သင်၏လျှာ၊ သင်၏ နှာခေါင်းနှင့် သင့် ဦးနှောက်တို့ ဖြင့်သာ အရသာနှင့် အနံ့ အသက်တို့ ကို ခံစားနိုင်သည်။ သင့်လျှာကို ထုတ်ပြီး မှန်ထဲတွင် ကြည့်ပါ။ သင့်လျှာပေါ်တွင် အဖုကလေး များကို တွေ့ မြင်ရလိမ့်မည်။ အဖုတစ်ခု ချင်း၏ အတွင်းထဲမှာ အလွန်သေးငယ်သော အဖု ကလေးများ တစ်ဒါဇင်ခန့်  ရှိသည်။ ထိုအရသာခံသော အဖု ကလေးများမှ နေပြီး အာရုံ ကြောသို့  အကြောင်းကြားကာ ထိုမှ တဆင့် ဦးနှောက်သို့  ပို့ သည်။
သင့်လျှာပေါ်၌ အရသာ ၄မျိုး ခံစားနိုင်သော အဖုကလေးများ ရှိကြသည်။ ထိုမတူညီသော အမျိုးအစားများသည် ခြားနားသော နေရာများ၌ တည်ရှိကြသည်။ လျှာအရင်းပိုင်းသည် အခါးအရသာရှိသော အစာကို ခံစားနိုင်သည်။ သင့်လျှာ၏၀ဲ၊ ယာ ဘေးအာနးတို့ သည် ချဉ်သော အရသာကို ခံစားနိုင်သည်။ အချိုနှင့် အငန် အရသာရှိသော အစာနှစ်မျိုးလုံးကို သင့်လျှာ၏ ဘေးဘက် အနားနှင့် လျှာဖျားနှစ်နေရာ၌ ခံစားနိုင်သည်။
ဤသည်မှာ မြည်းစမ်းခြင်း၏ အစပင် ဖြစ်သည်။ အထူး စီမံချက်ဖြင့် ပြုလုပ်ထားသော အစားအစာများ၏ ရနံ့ ကို သင့်နှာခေါင်း ဖြင့်သာလျှင် ခံစားနိုင်သည်။ အစားအစာ (ဟင်း) အရသာ ကောင်းမကောင်းသည် ထိုဟင်းလျာ၏ ရနံ့ သာလျှင် အဓိက ဖြစ်သည်။ သင် အအေးမိ၍ နှာခေါင်း ပိတ်နေပါလျှင် ဟင်းရနံ့  အနည်းငယ်ကိုသာ ရရှိပေတော့မည်။
No comments:
Post a Comment