အွန်လိုင်းမှာ အချစ်ဇာတ်လင်းခင်းမယ့်သူတွေနဲ့ အချစ်ဇတ်လမ်း ခင်းချင်တဲ့သူတွေ အတွက် ရည်စူးပြီး ရေးလိုက်တဲ့ ပိုစ့်ပါ။ အွန်လိုင်း အချစ်ဆိုတာ စိတ်ကူးယဉ် အရမ်းဆန်လွန်းတယ်။ အွန်လိုင်းမှာတစ် ယောက်အကြောင်းတစ်ယောက်မသိပဲနဲ့ချစ်ခွင့်ပန်ကြတယ်။အဖြေပေး
ကြတယ်။ဒါဟာအချစ်နဲ့ပါတ်သက်ပြီးရူးသွပ်မှုလို့လူတော်တော်များများက ပြောကြတယ်။
အချစ်ကိုကလေးကစားစရာလိုဆော့ကစားတာဟာနောက်ဆုံးမှာမိန်းခလေးတွေဘက်ကပဲနစ်နာတာများပါတယ်။ယောက်ကျားတဲ့......စားလို့ရရင် အကုန်စားမှာ ကျားတွေပဲနော်။
ပြောကြည့်ပါ။သင်သာမိန်းခလေးဆိုရင်....။ သူ့ကိုငါတကယ်မချစ်ပါဘူး၊ဒါပေမဲ့အပျော်သဘောနဲ့သူ့ကိုငါအဖြေပေးတယ်။သူနဲ့လည်းဘာမှအများကြီးမဖြစ်သေးပါဘူး၊ဘာကိုနစ်နာမှာလဲလို့ပေါ့။ ကျနော်က ယောက်ကျားလေးယောက်ကျားလေးဘက်ကပဲ ပြောမယ်။ရည်းစားများတဲ့မိန်းခလေးဟာမိန်းမကောင်းမဟုတ်တော့သလိုပတ်ဝန်းကျင်မှာလည်းသူ့ရှေ့မှာသာဘာမှမပြောပေမဲ့သူ့နောက်
ကွယ်မှာသူ့အကြောင်းနဲ့ပါတ်သက်ပြီးမကောင်းသတင်းတွေကမွှေးနေတာကိုလည်း သူမသိဘူးလေ။
ယောက်ကျားလေးဘက်ကကြည့်ကြရအောင်။ယောက်ကျားလေးဘက်က ငါ့မှာနစ်နာစရာမရှိဘူး။ကြုံတုန်း ကြောင်လိုက်အုံးမယ်ဟ ဆိုတဲ့ သူတွေများပါတယ်။မိန်းခလေးဘက်ကလည်း၊အွန်လိုင်းမှာပဲအပြင်မှာမဟုတ်ပါဘူး။ဘာမှမဖြစ်ပါဘူးဆိုပြီးအထာတွေပေးတော့ယောက်ကျားလေးဘက်ကအီစီကလီတွေလုပ်တော့တာပေါ့။ဒါပေမဲ့နောက်ပိုင်းမှတော့ တကယ်ချစ်သွားတဲ့သူအဲဒီ့အပေါ်မှာ သာယာသွားတဲ့သူ ကတော့ ခံစားရမှာမုချပဲ။တကယ့်အချစ်နဲ့နှစ်ဦးနှစ်ဖက်ချစ်ကြရင်အကောင်းဆုံးပေါ့။တကယ်တော့အချောင်ရရင်ဘာမဆိုလိုချင်ကြတာယောက်ကျာ
တွေပါ။
ကျနော့်မှာ အလုပ်အတူတွဲလုပ်နေတဲ့ -Computer Operator -တစ်ယောက်ရှိတယ်။သူက ဖိလစ်ပိုင်လူမျိုးပါ။ ကျနော်အခုပြောမှာ သူ့အကြောင်းကိုပြောမှာပါ။
အင်တာနက်သုံးတဲ့ သူတွေများသောအားဖြင့်က ချက်တင် မဝင်တဲ့သူ
