းကပြန်လာရင် တစ်ခါကြည့်တယ်။ အိပ်ယာဝင်ခါနီးရင်တစ်ခါကြည့်
တယ်တဲ့။ ပြီတော့ဒါငါ့ချစ်သူလေးပါလားဆိုပြီး ပီတိလဲဖြစ်တယ်တဲ့။
နောက်ကြာလာတော့သူချစ်သူလေးကိုအလှဆုံးလို့တောင်ထင်လာ
တယ်တဲ့။ ပြီးတော့သူချစ်သူထက် အစ၁၀၀ လှတဲ့သူ သူ့ကို ချစ်ခွင့်တောင်ခဲ့မယ်ဆိုရင်တောင်သူစိတ်မယိုင်သွားဘူးတဲ့။ ကဲစဉ်းစား
ကြည့်နော်။ ဘယ်လောက်
သစ္စာရှိတဲ့မိန်းကလေးလဲ။ ဖြူစင်တဲ့မိန်းကလေး တစ်ယောက်လဲ။ ခုထိသူတို့အစဉ်ပြေနေကြတုန်းပါဘဲ။သူတို့နှစ်ယောက်လက်ထက်ဖို့
ပြင်ဆင်နေကြပြီလေ။ဒီတော့စဉ်စားစေချင်ပါသည်။အချစ်သည်ရုပ်ပိုင်းဆိုင်ရာနှင့်ဓနဥစ္စာပေါ်မှာအခြေခံမှာလား။စိတ်ချမ်းသာမှုနဲ့သစ္စာတရားပေါ်မှာအခြေခံမှာလာဆိုတာသေချာခွဲခြားသိစေချင်ပါသည်။ထို့ကြောင့်စိတ်ချမ်းသာမှုလိုချင်ရင်တော့သစ္စာတရားနဲ့အခြေခံတည်ဆောက်မှ
ဖြစ်ပါမည်။ချစ်သူတို့ဘ၀တသက်တာမှာအချစ်ခိုင်မြဲဖို့သစ္စာရှိဖို့လို
အပ်ပါသည်။
အချစ်ကိစ္စတွင်အခုချစ်လိုက်အခုမုန်းလိုက်။တစ်ယောက်နှင့်အဆင်မ
ပြေလို့နောင်တစ်ယောက်ပြောင်ချစ်ဖို့ မလုပ်သင့်ပေ။တစ်ခါချစ်မိလျှင် တသက်တာချစ်မိဖို့ရည်ရွယ်ရမည်။အချစ်ကိုပျော်ပါးစရာကာလအခိုက်အတန့်အားဖြင့်စိတ်သာယာမှုရရန် မလုပ်သင့်ပေ။ မိန်းကလေးများ အတွက်ဆိုပို၍ပင်အရေးကြီးပါသည်။မိန်းကလေးတွေ၏ချစ်သူအပေါ်ယုံကြည်မှုကိုယ်စားမှုသည်တစ်ခါတစ်ခါအဆိပ်ဖြစ်တတ်သည်။ထို့
ကြောင့် သမီးရည်းစားဘ၀တွင် မိန်းကလေး၏စိတ်လွင့်မှု နှင့် ယောကျာင်္လေး၏ စိတ်လိုကြောင့်အမှောက်အမှားများဖြစ်တတ်သည်။ ထိုအခါနစ်နာရမည်သူမှာမိန်းကလေးပါ။လူယုတ်မာသစ္စာမဲ့သူတစ်ဦး
ကြောင့်အချစ်ကိုယုံစားမိသောမိန်းကလေးသည်ဘ၀ပျက်နိုင်ပါသည်။အွန်လိုင်း (သညူငညန)တွင်လည်း ချစ်သူများစိတ်မထိန်းနိုင် ၀ပ်ကမ်ပြ၍အလွန်အကျွံဖြစ်ခဲ့သည်များလည်းရှိသည်။မည်သို့ပင်ဖြစ်စေကာမူ အင်တာနက် နှင့် အပြင်လက်တွေ့ ဘ၀သည်
အတူတူပင်ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော်လူစိတ်ဓါတ်ကိုမျက်ဝါးထင်ထင်တွေ့နိုင်သောကြောင့်ဖြစ်သည်။ထို့ကြောင့်အင်တာနက်(သညူငညန)အွန်လိုင်းတွင်ရောအပြင်လောကတွင်ရောတတ်နိုင်သမျှစိတ်ထိန်းရန်လိုအပ်ပါသည်။
ဒီနေရာမှာ‘‘ယောကျာင်္းကောင်းမောင်းမတစ်ထောင်" ဆိုသည့်စကားပုံ
လေးကိုရှင်းပြချင်ပါသည်။ယောင်္ကျားကောင်းဟာမိန်းမတစ်ထောင်ယူရမှာ မဟုတ်ပါဘူး။အမှန်က ယောင်္ကျားကောင်း ယောကျာင်္းမြတ်ဟာ အလုပ်လုပ်ရင်မိန်းမတွေအယောက်တစ်ထောင်အလုပ်လုပ်သည်နှင့်ညီသည်။ တနည်းဆိုရလျှင်ယောကျာင်္းကောင်း၊ ယောကျာင်္မြတ်သည် မိန်းမ အယောက်တစ်ထောင်အား ရှာဖွေကျွေးမွေနိုင်သည့် စွမ်းရည်ရှိ
သည်ဟု ဆိုနိုင်သည်။ယောကျာင်္းကောင်းဟာမိန်းမတစ်ထောင်ယူလို့ ရသည်ဟူသော လွဲမှားသည့် အတွေးအခေါ်မျိုး မ၀င်သင့်ပေ။
ထို့ကြောင့်မိန်းကလေးတွေအနေဖြင့်မိမိရွေးချယ်ကြိုက်နှစ်သက်ရမည့်သူသည်ယောကျာင်္ကောင်း မောင်းမတစ်ထောင် ယောကျာင်္းမျိုး မဟုတ်ခဲ့ရင်တောင်မှမိမိအပေါ်သစ္စာရှိရှိချစ်နေမည့်ချစ်သူဖြစ်သင့်ည်။
မိမိချစ်သူသည်စာရိတ္တကောင်းမကောင်းသူ၊ယုတ်မာရက်စက်သူ၊ရာဇ၀တ်မကင်းသူ၊နောက်ကြောင်းမရှင်းသူ၊မလွတ်မလပ်သူမဖြစ်ရန်လိုအပ်သည်။
ထို့ကြောင့်ချစ်သူဖြစ်ထိုက်၊ရွေးထိုက်သောချစ်သူ၏ပဓာနဂုဏ်ရည်သည် မည်သည့်အရာဖြစ်သည်ကို စဉ်းစားသင့်သည်။ ရုပ်ရည်ရူပကာ၊ စည်စိမ်ဥစ္စာကအဓိကလား။စာရိတ္တကောင်းပြီးအရည်အချင်းရှိရမှာအဓိကလားဆိုတာစာဖတ်သူတို့ကိုယ်တိုင် ခွဲခြားစေချင်ပါသည်။
ထို့ကြောင့်စာဖတ်သူများအနေဖြင့်အယောင်ဆောင်ချစ်သူကိုချစ်နေမည့် အစားတကယ့်အရည်အချင်းရှိသော သစ္စာရှိသော ချစ်သူများ ရရှိနိုင်ပါစေလို့ဆန္ဒပြုလိုက်ပါသည်။
မိုက်မိုက်
ReplyDelete