Saturday, 29 August 2009

မြင်မြင်ချင်း အထင်ကြီး အားကျရတဲ့သူ ဖြစ်စေဖို

့၁။ ကေသာ ဒီဇိုင်း လန်းပါစေ

စတိုင်ကျသူ တစ်ယောက်၏ ပထမဆုံး လျှို့ ဝှက်ချက်သည် ကေသာ ဒီဇိုင်းပင် ဖြစ်သည်။ အားလုံးကောင်းပြီး ဆံပင် တစ်ခုထဲကို ဂရုစိုက်ဖို့  မေ့ကျန်ခဲ့လျှင် စတိုင်ကျဖို့  ကြိုးစား အားထုတ် ထားသမျှသည် အချည်းအနှီး ဖြစ်သွား ပေလိမ့်မည်။ လူ အများ ပထမ ဆုံး သတိပြုမိစေသော အရာမှာ ကေသာ ဒီဇိုင်းဖြစ်သောကြောင့် မိမိ ဆံပင်ကို ယုံကြည် အားကိုး စိတ်ချရ သော ဆံပင်ညှပ် ဆရာနှင့်သာ ညှပ်သင့်ပေသည်။ ဆံပင်ကို လေးပတ် တစ်ကြိမ် စစ်ဆေးပြုပြင်ဖို့  လိုအပ်သည်။

၂။ ကြည့်သာကြည့်ပါ

မကြာခဏ ဆိုသလို Shopping ထွက်ပေးပါ။ သို့ သော် Window Shopping (စိတ်ကူးဖြင့် ဈေးဝယ်ခြင်း) သာ ထွက် ပါ။ အသစ် ပေါ်တိုင်း အဆန်း ထွက်တိုင်း ၀ယ်ရန် မလို ပါ။ ဘယ်ဒီဇိုင်းတွေ ခေတ်စားနေလဲပြီလည်း ဆိုတာသာ သိရန် လိုအပ်သည်။ Window Shopping (၁၀) ကြိမ်ထွက်မှ (၁) ကြိမ်သာ ၀ယ်ရန်စဉ်းစားပါ။

၃။ ပစ္စည်းကောင်းသာ သုံးစွဲပါ။

ပစ္စည်းကောင်း ဆိုသည်မှာ မြင်ရုံနှင့် သိသာပါသည်။ လူတို့ သည် အကောင်း စား ၀တ်ဆင်ထားသူကို အကောင်းစား လူတစ်ယောက်သဖွယ် ထင်မြင် ဆက်ဆံ တတ်ကြ သည်။ အကောင်းစား ပစ္စည်းသည် ဟောင်းနွမ်းသွားလည်း အရည်အသွေး မလျော့ပေ။ ရေရှည်မခံသည့် အပေါစားပစ္စည်း သုံးမည့်အစား ရေရှည်လည်း ခံ၊ အရည်အသွေးလည်း ကောင်း၊ လူအများ လည်း အားကျမည့် အကောင်းစားကိုသာ သုံးစွဲပါ။

၎။ အ၀တ်အစားကို သေချာ ထိန်းသိမ်းပါ

ဝယ်ယူထားသည့် အ၀တ်အစားများကို ကောင်းစွာ စောင့်ရှောက် ထိန်းသိမ်းပါ။ သို့ မှသာ အကောင်းအတိုင်း ရှိနေ ပေလိမ့်မည်။ အင်္ကျီ ချိတ်လျှင် သစ်သား ချိတ်ဖြင့်သာ ချိတ်ပါ။ ကောင်းမွန်စွာ လျှော်ဖွပ်ပါ။ သေချာ သပ်ရပ်စွာ ခေါက်သိမ်းပါ။ မိမိ ၀တ်သည့် အ ၀တ်အစားကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ခြင်းသည် မိမိကိုယ်ကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ခြင်း ပင်ဖြစ်သည်။

၅။ ဖက်ရှင် ရေစီးကြောင်း မလိုက်ပါနဲ့ 

အပြောင်းအလဲ မြန်သော ဖက်ရှင် ရေစီးကြောင်း နောက်လိုက်ခြင်းသည် လူ ဖတ်ဖတ်မောပြီး ငွေကုန်ဖို့ သာ ရှိသည်။ ကိုယ့်အတွေး ကိုယ့်အမြင်ဖြင့် ကိုယ်ပိုင် ဖက်ရှင် တစ်ခု ဖန်တီးပါ။ ကိုယ် ဖန်တီးသည့် ဖက်ရှင် နောက်ကိုသာ ယုံကြည် ရဲဝင့် စွာ လိုက်ပါ။ စတိုင် ကျကျ ၀တ်ဆင်တတ်သူတိုင်းသည် ကိုယ်ပိုင် စတိုင် ဖက်ရှင် တစ်ခုစီ ပိုင်ဆိုင်ထား ကြသည်။

၆။ ကိုယ်ပိုင် ကိုယ်သင်းနံ့ 

မိမိအား ကိုယ်စားပြုသည့် ကိုယ်ပိုင် ကိုယ်သင်းနံ့  ထွက်ရန် ပြုလုပ်ပါ။ စိတ် ကြိုက် ရေမွှေး တစ်ခုခုနှင့် ရောပြီး သဘာဝ ကိုယ်သင်းနံ့  ထွက်ရှိအောင် ဖန်တီးပါ။

၇။ ပြင်ဆင်ပါ

စတိုင် လန်းသော လူတစ်ယောက်သည် ကြိုတင်ပြင်ဆင်ထားတတ်သည့် လူ တစ်ယောက်ပင် ဖြစ်သည်။ ဘယ်အချိန် ဘယ်ရာသီ ဘယ်ပွဲ၌ ဘယ် အ၀တ်အစား ၀တ်ဆင် ရမည်ကို ကြိုတင် စဉ်းစားထားပြီး ၀တ်ဆင်တတ်သော သူပင် ဖြစ်သည်။ ကာလံ၊ ဒေသံ အလိုက် လျော်ညီစွာ ၀တ်ဆင်တတ်ရန် ကြိုတင် စဉ်းစား ပြင်ဆင်ရပေမည်။

မေဇူး

No comments:

Post a Comment