မရှိသလောက်ရှားပါတယ်။အဲလိုပဲသူလည်းချက်တင်ကိုနေ့တိုင်းဝင်ပြီးတော့ကိုချက်တာ။အွန်လိုင်းမှာလက်ရှိသုံးယောက်နဲ့ကြိုက်နေတုန်းမှာပဲ
ဟောင်ကောင်က သူတို့ ဖိလစ်ပိုင်လူမျိုးကောင်မလေး တစ်ယောက်နဲ့ ငြိသွားတယ်။
အဲဒီ ဟောင်ကောင်က ကောင်မလေးကလဲ သူ့ကိုလုံးဝကိုကြွေနေတာ။
ကျနော့်သူငယ်ချင်းကလည်း ရုပ်ကဖြောင့်တာကိုး။ (သူတို့က yahoo
-ကိုပဲသုံးတော့ web cam -ကြည့်လို့ရတယ်နော်။)
အဲဒီကောင်မလေးကဘယ်လောက်တောင်ကြွေလဲဆို၇င်ချက်တင်မှာ
Typingရိုက်ပြီးပြောရတာ အားမရလို့ ည အိပ်ယာဝင် ရင်တစ်ခါ မနက်အိပ်ယာထရင် တစ်ခါ၊နေ့ခင်း အလုပ်လုပ်နေ့တဲ့ အချိန်မှာ တစ်ခါ၊ တစ်နေ့ သုံးခါကျနော့်သူငယ်ချင်းဆီကို ဖုန်းခေါ်ပါတယ်ခင်ဗျာ။ ကောင်မလေးကဘယ်လောက်တောင်ချစ်လဲဆိုရင်ကျနော့်သူငယ်ချင်းနဲ့ ချက်တင် ဝင်ရင်းနဲ့ သူ့အိမ်က အဖေ၊အမေတွေကိုပါ ခေါ်ပြီးတော့ သူ့ရဲ့ချစ်သူကျနော့်သူငယ်ချင်းနဲ့မိတ်ဆက်ပေးတယ်။နောက်ပိုင်းကျ
တော့ သူနဲ့ကောင်မလေး ချက်တင်ဝင်ရင်းနဲ့ကောင်မလေး နည်း2 busy -သွားရင် ကောင်မလေး အဖေအမေတွေနဲ့ပါ ခဏတစ်ဖြုတ်
ချက်တင်ဝင်ဖြစ်တာ ပုံမှန်လို ဖြစ်လာတယ်။
ယောက်ကျားလေးတစ်ယောက်ရည်းစားနှစ်ယောက်သုံးယောက်အ
ပြိုင်ထားတာအထူးအဆန်းမဟုတ်ပါဘူးလို့သင်ကကျနော့်ကိုပြောလိမ့်မယ်။ကျနော်ပြောဖို့မေ့နေလို့ပါ။သူ့မှာကလေးတစ်ယောက်နဲ့မိန်းမရှိတယ်နော်။ကလေးက အသက်တစ်နှစ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလကမှ ပြည့်သွားခဲ့တာပါ။
ကျနော်တို့တွေ သူ့ကိုတားကြပါသေးတယ်။ အဲလိုမလုပ်သင့်ဘူး၊ ဟိုမှာ
မင်းအကြောင်းသိသွားရင် အရမ်းခံစားနေရမှာ လို့ပြောပေမဲ့ သူက
သူ့ရည်ရွယ်ချက်နဲ့သူကိုး။နောက်မှသိလိုက်ရတာကသူကအဲဒီ့ကောင်မလေးဆီကနေဟောင်ကောင်ဝင်ခွင့်ဗီဇာနဲ့အဲဒီ့မှာလုပ်ဖို့အလုပ်တွေကိုတောင်ရှာခိုင်းထားပြီးပြီလေ။အဲဒီလိုနဲ့ သူနဲ့ အဲဒီကောင်မလေးတို့ ချစ်လာကြတာ သုံးလခွဲလောက်ကြာတော့သူငယ်ချင်းတွေ အားလုံးက မင်းမိန်းမနဲ့ကလေးကိုငဲ့ညှာပါကွာလို့အတန်တန်နားချတဲ့စကားတွေ
ကြောင့်အဲဒီ့ကောင်မလေးကိုသူ့ရဲ့အကြောင်းကိုအမှန်ကိုပြောပြခဲ့တယ်။ ကလေးတစ်ယောက်နဲ့ မိန်းမ ရှိတယ်ဆိုတဲ့အကြောင်းပေါ့။
ပထမပြောတုန်းကကောင်မလေးကမယုံဘူး။ဒါပေမဲ့နောက်ပိုင်းဓါတ်ပုံတွေပါပြတော့မှသူယုံသွားတယ်။ဒါပေမဲ့အဲဒီ့မှာတင်ဇာတ်လမ်းကပြီးသင့်နေပေမဲ့ ကောင်မလေးက တကယ့်ကို ချစ်သွားခဲ့တာဆိုတော့သူ့ခမျာ အရူးအမူးဖြစ်နေခဲ့တယ်။
နောက်ဆုံးကောင်မလေးကဘာပြောလဲဆိုတော့ အဲဒီသူ့ရဲ့မိန်းမထံ ပြန်မသွားပဲနဲ့သူ့ဆီကိုလာခဲ့ဖို့၊သူ့ဘက်ဗီဇာလုပ်ပြီးပို့လိုက်မယ်၊ဒီမှာအလုပ်ပါရှာထားပေးမယ်တဲ့။အခုထက်ထိတော့သူရဲ့အကြောင်းကို
အားလုံးသိနေတာတောင်အဲဒီကောင်မလေးခမျာအဆက်အသွယ်မ
ဖြတ်ပဲနဲ့ဖုန်းခေါ်တာကတစ်မျိုး၊ SMS messageတွေကတစ်ဖုံ၊chatting မှာချက်ကြတာတစ်မျိုးနဲ့အဆက်အသွယ်မပြတ်သေးတာဘယ်သူ့ဘက်က အပြစ်ရှိတယ်လို့သူငယ်ချင်းတို့ ထင်ကြပါလဲ။
ချစ်သူစုံတွဲတိုင်း အချစ်ကိုမဆော့ကစားပဲတကယ့်အချစ်စစ်အချစ်မှန်နဲ့
ချစ်ကြတဲ့ ချစ်သူစုံတွဲတွေသာ ဖြစ်ကြရင် ဒီလောကကြီးဟာ အရမ်းကို
သာယာကြည်နူးဖွယ်ကောင်းမှာပဲနော်။ အခုတော့..........။
မိန်းမဆိုတာ စိတ်ကွယ်ရင် ဘာကြီးဖြစ်နေပါစေ ကျူးလွန်တဲ့သူ ဆိုရင်
အချောင်ရရင် အကုန်လုပ်တာကတော့ ယောက်ကျားတွေလေ။
သူဌေးမိန်းမကဒရိုင်ဘာနဲ့ဖောက်ပြားတာဘာကြောင့်လဲ။အသက်ကြီး
နေတဲ့ဦးလေးကြီးတစ်ယောက်ရဲ့ မိန်းမ နောက်လင်ငယ်နေတာ ဘာကြောင့်လဲ။ ယောက်ကျား အဝေးမှာ ရောက်နေလို့ နောက်တစ်
ယောက်နဲ့ အဖော်ပြုနေတာဘာကြောင့်လဲ။ တကယ်တော့ မိန်းခလေးဘက်က ဖောက်ပြန်ဖို့ အခွင့်အရေးတွေပေးနေခဲ့ရင်တောင် မြင့်မြတ်တဲ့ ယောက်ကျားသာမှန်ရင်ရှောင်နိုင်အောင်ရှောင်ခဲ့ရမှာပေါ့။ အခုတော့ အများကြီးကို တွေ့နေခဲ့ရတယ်။
ခလေးသုံးယောက်နဲ့ မိန်းမ ရှိနေပေမဲ့ မြူဆွယ်တဲ့ မိန်းမနောက်ကို
ကောက်ကောက်ပါအောင်လိုက်သွားတဲ့သူတွေ၊ပိုက်ဆံမက်လို့လာမြူဆွယ်တဲ့ကောင်မလေးကို မရှောင်နိုင်ပဲ ဝင်တိုးခဲ့မိလို့ နောက်ဆုံး အေးချမ်းနေတဲ့မိသားစုလေးပြိုကွဲသွားရတာတွေဟာ နောက်ဆုံးမှာ ဘယ်သူ့မှာ အပြစ်ရှိလဲ။
တကယ်တော့ဘယ်သူမပြုမိမိမှုပါ။ကျနော်တို့ဗုဒ္ဓဘာသာအရကြည့်ရင်လည်း ဒု သ နသော ဆိုတဲ့ ကြောက်စရာ ငရဲဆိုးကြီးကိုဆင်းနေတဲ့ ယောက်ကျားတွေအခုဒီခေတ်ကြီးထဲမှာအများကြီးပါ။(ကျနော်အခုပြောနေတာတွေက သက်သေရှိပါတယ်။
သူတို့ရဲ့ အကြောင်းတွေကို နောက်ပိုင်းပိုစ့်တွေမှာ ရေးသွားမှာပါ။)
မိန်းခလေးတွေရဲ့ အချစ်ဟာ တဇွတ်ထိုးဆန်တယ်။ ချစ်ပြီးရင်
မပြောင်းလဲချင်ကြဘူး။အဲဒီမှာဘာဖြစ်လာလဲဆိုတော့သူတို့ချစ်မိတဲ့သူဟာမလွတ်မလပ်ကြီး ဖြစ်နေတာမျိုး၊ ဒါမှမဟုတ်သူတို့ကိုယ်တိုင်က မလွတ်မလပ်ဆိုတာမျိုး ဆိုရင် အားလုံးမှာ စိတ်ဆင်းရဲစရာတွေနဲ့ နှစ်ပါးရတော့မှာအပြင်ပတ်ဝန်းကျင်မှာလည်းအရှက်ရစရာ၊သံသရာမှာလည်း ငရဲရစရာ ကိစ္စတွေကို လုပ်ဖို့ကြိုးစားနေသလိုမျိုးဖြစ်နေပြီလေ။ အဲဒါကြောင့်မိန်းခလေးတွေအနေနဲ့
ကိုယ့်ဘက်ကသူ့ကို ဘယ်လောက်ချစ်ချစ် အဖြေကိုလွယ်လွယ်မပေးပဲ
သူ့အကြောင်းကိုသူ့ဆီကမဟုတ်ပဲတစ်ခြားသူဆီကအရင်သိအောင်စုံ
စမ်းသင့်ပါတယ်။မိန်းခလေးတစ်ယောက်ရဲ့ဘဝဆိုတာစက္ကူဖြူတစ်ရွက်လိုပါပဲ။ အစွန်းအထင်းမခံဘူး။မှားသွားတာကို ပြန်ဖျက်လို့ရပေမဲ့ အဲဒီ့အမှားကြီးကတော့ဘဝနဲ့တူတဲ့စာရွက်ဖြူလေးပေါ်မှာအမြဲတမ်းထင်ကျန်ရစ်နေမှာပါလေ။
ကိုယ်တကယ်အားကိုးလောက်တဲ့ ယောက်ကျားဆိုတာ ရှိတော့ ရှိတယ်ရှားသွားပါပြီ။မြင်တတ်အောင်ကြည့်ဖို့အရေးကြီးတယ်။ဒူးနဲ့မျက်ရည်သုတ်နေရတဲ့မိန်းခလေးတွေ ဒီလောကမှာ များလာပြီ။ဘဝဆိုတာ လုပ်ချင်တာတွေနဲ့ချည်းဖွဲ့စည်းထားတာမဟုတ်ပါဘူး။လုပ်သင့်တာတွေအတွက်ကိုလည်း ဦးစားပေးသင့်ပါတယ်။
လုပ်ချင်တာတွေချည်းလုပ်နေတဲ့သူဟာမဖြစ်သင့်တဲ့အမှားတွေနဲ့လုံး
ပန်းနေရတော့မှာလေ။ဘာပဲဖြစ်ဖြစ်ပါ။လုပ်ချင်တာထက်လုပ်သင့်တာကိုတစ်ခါတစ်လေမှာဦးစားပေးလိုက်ပါ။ အဲဒီ့အကျိုးကျေးဇူးကို
လက်ငင်းမစံစားရတောင် နောင်တစ်ချိန်မှာ မုချစံစားရလိမ့်မယ်။
နှစ်သက်လိမ့်မယ်လို့မျှော်လင့်ပါတယ်…..
xinleh မေးမှကူးယူဖော်ပြသည်။
No comments:
Post a Comment